ပေါင်နှင့် သထုံတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလျှင် ဖမ်းဆီးမည်ဟု အမိန့်ထုတ်
Dawei Watch
October 9, 2023မွန်ပြည်နယ်၊ ပေါင်နှင့် သထုံမြို့နယ်တို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလျှင် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန်အပြင် အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုရန်လည်း ထုတ်ပြန်ထားသည်။ အဆိုပါဒေသန္တရအမိန့်ကို ပေါင်တွင် အောက်တိုဘာလ ၁ ရက်နေ့နှင့် သထုံတွင် အောက်တိုဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားခြင်းသည်။ အမိန့်ကို ထုတ်ပြန်သည့်နေ့မှစပြီး ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်သည်ကို စစ်ဆေး တွေ့ရှိပါက ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၈၈ဖြင့် တရားစွဲအရေးယူခံရမည်ဖြစ်ကြောင်းဖော်ပြသည်။ ပေါင်နှင့် သထုံမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ၊ ဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီနှင့် ပတ်သက်သူများ၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ ပစ်ခတ်တိုက်ခိုက်ခံရမှု ဆက်တိုက်ဖြစ်ပွားလာပြီးနောက် ယခုအမိန့် ထွက်လာခြင်းဖြစ်သည်။ ပေါင်နှင့် သထုံမြို့နယ်အတွင်း […]


