ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 6, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ အိန္ဒိယမှာ မိုးကြီးလို့ လေဆိပ်ခေါင်မိုးပြိုကျ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ဇွန်လ ၂၉ ရက်နေ့က ဂန္ဒီနိုင်ငံတကာလေဆိပ်ရဲ့ခေါင်မိုး တစ်ပိုင်း ပြိုကျခဲ့ပါတယ်။ ခေါင်မိုးပြိုကျခဲ့လို့ လူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာပါ။ အိန္ဒိယရဲ့ အကြီးဆုံးလေဆိပ်ထဲက တစ်ခုဖြစ်တဲ့ နယူးဒေလီရဲ့ အဓိကလေဆိပ်ရှိရာနေရာမှာ ၂၄ နာရီထဲ မိုးရေချိန် ၉ လက်မလောက် ရွာသွန်းခဲ့ပါတယ်။ ဒီပမာဏဟာ နယူးဒေလီမြို့မှာ သတ်မှတ် မိုးရေပမာဏထက် ၃ ဆ ပိုများနေခဲ့ပါတယ်။ မိုးကြောင့် လေဆိပ်အမှတ် ၁ […]

ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ အတိုက်အခံ လေဘာပါတီ အနိုင်ရ

Dawei Watch

July 5, 2024

ဗြိတိန်မှာ ဇူလိုင်လ ၄ ရက်နေ့က ကျင်းပခဲ့​တဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဖြစ်တဲ့ လေဘာပါတီက အနိုင်ရရှိသွားပြီဖြစ်ပါတယ်။ မဲပေးမှုအရ ဗြိတိန်ပါလီမန်နေရာ ၆၅၀ မှာ လေဘာပါတီက ၄၁၀ ကျော် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ်တွေဦးဆောင်တဲ့ ဗြိတိန်အစိုးရသက်တမ်း အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။ အတိုက်အခံပါတီအနိုင်ရရှိခဲ့လို့ လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။ လက်ရှိဝန်ကြီးချုပ် Rishi Sunak ရဲ့ Conservatives ပါတီကတော့ သမိုင်းမှာ မှတ်တမ်းဝင် ရှုံးနိမ့်သွားခဲ့ပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်သွားပြီးနောက် Rishi Sunak က ပါတီခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဖြစ်လာမည့် လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်က အကြီးမားဆုံး ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ […]

ဂျိုင်းမြစ်ဒေသတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေဟု MSFC ထုတ်ပြန်

Dawei Watch

July 5, 2024

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စစ်ကောင်စီတပ်က နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးများကိုနှောင့်ယှက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်းအပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများလည်း လုပ်ဆောင်နေဟု ထုတ်ပြန်ချက်ကဆိုသည်။ နေရပ်ပြန်လာကြသည့် ဒေသခံအမျိုးသမီးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထမင်းဟင်းချက်ပြုတ်ရန် အဓမ္မစေခိုင်းခြင်း၊ ညအချိန်မတော် အိမ်တံခါးခေါက်ပြီး နှောင့်ယှက်ခြင်း၊ လမ်းသွားလမ်းလာ လူငယ်အမျိုးသမီးများကို နှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေသည်ဟု MSFC ကဆိုသည်။ “ထုတ်ပြန်ထားသလိုပါပဲ ညနေပိုင်းလောက်ဆို ဂိတ်လိုမျိုးလုပ်ပြီးတော့ လူသွားလူလာတွေကို သူတို့ (စစ်တပ်) စစ်ဆေးတဲ့အခါမှာ အမျိုးသမီးတွေကို နှောက်ယှက်တယ်။ နောက်ပြီး အမျိုးသမီးတွေကို ထမင်းဟင်းချက်ခိုင်းတယ်။ အဲဒီမှာလည်း လိင်ပိုင်းဆိုင်ရာ […]

ကော့သောင်းတွင် နှစ်ပတ်ကျော်ကြာပြတ်တောက်နေသည့် MPT ဖုန်းလိုင်းပြန်ရ

Dawei Watch

July 5, 2024

ကော့သောင်းဒေသတွင် အချိန်နှစ်ပတ်ကျော်ကြာ ပြတ်တောက်နေသည့် MPT ဖုန်းလိုင်းမှာ ဇွန်လ ၄ရက်က ပြန်လည်အသုံးပြု၍ရပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ဇွန်လ ၂၀ရက်ကစပြီး MPT ဖုန်းလိုင်းပြတ်တောက်သွားခြင်းဖြစ်ပြီး ၁၄ရက်အကြာတွင် ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း လိုင်းတည်ငြိမ်မှုမရှိဘဲ အတက်အကျဖြစ်နေဆဲဖြစ်ကြောင်း ကော့သောင်းမြို့က MPT အသုံးပြုသူများက ပြောသည်။ ဖုန်းလိုင်း စပြတ်သည့်နေ့ကစပြီး Logout ဖြစ်သွားသည့် MPT ဆင်းကတ်ဖြင့် လျှောက်ထားသော Kpay နှင့် Wave Pay ကိုလည်း ပြန်လည်အသုံးပြု၍ ရနေပြီဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လိုင်းကတော့ အရင်လိုမငြိမ်ဘဲ အတက်အကျ များနေတာပေါ့။ ဖုန်းလိုင်းပြတ်ကတည်းက Logout ဖြစ်သွားတဲ့ Kpay လည်း ပြန်ဝင်လို့ရသွားပြီ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ကော့သောင်းတွင် ဖုန်းလိုင်း ရက်ရှည်ပြတ်တောက်သွားသည့်အတွက် […]

သရက်ချောင်းက သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်

Dawei Watch

July 4, 2024

သရက်ချောင်းမြို့နယ်က သံဃာတော်များဦးဆောင်ပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းကို ယနေ့ (ဇူလိုင် ၄) နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက်ပြီး ကံဆောင်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကံဆောင်သပိတ်မှောက်ပွဲကို ထားဝယ်ခရိုင် သပိတ်ကော်မတီအပါအဝင် ဒေသတွင်းရှိ ကရင်လူငယ်များနှင့် ဒေသခံများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့်ပျံလွန်တော်မူခဲ့သည့်အတွက် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထားဝယ်တွင် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းများ အလုပ်ပါး

Dawei Watch

July 4, 2024

ထားဝယ်ဒေသရှိ တံဆိပ်ရိုက်၊ ဆိုင်းဘုတ်လုပ်ငန်းများ အလုပ်နည်းပါးနေသည့်အတွက် အခက်ကြုံနေရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ အာဏာမသိမ်းမီက တံဆိပ်လာရိုက်သူအရေအတွက်မှာ တစ်လလျှင်ပျမ်းမျှ တစ်ရာခန့်ရှိရာက လက်ရှိအချိန်တွင် ၂၀ ဦး ခန့်သာ အလုပ်လာအပ်တော့ကြောင်း ထားဝယ်ဒေသရှိ တံဆိပ်ရိုက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ပညာရေး၊ အားကစား၊ ဘာသာရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလုပ်လာအပ်သူသာရှိကြောင်း ၎င်းက ပြောသည်။ “ပွဲလမ်းသဘင်တွေလည်း လုပ်လို့မရတဲ့ အခြေအနေဆိုတော့ အားနည်းလာတာပေါ့” ဟု အထက်ပါတံဆိပ်ရိုက်လုပ်ငန်း လုပ်နေသူက ပြောဆိုသည်။ ထားဝယ်ဒေသရှိ အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းများမှာ ဆိုင်းဘုတ်လုပ်ခြင်း၊ အလှစာလုံးရေးခြင်း စသည့်အလုပ်များနှင့် တွဲဖက်လုပ်ကိုင်လေ့ရှိသည်။ တံဆိပ်ရိုက်ဈေးနှုန်းမှာ အင်္ကျီအထည်အရေအတွက်၊ ကာလာအနေအထား၊ လက်ဝင် (အချိန်ယူရ) သည့်အခင်းအကျင်း၊ လက်ရိုက် စက်ရိုက် စသည့်အချက်များ အပေါ်မူတည်ကာ ဈေးနှုန်းကွာဟမှုရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ […]

စစ်ကောင်စီတပ် ဖမ်းသွားသည့် ရွာသားသုံးဦးအလောင်း ခေါင်ပြန်ချောင်းအတွင်းတွေ့

Dawei Watch

July 4, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာချောင်းအတွင်း၌ ယနေ့ ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းတွင် ရွာသားအလောင်း သုံးလောင်းထပ်မံတွေ့ရှိကြောင်း ရွာသားများက ပြောသည်။ ပြန်တွေ့သည့်ရုပ်အလောင်းများမှာ ဇာဒီရွာ အနောက်ကုန်းရပ်ကွက်တွင်နေသူ ကိုသားသား (ခ) ကိုလိုင်းယား ၊ ခေါင်ပြန်ရွာသား ဦးကျော်စိန် နှင့် ကိုအောင်ဇော်ဝင်းတို့ဖြစ်ကြကြောင်း ၎င်းတို့၏ မိသားစုဝင်များက အတည်ပြုကြသည်။ “အလောင်းတွေက ပထမတ‌စ်လောင်းတွေ့နဲ့ နေရာအနားမှာပဲ ဆက်တွေ့တာ။ ရုပ်တွေကတော့ အတော်ပျက်နေပြီ။ အသုဘတောင် စုပေါင်းပြီးအရေးပေါ် စီစဉ်နေကြတယ်” ဟု ခေါင်ပြန်ရွာသားတစ်ဦးက ပြောသည်။ Dawei Watch ကတွေ့ရှိရသည့် ဓာတ်ပုံတစ်ခုတွင် ကိုသားသားသည် လက်နောက်ပြန်ကြိုးတုပ်ခံရကာ ပြတ်ရှ ဒဏ်ရာအချို့နှင့် ရေချောင်းအတွင်းမျောနေသည်ကို တွေ့ရသည်။ အလားတူ ဦးကျော်စိန်နှင့် ကိုအောင်ဇော်ဝင်း တို့၏ရုပ်အလောင်းများတွင်လည်း ဓားထိုးသွင်းပြတ်ရှဒဏ်ရာများရှိသည်ဟု မျက်မြင်တွေ့ရသည့် ဒေသခံတို့က […]

ကျိုက်မရော ပျားတောင်ဒေသခံထောင်ချီ ထပ်မံထွက်ပြေးရ

Dawei Watch

July 4, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာနေသည့် အပြင် လက်နက်ကြီးများဖြင့်လည်း နေ့တိုင်းနီးပါး ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပျားတောင်ဒေသသို့ ဇူလိုင်လဆန်းပိုင်းကစကာ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံတို့က ပြောသည်။ ယင်းအပြင် စံပယ်ဂူတံတားအနီးရှိ စံပယ်ဂူတောရဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း ပျားတောင်ဒေသတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပျားတောင်ဒေသမှာ စစ်တပ်တွေ ဝင်လာနေတာရှိတယ်။ အရေအတွက်တော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။ စစ်ကြောင်းတွေ ဝင်လာနေတာတော့ ဟုတ်တယ်။ နောက်ပြီး လက်နက်ကြီးနဲ့ ပစ်နေတောကလည်း နေ့တိုင်းရှိနေတော့ ရှောင်ကုန်ကြတာ။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြလို့လေ” ဟု ပျားတောင်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် လက်နက်ကြီးဖြင့် […]