BREAKING
November 4, 2025

သတင်း

မြိတ်တွင် မိုးသက်လေပြင်းကြောင့်သမ္ဗန်လှေ ၁၅ စီး နစ်မြုပ်

Dawei Watch

July 19, 2023

မြိတ်မြို့တွင် မိုးသက်လေပြင်းများကျရောက်သဖြင့် ဇူလိုင်လ ၁၈ နှင့် ၁၉ ရက် နှစ်ရက်တာအတွင်း သမ္ဗန်‌လှေ၁၅ စီးခန့် နစ်မြုပ်ခဲ့ရကြောင်း သမ္ဗန်‌ မောင်းနှင်သူအချို့က ပြောသည်။ မြိတ်ကမ်းနားလမ်းရှိ ဆားတံတား၊ ပြည်တော်သာတံတားနှင့် ဆိပ်ငယ်တံတားတို့ရှိ သမ္ဗန်‌လှေများ နစ်မြုပ်နေကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က မြုပ်တာ အစီးရေနည်းတယ်။ ညတုန်းက မိုးလေတအားကြမ်းတော့ မနေ့ကထက် မြုပ်တဲ့လှေပိုများတယ်။ အားလုံး ၁၅ စီးလောက်ရှိမယ်” ဟု ပြည်တော်သာတံတားရှိ သမ္ဗန်လှေမောင်းနင်သူတစ်ဦးက ပြောဆိုသည်။ ပင်လယ်ရေတက်သည့်အချိန်တွင်မိုးသက်လေပြင်းများကျရောက်ပြီး လေပြင်းကြောင့် လှိုင်းများပုတ်ခတ်လာသဖြင့် ကမ်းနားတစ်လျှောက် ကျောက်ချရပ်နားထားသည့် သမ္ဗန်လှေများ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။ “အရင်တုန်းက ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ အလွန်ဆုံး တစ်စီးစ နှစ်စီးစပဲ မြုပ်တတ်တာ။ ရေကလည်း လမ်းပေါ်အထိ တက်မြုပ်နေတာ” […]

ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် ဆုံးဖြတ်

Dawei Watch

July 19, 2023

ပီထာကို iTV ရှယ်ယာများပိုင်ဆိုင်ထားမှုနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ယနေ့ (ဇူလိုင် ၁၉) တွင် လက်ခံလိုက်ပြီးနောက် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အခြေခံဥပဒေခုံရုံးက နောက်ထပ်အမိန့်မချမှတ်ခင်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခံရမည်ဖြစ်သည်။ ယင်းအမှုကို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမတိုင်ခင် တစ်ရက်အလို ဇူလိုင်လ ၁၂ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးထံသို့ တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်က ပီထာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဟူသော စွပ်စွဲချက်ဖြင့် ခုံရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ Ref: Thai Enquirer, Khaosod English

မော်လမြိုင်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေကြီး၊ လူအချို့ပြောင်းရွှေ့နေရ

Dawei Watch

July 19, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး လူအချို့ပြောင်းရွှေ့နေရကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းမူ ဈေးကြို၊ မြိုင်သာယာ၊ သီရိမင်္ဂလာ၊ သီရိမြိုင်၊ စာရင်းကြီးကုန်း၊ ရွှေပြည်အေး၊ ရွှေပြည်စိုး၊ ဒိုင်းဝန်ကွင်း၊ ဇေယျာ ၁/၂/၃၊ သုခဝတီ အစရှိသည့် မြို့ပေါ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဆိုးရွားနေကြောင်း မြို့ခံတို့က ပြောသည်။ “မိုးက ဆက်တိုက်ကို ရွာနေတယ်။ အခုထိလည်း သည်းကြီးမဲကြီးရွာနေဆဲပဲ။ ရပ်ကွက်တွေမှာ မနေ့ညနေပိုင်းလောက်ကတည်းက ရေစဝင်နေတာ။ ဒီမနက်မှာတော့ ရပ်ကွက်အတော်များများမှာ ရေဝင်ကုန်တယ်။ လမ်းတွေမှာလည်း ရေတွေကျော်နေတော့ သွားလာဖို့လည်း အခက်အခဲရှိတယ်” […]

ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း ထပ်မံတင်သွင်း

Dawei Watch

July 19, 2023

ယနေ့ ထိုင်းလွှတ်တော်တွင် ကျင်းပနေသော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ဝန်ကြီးချုပ်လောင်းအဖြစ် Move Forward ပါတီခေါင်းဆောင် ပီထာကို ထပ်မံ အမည်စာရင်း တင်သွင်းလိုက်သည်။ သို့သော်လည်း အထက်လွှတ်တော်အမတ်နှင့် အတိုက်အခံပါတီ United Thai Nation ပါတီက လွှတ်တော်စည်းမျဉ်း စည်းကမ်းများနှင့် ဆန့်ကျင်နေကြောင်း ကန့်ကွက်ထားသည်။

တနင်္သာရီတိုင်း အစိုးရဖွဲ့ရုံးဝန်ကြီးအိမ်ရာ လက်နက်ကြီးဖြင့် ဒုတိယအကြိမ်ပစ်ခံရ

Dawei Watch

July 18, 2023

ထားဝယ်မြို့ထဲတွင်ရှိသည့် တနင်္သာရီတိုင်း အစိုးရဖွဲ့ဝန်ကြီးအိမ်ရာကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဇူလိုင်လ ၁၆ ရက် ည ၁၁ နာရီအချိန်တွင် ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါအဖွဲ့ကထုတ်ပြန်ခဲ့သည်။ ဇွန်လ ၁၆ ရက် ညည့်နက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံများ ကြားရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးကပြောသည်။ “အဲဒီနေ့က မိုးကလည်ရွာနေတယ်။ လက်နက်ကြီးသံကလည်း တစ်ဗုံးဗုံးဘယ်နားကျတယ်ဆိုတာသာမသိရတာ”ဟု၎င်းမြို့ခံတစ်ဦးကပြောသည်။ အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အထူးပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေနေစုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယင်းတိုက်ခိုက်မှုတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး ဦးစီးဌာနရုံးနှင့် ကမြောကင်းတံတား အနီးရှိ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများရှိသည့်နေရာကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း အထက်ပါနေရာများ တိုက်ခိုက်ခံရသေးသည်။ ယင်းတိုက်ခိုက်မှုပြီးနောက် တစ်လကျော်ကြာတွင် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခံရခြင်းလည်းဖြစ်သည်။

မနက်ဖြန် ဝန်ကြီးချုပ်ရွေးချယ်ပွဲမစခင် ပီထာကိုတိုင်ကြားထားမှု ခုံရုံးဆုံးဖြတ်မည်

Dawei Watch

July 18, 2023

ရွေးကောက်ပွဲကော်မရှင်က ပီထာကို iTV ရှယ်ယာပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် တိုင်ကြားမှုကို အခြေခံဥပဒေခုံရုံးက မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် လက်ခံမခံ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ခုံရုံး၏ ဆွေးနွေးပွဲသည် ဒုတိယအကြိမ် ဝန်ကြီးချုပ်အသစ်ခန့်အပ်ရန် လွှတ်တော်အတွင်း လွှတ်တော်အမတ်များ မဲပေးရွေးချယ်မှု မတိုင်မီ နာရီပိုင်းအလိုတွင် ဖြစ်ကြောင်း ဖော်ပြထားသည်။ ညွ့န်ပေါင်းပါတီ ၈ ပါတီကလည်း ပီထာကို ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံ အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ အကယ်၍ အခြေခံဥပဒေခုံရုံးက ရွေးကော်၏ တိုင်ကြားမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့ပါက နောက်ထပ် အမိန့်မချခင်အချိန်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းခံရနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။ ယင်းအမှုကို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမတိုင်ခင် […]

ကျိုက်ထိုတွင် မြေမြှုပ်မိုင်းနင်းမိပြီး ကလေးတစ်ဦးသေဆုံး

Dawei Watch

July 18, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်မှုနယ်မြေအတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ခရွဲကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးမှာ ဇူလိုင်လ ၁၃ ရက်နေ့က မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ကလေးက နွားကျောင်းရင်းနဲ့ မိုင်းနင်းမိပြီး သေဆုံးသွားတယ်။ ဒီဒေသမှာ တိုက်ပွဲတွေလည်းဖြစ်၊ လက်နက်ကြီးနဲ့ ပစ်၊ အခုဆို မိုင်းနင်းမိမှာလည်း ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။   မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခမရ (၂၀၇) တပ်ရင်း ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခြင်းဖြစ်ကြောင်း […]

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားသုံးဦးနှင့် အလုပ်ရှင်အား ပစ်သတ်ခဲ့သူကို ဖမ်းမိ

Dawei Watch

July 18, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် မြန်မာအလုပ်သမားသုံးဦးနှင့် ထိုင်းအလုပ်ရှင်တစ်ဦးတို့ကို သေနတ်ဖြင့် အချက်ရေများစွာ ပစ်သတ်သွားသော ထိုင်းနိုင်ငံသားတစ်ဦးကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၁၆ရက်နေ့က ချွန်ဖော်ခရိုင် ဆဝီဒေသ တောင်ခြေရှိ ရော်ဘာတောထဲတွင် ပစ်သတ်ခဲ့ပြီးနောက် သေနတ် သမားသည် ထိုင်းအလုပ်ရှင်၏ ပစ်ကပ်ကားကို ယူဆောင်ကာ စူရတ်ဌာနီခရိုင်သို့ ထွက်ပြေးလာခဲ့ကြောင်း ဆိုသည်။ ယင်းနောက် စူရတ်ဌာနီခရိုင် ကန်ကျနဒစ်ဒေသတွင် ကားမှောက်သဖြင့် ကားကို ထားခဲ့ပြီး ချိုင်ဘူရီဒေသသို့ သွားရောက် ပုန်းခိုနေခဲ့ကြောင်း ရေးသားထားသည်။ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် သေနတ်သမား၏ ဖုန်းစင်ကနယ်ကို ခြေရာခံကာ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် သွားရောက် ဖမ်းဆီးခဲ့ပြီး ချိုင်ဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ […]