BREAKING
November 11, 2025

သတင်း

စစ်ကောင်စီတပ်ကားသုံးစီးကို ပုလောတွင် ပစ်ခတ်တိုက်ခိုက်

Dawei Watch

December 13, 2023

စစ်ကောင်စီတပ်ကားသုံးစီးကို ပုလောမြို့နယ် ၇ မိုင်အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ် မြိတ်ခရိုင်တပ်ရင်း(၁)က ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ်ပြန်ထားသည်။ ပုလောမြို့ကနေ ပလောက်မြို့ဘက်ထွက်ခွာလာသည့် စစ်ကောင်စီကားသုံးစီးကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရခဲ့ပြီး မနက် ၉ နာရီခန့်တွင် သစ်လှတောကျေးရွာအနီးတွင် ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ကားတစ်စီးပျက်စီးခဲ့သဖြင့် စစ်ကောင်စီတပ်က နေရာမှာပင်စွန့်ပစ်ခဲ့ပြီး ယင်းကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် လမ်းပေါ်ဖြတ်သွားသည့် အရပ်သားကားတစ်စီးကို တားဆီးယူဆောင်သွားသည်ဟု အထက်ပါအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။ သို့သော်ယင်းဖြစ်စဉ်ကြောင့် စစ်ကြောင်းထိုးခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများမရှိဟု ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။

မြန်မာထုတ် မူးယစ်ဆေးပြား သန်း ၅၀ကျော် ထိုင်းတွင်ဖမ်းမိ၊ အာရှတွင် ဒုတိယအများဆုံးဖမ်းမိမှုဖြစ်လာ

Dawei Watch

December 13, 2023

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် စံချိန်တွင် အများဆုံးအရေအတွက်ဖြစ်သော မူးယစ်ဆေးပြား သန်း ၅၀ ကျော်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းအရေအတွက်သည် ထိုင်းနိုင်ငံအတွက် စံချိန်တင်အများဆုံးဖြစ်ပြီး အာရှဒေသတွင်လည်း ဒုတိယအများဆုံးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရွှေတြိဂံနယ်မြေ လာအိုနိုင်ငံဘက်တွင် မူးယစ်ဆေးပြား ၅၅ သန်းကျော် ဖမ်းဆီးရမိပြီးနောက် ယခုအရေအတွက်သည် အာရှဒေသတွင် ဒုတိယအများဆုံးဖြစ်လာကြောင်း ကုလသမဂ္ဂဘက်က ပြောသည်။ ယခုဖမ်းမိသည့် မူးယစ်ဆေးများမှာ ရှမ်းပြည်နယ်ဘက်တွင် ထုတ်လုပ်ခဲ့ပြီး အခြားနိုင်ငံများသို့ ခိုးသယ်ရန်အတွက် လက်နက်ကိုင်များနှင့် အာရှရာဇဝတ်ဂိုဏ်းများ ပူးပေါင်းနေကြကြောင်း မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး၏ အရှေ့တောင်အရှ ကိုယ်စားလှယ် Mr. Jeremy Douglas က REUTERS သတင်းဌာနသို့ ပြောဆိုထားသည်။ ၆ ဘီးကားပေါ်တွင် […]

လူထုမျှော်လင့်သည့် နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်ဟု မြောက်ပိုင်းမဟာမိတ်ထုတ်ပြန်

Dawei Watch

December 13, 2023

ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်ဘဲ ဘုံရည်မှန်းချက် ပြည့်ဝသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။ တရုတ်အကူအညီဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့ တရုတ်နိုင်ငံတွင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ပြီးနောက် မြောက်ပိုင်းမဟာမိတ်ဘက်က ဒီဇင်ဘာလ ၁၂ရက်ညတွင် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်အတိုင်း စစ်ကောင်စီ တပ်စခန်းများ၊ လက်နက်ကြီးစခန်းကုန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းယူနေကြောင်းလည်း ဖော်ပြသည်။ တစ်ဖွဲ့ချင်းစီနှင့် သုံးဖွဲ့စလုံး၏ စုပေါင်းရည်မှန်းချက် အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဖြစ်သော်လည်း ရည်မှန်းအားလုံး ပြီးမြောက်ရန် အချိန်ကာလတစ်ခုအထိ ဆက်လက်တိုက်ပွဲဝင်သွားဦးမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ဆိုသည်။ လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် […]

ကျိုက်မရော စစ်ရှောင်များ တစ်လကျော်ကြာလာသည်အထိ နေရပ်မပြန်နိုင်သေး

Dawei Watch

December 13, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ တစ်လကျော် ကြာလာ သည်အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်များကို အကူအညီပေးနေသူတို့ထံမှ သိရသည်။ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်တို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ဒေသတွင်း တိုက်ပွဲ ပြင်းထန် လာခဲ့သည်။ ဒီဇင်ဘာလဆန်းပိုင်းအထိ စစ်ရေးတင်းမာနေသည့်အပြင် ကျေးရွာတို့တွင် စစ်ကောင်စီ တပ်ဘက်က စခန်းချနေထိုင်နေသည် ရှိသလို KNLAပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျေးရွာအနီးတွင် လှုပ်ရှားသွားလာနေသည့်အတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း ဒေသခံတို့က ပြောသည်။ “နှစ်ဖက်စလုံးက (စစ်တပ်၊ KNLA ပူးပေါင်းတပ်ဖွဲ့) ရွာနီးနားတဝိုက်မှာပဲ ရှိနေတော့ တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်တယ်။ ပြန်သွားမှ တိုက်ပွဲထဖြစ်လာရင် […]

လောင်းလုံးမြို့အနီး ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ဝင်စစ်၊ ဒေသခံသုံးဦးကိုဖမ်းခေါ်

Dawei Watch

December 13, 2023

လောင်းလုံးမြို့အနီး သဗျာ၊ အင်းဇောက် စသည့်ကျေးရွာတို့အနီးတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအချို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ ဒေသခံသုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက သဗျာ၊ အင်းဇောက်ကျေးရွာများရှိ မိန်းလမ်းမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ မည်သည့်အတွက်‌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များရောက်ရှိနေသည်ကို မသိသော်လည်း ပစ်ခတ်သံများ၊ လက်နက်ကြီးအသံတို့ကိုမူ ကြားရသည်ဟု ဆိုသည်။ နောက်တစ်ရက် ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင်မူ အဆိုပါကျေးရွာနှစ်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့များ ရုတ်တရက် ရောက်လာပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးကြောင်း ဒေသခံတို့ကဆိုသည်။ ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် အင်းဇောက်ရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့နောက် ဘုန်းတော်ကြီးကျောင်းတွင် အိပ်နေသည့် ရွာသားများကို […]

မော်လူးမြို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းယူ

Dawei Watch

December 13, 2023

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ တိုက်ခိုက်သိမ်းယူကာ မြို့ကိုထိန်းချုပ်လိုက်ကြောင်း တော်လှန်ရေးအင်အားစုအချို့က ထုတ်ပြန်သည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၁၃ရက် နံနက် ၂နာရီ ဝန်းကျင်တွင် အင်အား ၃၀ ဝန်းကျင်ရှိသည့် ရဲစခန်းကို စတင်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ တိုက်ခိုက်ပြီး လေးနာရီဝန်းကျင်အကြာ နံနက် ၆ နာရီဝန်းကျင်တွင် မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ABSDF ထံမှ သိရသည်။ ယင်းနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို လေကြောင်းဖြင့် လာရောက်ပစ်ခတ်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးနေရကြောင်း RFA မြန်မာပိုင်း သတင်းတစ်ရပ်တွင် […]

သရက်ချောင်းမြို့နယ် ဝင်းဝရွာတံတားဟောင်းအနီး မိုင်းကွဲ၍ လူငယ်တစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

Dawei Watch

December 12, 2023

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းရှိ ဝင်းဝရွာတံတားဟောင်းအနီးတွင် မိုင်းကွဲ၍ လူငယ်အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဝင်းဝတံတားအောက်ဘက်ကို ဆိုင်ကယ်စီးလူငယ်နှစ်ဦး ဆင်းသွားပြီးနောက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မိုင်းကွဲသဖြင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးမှာ ခြေနှစ်ဖက်စလုံး ပြတ်ထွက်ကာ သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်ခန့်ရှိ ယောကျ်ားကလေးတစ်ဦးမှာမူ ခြေထောက်တွင် ကျည်စထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မိုင်းပေါက်ကွဲပြီးနောက်တွင် ရောက်လာပြီး ဒဏ်ရာရသည့် လူငယ်ကို သေနတ်ဖြင့် ပစ်ခတ်၍ ယင်းလူငယ်ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “တစ်ယောက်က ဖြစ်ဖြစ်ချင်း မသေသေးဘူး၊ အောက်ပိုင်းပြတ်ထွက်သွားတယ်၊ စစ်တပ်က […]

မွန်က မြို့နယ်အချို့တွင် စက်သုံးဆီ ပြင်ပစျေးကွက်ပေါ်လာ၊ ဆီတစ်လီတာ ကျပ် ၇၀၀၀ အထိ ရောင်းချ

Dawei Watch

December 12, 2023

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့နယ်အချို့တွင် စက်သုံးဆီ ရောင်းချသည့် ပြင်ပ စျေးကွက်ပေါ်လာပြီး စက်သုံးဆီတစ်လီတာလျှင် ကျပ် ၇၀၀၀ အထိ ရောင်းနေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်ရှိတွင် ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်အချို့တို့တွင် ဆီဝယ်ယူရရှိနေသော်လည်း နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရသလို အချို့ဆိုင်က အကန့်အသတ်ဖြင့် ရောင်ပေးနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ပြင်ပစျေးကွက်တွင် အလွယ်တကူ လိုသလောက် ဝယ်ယူရရှိသဖြင့် ပြင်ပတွင် စျေးကြီးပေး ဝယ်နေကြရကြောင်း ၎င်းက ဆိုသည်။ စက်သုံးဆီဆိုင်တို့တွင် ၉၂/၉၅ တစ်လီတာ ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားသာရှိနေသော်လည်း ပြင်ပ‌စျေးကွက်တွင် ၉၂/၉၅ တစ်လီတာ ကျပ် ၄၀၀၀ မှ ၇၀၀၀အထိ ရောင်းနေကြကြောင်း စက်သုံးဆီသုံးစွဲသည့် ဒေသခံတို့ထံမှ သိရသည်။ ဆီဆိုင်များတွင် အကြိမ်ကြိမ် […]