BREAKING
November 5, 2025

သတင်း

ရန်ကုန်ဆေးရုံပို့ရမည့် ကလေးတစ်ဦး အရေးပေါ် အကူအညီလို

Dawei Watch

July 29, 2023

ဝမ်းဗိုက်အတွင်း အကြိတ်များပေါက်နေသည့် အသက် ၁၀ လအရွယ်ကလေးတစ်ဦး ရန်ကုန်ကလေးဆေးရုံးသို့ တင်ပို့ကုသရမည်ဖြစ်ရာ လူနာတင်ယာဥ်ဆီဖိုးနှင့် ဆေးကုသမှုစရိတ် အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ချစ်ကြည်ရေးပရဟိတအသင်း ထံမှသိရသည်။ မြိတ်ဆေးရုံသို့ တက်ရောက်ကုသခဲ့ပြီးနောက် ဆရာဝန်ကြီး၏ ညွန်ကြားချက်အရ ရန်ကုန်ကလေးဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူမှသာလျှင် အဆင်ပြေတော့မည် ဖြစ်သည်ဟု ယင်းအသင်းတာဝန်ရှိသူကပြောသည်။ “ကလေးက ဗိုက်မှာမဲပြီးညိုနေပြီ။ အကြိတ်တက်တဲ့ ဒဏ်ရာတွေကြောင့် သူ့မိဘက သာရမဲရွာကပါ။ အရမ်းဆင်းရဲကြတယ်။ လမ်းစရိတ်နဲ့ ဆေးကုသဖို့အတွက် ငွေဆယ်သိန်းကျော်လောက် အရေးပေါ်လိုနေပါတယ်”ဟု တာဝန်ရှိသူကပြောသည်။ ကလေးဆက်လက် အသက်ရှင်သန်ရေးအတွက် Kpay/Wavepay-09422457621 သို့ တတ်အားသရွှေ့ ပါဝင်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံကြောင်း ချစ်ကြည်ရေးပရဟိတအသင်းတွင် ရေးသားထားသည်။ ဆက်သွယ်လှူဒါန်းလိုပါကကိုဇော်ဇော်ထွေး  (09428760824)၊ ကိုစိုးကိုကို(09422457621)ကိုစိုးထက်နိုင်             (009252594543)၊ ကိုသူရိန်လွင် (09750281658) တို့နှင့် အသင်းရုံးတည်နေရာ-အမှတ်(98)ဆိက်ကမ်းရုံးလမ်း/ဆိပ်ငယ်ရပ်/မြိတ်မြို့သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

၇ လကြာ ပေါင်ရိုးကျိုးနေသည့် ကလေးအတွက် အရေးပေါ်ကုသစရိတ်လိုအပ်

Dawei Watch

July 29, 2023

ဆော့ကစားရာမှ ပေါင်ရိုးကျိုးသွားသည့် ကလေးငယ်တစ်ဦးမှာ ၇ လခန့်ကြာလာပြီဖြစ်သော်လည်း ကုသနိုင်ခြင်း မရှိသေးဘဲ အရေးပေါ်ခွဲစိတ်ကုသရန် စရိတ်လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ပေါင်ရိုးကျိုးသွားသည့် ကလေးငယ်မှာ အသက် ၁၂ နှစ်အရွယ်ရှိ မောင်လဝန်းအောင် ဖြစ်ပြီး ထားဝယ်မြို့ ဇလွန်းရွာ ၊ဒေါင်းရှောင်လမ်းရှိ စက်ရုံအနီး နေထိုင်သူဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလက ပေါင်ရိုးကျိုးသွားခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ ကုသနိုင်ခြင်းမရှိသေးပေ။ အရိုးကျိုးသွားသည်ကို နှိပ်ခိုင်းလိုက်ရာမှ ရောင်ကိုင်းလာသည့်အတွက် ဇူလိုင်လအတွင်း ထားဝယ်ဆေးရုံသို့ တင်ပို့ရာ ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ထားဝယ်တွင် ခွဲစိတ်ရန်အဆင်မပြေကြောင်း ဆေးရုံကပြောလိုက်သည်ဟု ၎င်းကဆိုသည်။ ကျိုးသည့်အရိုးမှာ အသားတွင် စိုက်နေသဖြင့် ဒဏ်ရာမှာ အလွန်ဆိုးရွားနေပြီး ရန်ကုန်သို့ မဖြစ်မနေသွားရောက် ကုသရန် လိုအပ်နေဟု မူလက သိရှိထားသော်လည်း ထပ်မံသိရှိရသည့် အချက်အလက်များအရ ကင်ဆာဖြစ်ပွားနေသည်ကို စစ်ဆေးသိရှိထားရကြောင်း […]

ကင်းလှည့်ရန်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

Dawei Watch

July 29, 2023

ထားဝယ်မြို့နယ်၊ ပကာရီရွာလမ်းဆုံအနီးတွင် ဇူလိုင်လ ၂၈ ရက် ည ခုနှစ်နာရီဝန်းကျင်ခန့်က ကင်းလှည့်ရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရသည်ဟု ဒေသခံများထံမှသိရသည်။ ယင်းနေ့ညနေ ခြောက်နာရီခွဲခန့်တွင် ပကာရီရဲစခန်းမှာ ထွက်လာသည့် စစ်ကောင်စီတပ်သားလေးဦးခန့်မှာ ပကာရီလမ်းဆုံအနီး ချောင်းပစ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဘောလုံးကားတွေကို တားတဲ့အဖွဲ့ လေးငါးခြောက်ယောက်လောက်ရှိမယ်။ ချောင်းပစ်ခံလိုက်ရတယ်”ဟု ၎င်းဒေသခံကပြောသည်။ ယင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။ အထက်ပါပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ လဲကျသေဆုံးနေသည့် အလောင်းကို ည ဆယ်နာရီဝန်းကျင်ခန့်တွင် လာရောက်သယ်ယူ သွားပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် စစ်ကောင်စီတပ်က ထပ်မံပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆက်ပြောသည်။ ယင်းဖြစ်စဉ်ကြောင့် ယနေ့မနက်ပိုင်းတွင် ဒေသခံအချို့အပြင်မထွက်ရဲကြတော့ပေ။ “ခုထိအပြင်မထွက်ရဲသေးဘူး။ ညက ပစ်တာခတ်တာတွေ ဖြစ်ထားတော့လေ”ဟု အခြားပကာရီရွာသူ အမျိုးသမီးတစ်ဦးကပြောသည်။ ပကာရီစခန်းသည် ခုခံတော်လှန်စစ်စတင်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ […]

မိုးများ၍ ထားဝယ်မြို့သစ်တွင် ရေကြီး

Dawei Watch

July 29, 2023

ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညက‌စပြီး ယ‌နေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်တင့်မှ အားကောင်းလာသည့်အတွက်ကြောင့် တနင်္သာရီတိုင်း‌ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ယနေ့မွန့်တည့်အချိန်ထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။ ထားဝယ်မြို့နယ်အတွင်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ဇမ္ဗူသီရိအဖွဲ့တွင် ရေဘေးကယ်ဆယ်ရေး ဖွင့်လှစ်ထားပြီး လာရောက်တည်းခိုနေထိုင်နိုင်ကြောင်းဇယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 28, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကမ္ဘာ့အပူချိန် အမြင့်ဆုံးရောက်နေပြီဟု ကုလသမဂ္ဂဆို ကမ္ဘာကြီး ပူနွေးလာနေတယ်ဆိုတဲ့ ခေတ်က မရှိတော့ဘဲ တစ်ကမ္ဘာလုံး ဆူပွက်နေအောင် အပူချိန်မြင့်မားတဲ့ခေတ်ကို ရောက်နေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုလိုက်ပါတယ်။ ဒါကို ဇူလိုင် ၂၇ ရက်နေ့က ပြုလုပ်တဲ့ နယူးယောက်က ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။ ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ ထုန်ပြန်ချက်အရ အခု ဇူလိုင်လက မှတ်တမ်းတင်ဖူးသမျှထဲမှာ အပူဆုံးလ ဖြစ်နေခဲ့ပါတယ်။ ဇူလိုင်လဟာ မှတ်တမ်းတင်ဖူးသမျှထဲ အပူဆုံး ၃ ပတ်ကြာ ကာလကို ဖြတ်ကျော်ခဲ့ပြီး စံချိန်တင် အပူဆုံး ၃ရက်လဲ ပါနေခဲ့ပါတယ်။ […]

ထားဝယ်ရေနက်ဆိပ်ကမ်းဒေသက ပစ်ခတ်မှုများတွင် နှစ်ဖက်ထိခိုက်ကျဆုံး

Dawei Watch

July 28, 2023

ထားဝယ်ရေနက်ဆိပ်ကမ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးရွာတွင် ထိတွေ့ပစ်ခတ်မှုများကြောင့် နှစ်ဖက်ထိခိုက် ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် မူးဒူးရွာသို့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ယင်းနေ့နှင့် နောက်တစ်ရက် ဇူလိုင်လ ၂၅ ရက်တို့တွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နှစ်ရက်ဆက်ပစ်ခတ်မှုအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက် သုံးဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းက မူးဒူးရွာ အနောက်ကျောင်း (ဘုန်းတော်ကြီးကျောင်း) တွင် တပ်စွဲနေရာယူထား သည့် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယင်းအပြင် စစ်ကြောင်းဝင်လာသည့် လမ်းကြောင်းတွင် ဖမ်းဆီးခံရသည့် […]

ရေဖြူ ဇာဒီကျေးရွာအုပ်စုက ရွာသား ၃၀ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

Dawei Watch

July 28, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်သားများသည် မြေတင်ကားငါးစီး၊ အိမ်စီးကားတစ်စီး စုစုပေါင်း ကားခြောက်စီးဖြင့် ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီတွင် ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။ ဇာဒီရွာထိပ်တွင် စစ်ကောင်စီတပ်သားများကို ကားပေါ်မှချထားခဲ့ပြီးနောက် ခြေလျင်စစ်ကြောင်းဖြင့် ဇာဒီကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ရွာထိပ်ရှိ ဇနီးမောင်နှံနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇာဒီကျေးရွာအုပ်စု ခွေးမဖောရွာ မိုးလုံးတောင်ကြောသို့ စစ်ကောင်စီတပ်သားများ တက်သွား‌ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် ခေါင်ပြန်ရွာဘုန်းကြီးကျောင်းလမ်းအတိုင်းပြန်ဆင်းလာခဲ့ပြီး ခေါင်ပြန်ရွာနှင့် ဒိုက်တကော်ရွာတို့မှ ဥယျာဉ်ခြံလုပ်သားနှင့် ရွာသား ၃၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ မိုးလုံးတောင်ကြောတွင် […]

နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် မြန်မာစစ်တပ်ကို တရုတ်တိုက်တွန်း

Dawei Watch

July 28, 2023

တရားဥပဒေစိုးမိုးမှုမရှိသည့် နယ်စပ်ဧရိယာများတွင် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်နေသည့် အလိမ်အညာစင်တာများကို မြန်မာစစ်တပ် အနေနှင့် အမြစ်ပြတ် ချေမှုန်းပစ်ရန် တရုတ်အစိုးရ က တိုက်တွန်းထားသည်။ အဆိုပါ ရာဇ၀တ်ဂိုဏ်းများသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်စပ်တစ်လျှောက်ရှိ ဒေသများသို့ တရုတ်နှင့် အခြားသောနိုင်ငံများမှ နိုင်ငံသားများအား ဖြားယောင်းခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းများကို ဆောင်ရွက်ကာ ၎င်းတို့အား အွန်လိုင်း လိမ်လည်သူများအဖြစ် ခိုင်းစေခဲ့သည် ဟု တရုတ်ဘက်က စွပ်စွဲထားသည်။ ယင်းသို့ လိမ်လည်လှည့်ဖြားသူများသည် ပုံမှန်အားဖြင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ပစ်မှတ်ထားပြီး အယုံသွင်းမှုကို စတင်ပြီး ရက်သတ္တပတ်များအတွင်း ရည်ရွယ်ထားသည့် အတုအယောင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှင့် အခြားသောလုပ်ငန်းများတွင် ငွေသွင်းခိုင်းလေ့ ရှိကြောင်း လေ့လာသူများက ဆိုသည်။ နိုင်ငံတကာမှ ဖယ်ကြဉ်ထားသည့် မြန်မာစစ်တပ် ၏ အဓိကမဟာမိတ်နှင့် […]