ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ ဇာဒီကျေးရွာအုပ်စုတွင် ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

June 28, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခွေးမဖောရွာအဝင်လမ်းအနီးတွင် ဇွန်လ ၂၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ရွာသားများထံမှ သိရသည်။ “မနက်ပိုင်းက ငြိမ်နေတယ်။ ညနေပိုင်းမှ တိုက်ပွဲကျနေတယ်ဆိုပြီး ရွာထဲခဏဝင်နေတဲ့သူတွေ ပြန်ထွက်ပြေးကြရတယ်” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၄ နာရီဝန်းကျင်ကစ၍ ည ၁၁ နာရီအထိ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်များသည် ရပ်ရွာအတွင်း ရောက်‌ပေါက်ကွဲ၍ နေအိမ်အချို့ ထိခိုက်ခဲ့ပြီး နွားတစ်ကောင် လက်နက်ကြီး ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခုက ထွက်ပြေးကုန်ပြီ။ (ဇာဒီကျေးရွာအုပ်စုထဲက) ကျောက်ထရံရွာဘက်က သူတွေပါ ထွက်ပြေးနေကြပြီ။ ရွာထဲမှာ ဘာဆက်ဖြစ်နေမှန်းတော့ မသိသေးဘူး။ ဒီမနက်တော့ မပစ်သေးဘူး” ဟု […]

ကော့သောင်းမြို့နယ်တွင် MPT ဖုန်းလိုင်းပြတ်တောက်မှု တစ်ပတ်ကျော်ကြာပြီ

Dawei Watch

June 28, 2024

ကော့သောင်းမြို့နယ်တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၀ရက်တွင် စတင်ပြတ်တောက်ခဲ့ပြီး ဇွန်လ ၂၇ရက်နေ့အထိ ပြန်မရသေးကြောင်း ၎င်းတို့က ပြောသည်။ ထို့ကြောင့် အခြားအော်ပရေတာများ၏ ဆင်းကတ်ကို ပြောင်းလဲအသုံးပြုနေရကြောင်း ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။ “MPT ကတ်ရော၊ Wi-Fi ပါ အင်တာနက်လိုင်းရော ဖုန်းဆက်ဖို့ပါ လိုင်းမရှိဘူး။ ပြီးတော့ K- pay လို ငွေသွင်းငွေလွှဲ အကောင့်တွေ Log Out (ထွက်သွား) ဖြစ်ပြီး ပြန်ဝင်မရတာမျိုးလည်းရှိတော့ ခက်ခဲရတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။ ထိုသို့ဖုန်း ပြတ်တောက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအပြင် လူမှုကူညီရေးအသင်းများလည်း အခက်ကြုံနေရပြီး အခြားအော်ပရေတာ၏ ဖုန်းဆင်းကတ်များ ပြောင်းလဲအသုံးပြုနေရကြောင်း ၎င်းတို့က ဆိုသည်။ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၂၅ ဦး ဖမ်းဆီးခံရ

Dawei Watch

June 27, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦး ယနေ့ ဇွန်လ ၂၇ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် ပုန်းနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေးစဉ် ဖမ်းမိခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၅ ဦးပါဝင်ပြီး ၎င်းတို့ကို စန်ခရာဘူရီရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အားလုံးသည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး နေထိုင်ခွင့်စာရွက်စာတမ်းများ မရှိကြောင်း ဘာသာပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့သို့ ဖြေကြားကြောင်း သတင်းတွင် ရေးသားထားသည်။ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းရှိ စမွတ်စွန်ခရန်၊ စမွတ်စခွန်၊ ပထုံဌာနီနှင့် […]

ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပ ယနေ့ကျင်းပ

Dawei Watch

June 27, 2024

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသည့် ပဲခူးမြို့ ၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနကို ယနေ့ ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းမှစတင်၍ အခမ်းအနားသုံးရပ်ဖြင့် ကျင်းပခဲ့သည် ။ ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ တက်ရောက်၍ သံဝေဂကထာ ရေစက်ချတရားဟောခဲ့သည်။ တပည့်သံဃာတော်များနှင့် တကာ၊ တကာမများက အပြစ်ကြီးငယ်တို့ကို နောက်ဆုံးအနေဖြင့် ဝန်ချတောင်းပန်ပြီးနောက် ရုပ်ကလာပ်ကို သဒ္ဓမ္မဒီပကသိမ်ဓမ္မာရုံမှ ကျောင်းအရှေ့မုခ်ဦး ကရဝိက်ဖောင်တော်အထိ တပည့်သံဃာတော်များက ပခုံးထမ်း၍ ပင့်ဆောင်ကြသည်။ ယင်းနောက် ဆင်ဖြူကွင်းသုသာန်ရှိ လောင်တိုက်သို့ ရုပ်ကလာပ်အား ကရိဝက်ဖောင်တော်ဖြင့် ပဲခူးမြို့တွင်းလှည့်လည်ကာ ပင့်ဆောင်ခဲ့သည်။ ရုပ်ကလာပ်တော်ပင့်ဆောင်ရာ လမ်းတစ်လျှောက်တွင် မိုးရွာသွန်းနေသော်လည်း ပဲခူးမြို့သူ၊ မြို့သားများက လမ်းဘေးဝဲယာတွင် ထွက်၍ နောက်ဆုံးဂါရဝပြု ပူဇော်ကန်တော့ကြသည်ကို တွေ့ရသည်။ ညနေပိုင်းတွင် […]

တနင်္သာရီနှင့် မြိတ်မြို့နယ် လေကြောင်းတိုက်ခိုက်မှုတို့တွင် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀ကျော်ဒဏ်ရာရ

Dawei Watch

June 27, 2024

တနင်္သာရီနှင့် မြိတ်မြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၂၇ရက်တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။ တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာနှင့် အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်သဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ထိခိုက်ပျက်စီးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဇွန်လ ၂၈ရက်တွင် ထုတ်ပြန်သည်။ ကျွဲထိန်းကုန်းရွာအပြင် ဘန်လင်ရွာ၊ သမီးလှရွာထဲကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂) တပ်ရင်းမှ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ အဆိုပါနေ့ မွန်းလွဲပိုင်းတွင်ပင် မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု ဘဲမဒီကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကြောင်း အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က […]

စစ်ကောင်စီက ဇာဒီရွာကို လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်နေပြီး အင်တာနက်လည်းဖြတ်ထား

Dawei Watch

June 27, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် ညကစ၍ ၂၆ ရက်အထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကြောင်း ရွာသားများကပြောသည်။ လက်နက်ကြီးကျည်များသည် ဇာဒီ ရွာမနှင့် အနောက်ကုန်းရပ်ကွက်များတွင် ကျရောက်ပေါက်ကွဲပြီး ကျည်ဆန်အစများ နေအိမ်တွင်ထိမှန်ကာ ထိခိုက်ပျက်စီးမှုရှိကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က (ဇွန် ၂၆) နေ့လယ် ၂ နာရီလောက်ပစ်တာ ဆယ်ချက်ကျော်တယ်။ ရွာအထဲတွေပဲ ကျလာတယ် ။ လူတွေ မထိလို့ တော်သေးတယ်။ အရင်ကတစ်ခါမှ မပြေးတဲ့လူတွေတောင် အခုရှောင်နေကြတယ်။ ဘုန်းကြီးတွေပါ မြို့ပေါ် တက်နေနေရတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဇွန်လ ၂၃ ရက်ကစ၍ မောရဝတီရေတပ်စခန်းဌာနချုပ်၊ စစ်သင်္ဘော အပြင် မော်ကြီးနှင့် ပယရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကမည်သည့်ထိတွေ့တိုက်ပွဲမျှမရှိဘဲ နေ့စဉ်ရက်ဆက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း […]

ရာဖူးကျေးရွာအုပ်စုက စစ်ဘေးရှောင် သုံးထောင်ကျော် စားနပ်ရိက္ခာလိုအပ်

Dawei Watch

June 27, 2024

ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုရှိ ကျေးရွာ ကိုးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၃၆၀ဝ ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။ ရေး – ထားဝယ်လမ်းပိုင်းတွင် ဇွန်လဆန်းကစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။ ဇွန်လ ၁၉ ရက် ရက်က တိုက်ပွဲဖြစ်ခဲ့သည် နေရာအနီးရှိ မျောက်ချောရွာနှင့် နဂါးအိုင်ရွာတို့သည် ရွာလုံးကျွတ်ထွက်ပြေး နေရပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ “မျောက်ချောရွာနဲ့ နဂါးအိုင်မှာက စစ်တပ်က ဝင်တပ်စွဲထားတယ်။ ရွာလုံးကျွတ်ပြေးနေရတယ်။ အိမ်လည်း ၃ဝ နီးပါး မီးလောင်ထားတယ်။ ဆိုင်ကယ်၊ ကား အကုန်မီးရှို့ခဲ့တယ်။ ဆိုင်တွေ၊ […]

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျိုက်ထိုဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

Dawei Watch

June 27, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ် နေမှုကြောင့် ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံနှင့် အကူအညီပေး နေသူ တို့ထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၀ က လူနေကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံတို့က ဆိုသည်။ “ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာက နေ့တိုင်းလိုလိုပါပဲ။ အခုဆို ရွာမှာ ဘယ်သူမှလည်း မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေရတယ်။ ဘာတိုက်ပွဲ ဘာမှမရှိဘဲနဲ့ကို ရွာထဲကို တမင်သက်သက် ပစ်နေတာ” ဟု ကျိုက်ထို ဒေသခံတစ်ဦးက ပြောသည်။ ဇွန်လ ၁၄ ရက်တွင် အမြောက်တပ်ရင်း ၃၁၀ က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် […]