BREAKING
November 5, 2025

သတင်း

ဘီးလင်းတွင် ရေကြီးပြီး ဒေသခံထောင်နှင့်ချီ ဘေးလွှတ်ရာပြောင်းရွှေ့ရ

Dawei Watch

August 4, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ထောင်နှင့်ချီသည့် ဒေသခံများကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဘီးလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၂ ရက်နေ့မှစတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့နောက် ကန်သာယာ၊ ဘိုးရာဇာ၊ ဆရာစံ၊ ဘိုးလှကြီး စသော မြို့ပေါ်ရပ်ကွက်များနှင့် အလူးလေး၊ တောင်စွန်း၊ ရွှေလှေ၊ ဒေါက်ရပ်၊ နှင်းပုလဲ၊ ရန်ပြေ၊ မဲလံဂေါင်း ကျေးရွာတို့တွင် ရေကြီးရေလျှံကြောင်း ၎င်းတို့က ပြောသည်။ လက်ရှိတွင် ဘီးလင်းမြို့ပေါ်ရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်း ၁၀ ခုခန့် ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူများကို ရွှေ့ပြောင်းထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “ဘီးလင်းမြို့ပေါ်က ရပ်ကွက်တွေ အားလုံးနီးပါး ရေဝင်နေတယ်။ အနိမ့်ပိုင်းမှာရှိတဲ့ […]

မြိတ်-ထားဝယ်ကားလမ်းတွင် မူးယစ်ဆေးနှင့် စစ်တပ်ထုတ်အရက်များဖမ်းမိကြောင်း PDF ပြော

Dawei Watch

August 4, 2023

မြိတ်-ထားဝယ်ကားလမ်းတွင် WY ဆေးပြား ၇၀၀၀ ကျော်နှင့် စစ်ကောင်စီထုတ် အာမီရမ်အရက် ဖာ ၂၀၀ အလုံးရေ အားဖြင့် ၂၄၀ဝကို ဖမ်းမိကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။ စစ်ကောင်စီက အသစ်ရိုက်ထုတ်သည့် ကျပ်နှစ်သောင်းတန်ငွေစက္ကူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ်လ ၂ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရန် ရှာဖွေစဉ် ယင်းသို့ဖမ်းမိခြင်းဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ယင်းသို့စစ်ဆေးနေချိန် အရက်ဖာများ တင်ဆောင်လာသည့် ကုန်တင်ကားနှင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ဆိုင်ကယ်တို့ကို ဖမ်းမိကြောင်း ၎င်းက ဆိုသည်။ ကားသမားနှင့် နောက်လိုက်အမျိုးသားတို့ကို နောင်တွင် စစ်ကောင်စီတပ်ထုတ်ကုန်များကို မသယ်ယူရန် အာမခံချက်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။ အရက်ပုလင်းများကိုလည်း ဖျက်ဆီးလိုက်ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။ WY ဆေးပြားများ သယ်ဆောင်လာသည့် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကိုမူ စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်မှုရှိသဖြင့် […]

မဲဆောက်တွင် အသီးအရွက်တင်ကုန်ကားပေါ် ပုန်းခိုလိုက်လာသော မြန်မာလုပ်သား ၅၀ကျော် ဖမ်းဆီးခံရ

Dawei Watch

August 4, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် ဟင်းသီးဟင်းရွက်တင် ကုန်ကားပေါ်တွင် တရားမဝင်ပုန်းခို လိုက်ပါလာသော မြန်မာအလုပ်သမား ၅၂ဦး ဩဂုတ်လ ၃ရက်ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မဲဆောက်မြို့ မယ်ပဒေသရှိ စစ်ဆေးရေးဂိတ်တွင် သတင်းအရ ခြောက်ဘီးတပ်ကုန်တင်ကားကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ ကုန်တင်ကားအနောက်ပိုင်းကို စစ်ဆေးရာတွင် အထဲက အသံကြားသဖြင့် အသီးအရွက်များကို ဖယ်ရှားစစ်ဆေးရာမှ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများအနက် မြဝတီနယ်စပ်မှ ယာယီနယ်စပ်ဖြတ်ကျော်ကတ်ကိုင်ဆောင် ဝင်ရောက်လာသူ ၃၂ဦး ပါဝင်ပြီး ကျန် ၂၀ဦးမှာ အထောက်အထား မရှိကြောင်း ဆိုသည်။ ထိုင်းကားသမားသည် ကားပေါ်တွင် မြန်မာအလုပ်သမားများ လိုက်ပါလာသည်ကို မသိရှိဟု ထွက်ဆိုပြီး ဟင်းသီးဟင်းရွက် ပို့ဆောင်ပေးမှုအတွက် ဘတ် ၁၀၀၀၀ သာ ရရှိခဲ့သည်ဟုလည်းဆိုကြောင်း သတင်းတွင် […]

ထားဝယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားခံရသည့် ဒေသခံများ ပြန်လွတ်

Dawei Watch

August 4, 2023

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရေဖြူဘက်မှလာသည့် စစ်ကောင်စီတပ်ကားမှာ မောင်မယ်ရှောင်ရွာအနီးတွင် တိုက်ခိုက်ခံရသဖြင့် မောင်မယ်ရှောင်ရွာသား နှစ်ဆယ်ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မောင်မယ်ရှောင်ရွာမှ နှစ်မိုင်ခန့်အကွာ ဇာဟာရွာအရောက် ညနေ ၆ နာရီခန့်တွင် အားလုံးပြန်လွှတ် ပေးလိုက်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အိမ်ထဲကယောက်ျားတွေ အကုန်ထွက်လို့ ခေါ်တယ်။ ပစ်ခံရမှာစိုးလို့ ထွက်ကြရတယ်။ အဲ့လူတွေ အကုန်ခေါ်သွားတာပဲ။ အားလုံးညနေပိုင်းမှ ပြန်လွတ်လာကြတယ်”ဟု ၎င်းကပြောသည်။ မောင်မယ်ရှောင်ရွာသားများနှင့်အတူ ဖမ်းဆီးခံရသည့် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားသုံးဦးမှာ ပြန်လွတ်မလွတ် မသိရသေးပေ။ ၎င်းတို့သုံးယောက်ကို လက်နှောင်ကြိုးတုတ်၍ သီးသန့်ခေါ်ယူသွားသည်ဟုဆိုသည်။ အဆိုပါကျောင်းသားသုံးဦးမှာ ထားဝယ်နည်းပညာတက္ကသိုလ်‌တွင် အဆောင်နေကျောင်းသားအဖြစ် […]

ဘန်လောရွာ ဒေသခံနှစ်ဦး လက်နက်ကြီးထိမှန်

Dawei Watch

August 4, 2023

စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာမှ အမျိုးသားတစ်ဦးနှင့် ၅ မိုင်ရွာမှ အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးအစ ထိမှန်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ တနင်္သာရီမြို့နှင့် ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်က မနေ့ညက လက်နက်ကြီးဖြင့် ယင်းကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “အမျိုးသားမှာက နောက်ကျောဘက်ထိပြီး ဒဏ်ရာပြင်းထန်တယ်ပြောတယ်။ အမျိုးသမီးမှာက ခြေမျက်စိအထက်နား ရှပ်ထိသွားတာပါ”ဟု ဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်က ည ၇ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဘန်လောရွာနှင့် ၅ မိုင်ရွာဘက်သို့ လက်နက်ကြီးအချက်ရေ အတော်များများ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်တွင်လည်း ထပ်မံပစ်ခတ်နေသေးကြောင်း ဒေသခံများ ပြောသည်။ “ဒီမနက် ၉ နာရီကျော်လောက်ကစပြီး စပစ်နေပြန်ပြီ။ ဗောဓိကမ်းဘက်က ပစ်နေတာ။ လက်ရှိငါးလုံးလောက်ရှိနေပြီ”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။ လက်နက်ကြီးပစ်ခတ်နေခြင်းကြောင်း ဘန်လောရွာနှင့် […]

တနင်္သာရီ၊ ဘန်လောရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ

Dawei Watch

August 3, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဖက်သို့ ယနေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယခု ဩဂုတ်လ ၃ရက် ည ၇ နာရီခွဲခန့်က စတင်ပစ်ခတ်နေပြီး ည ၉ နာရီခွဲအထိ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “သုံးမိနစ် လေးမိနစ် တစ်ကြိမ်ပစ်နေတာ။ အချက် လေးငါးဆယ်ရှိပြီ။ တစ်ခါမှ အဲဒီလောက် ပစ်တာ မကြုံဖူးသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ နေအိမ်နှင့် အရပ်သားထိခိုက်မှု ရှိမရှိကိုမူ မသိရသေးကြောင်း ဒေသခံအမျိုးသားက ဆိုသည်။ လက်နက်ကြီးများကို ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ၅၆၁ တပ်နှင့် တနင်္သာရီမြို့ပေါ်ရှိ တပ်က ပစ်ခတ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ထွက်သွားလာလေ့ရှိသည်ဟုဆိုကာ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က […]

စင်ကာပူတွင် မူးယစ်ဆေးရောင်းဝယ်သူကို ကြိုးပေးကွပ်မျက်

Dawei Watch

August 3, 2023

ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို စင်ကာပူနိုင်ငံ တွင် ကြိုးမိန့် သေဒဏ် ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်သည် သီတင်းပတ် တစ်ပတ်ကျော်အတွင်း တတိယမြောက် သေဒဏ်ပေးမှု ဖြစ်သလို ယခုနှစ်အတွင်း ငါးကြိမ်မြောက် ကြိုးမိန့် ဖြစ်ကြောင်း အာဏာပိုင်များက ဩဂုတ် ၃ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ မိုဟာမက် ရှာလာ အဒူလ်လာတစ်ဖ် သည် ၂၀၁၉ ခုနှစ်တွင် ဘိန်းဖြူ ၅၅ ဂရမ်ခန့်လက်ဝယ်ရှိမှုအတွက် သေဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။ ၎င်း၏ ကြိုးမိန့်ကို ဩဂုတ် ၃ရက်နေ့တွင် စီရင်မှု ပြုလုပ်ခဲ့ကြောင်း စင်ကာပူ ဗဟိုမူးယစ်ဆေးဗျူရို (CNB) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ပုဂ္ဂိုလ်သည် ၂၀၁၆ ခုနှစ်မှာ […]

ဖမ်းဆီးခံရသည်ဆိုသည့် ခ‌မောင်းတောင်ရွာသားလေးဦးအနက်တစ်ဦး သေနတ်ဒဏ်ရာဖြင့် နေအိမ်ပေါ် သေဆုံးလျက်တွေ့

Dawei Watch

August 3, 2023

လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာတွင် ဖမ်းဆီးခံရသည်ဟု သတင်းထွက်ပြီး ပျောက်ဆုံးနေသည့် ဒေသခံလေးဦး အနက် တစ်ဦးမှာ နေအိမ်ပေါ်တွင် သေနတ်ဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသည်ကိုတွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၃၀ ရက်နေ့တွင် ခမောင်းတောင်ရွာသားများဖြစ်ကြသည့် ဦးပန်းအောင်နှင့် ၎င်း၏ တူ၊ တူမများဖြစ်သည့် ကိုချစ်ဦး၊ ကိုချစ်တူးနှင့် မတို့တို့ ဆိုသူတို့ ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားသည်ဟု သတင်းထွက်နေကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပျောက်ဆုံးပြီး လေးရက်အကြာ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် အပုပ်နံ့ထွက်လာသဖြင့် နေအိမ်ပေါ် တက်ရှာကြရာတွင် ကိုချစ်တူး၏ ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးပန်းအောင်နှင့် တူတော်စပ်သူတို့မှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူအဖြစ် ရွာထဲတွင် သတင်းထွက်နေသူများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းတို့လေးဦး ပျောက်ဆုံးချိန်တွင် ရွာတွင် […]