BREAKING
November 11, 2025

သတင်း

သံဖြူဇရပ် မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ

Dawei Watch

December 20, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကိုကို အား စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်တွင် နေထိုင်သည့် ဒုဦးစီးမှူး ဦးအောင်ကိုကိုသည် ဌာနတွင်းသတင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ပေးပို့နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် ဖမ်းဆီးခံခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ၎င်းကို သံဖြူဇရပ်တပ်နယ် ဝဲကလိစစ်ကြောရေးစခန်းတွင် ဖမ်းဆီးစစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းတွင် ထောင်ဒဏ် တစ်သက်အထိချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က)တို့ဖြင့် အမှုဖွင့်ထားကြောင်း မြို့ခံအချို့ ဆိုသည်။ ဦးအောင်ကိုကို ဖမ်းဆီးခံရသည့်အကြောင်းအရင်းကို Dawei Watch […]

မိုင်းရှင်းနေသော စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကိုမီးရှို့

Dawei Watch

December 20, 2023

လောင်းလုံးမြို့အဝင် သဗျာရွာ အုန်းသီးပုံအနီးတွင် မိုင်းရှင်းနေသော စစ်ကောင်စီတပ်က လူမနေသည့်နေအိမ်တစ်လုံးကို မီးရှို့သွားသည်ဟု ဒေသခံများထံမှသိရသည်။ “အိမ်ကတော့ပြာကျသွားပြီ အဲဒီအိမ်မှာလူမနေ‌တာတော့ကြာပြီ ပစ္စည်းတွေ ပဲထားတော့တယ် “ဟု ၎င်းကပြောသည်။ ယနေ့(ဒီဇင်ဘာ ၂၀ ရက်)မနက်ပိုင်း ၇ နာရီကျော်ခန့်က သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်က လမ်းများပိတ်ကာ မိုင်းများရှင်းလင်းနေခြင်းဖြစ်သည်။ ယင်းနောက် မနက် ၉ နာရီကျော်ခန့်တွင် သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် ထောင်ထားသည့် မိုင်းသုံးလုံးကို ဖောက်ခွဲပစ်ပြီးနောက် နေအိမ်ကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

လောင်းလုံးမြို့အဝင်တွင် စစ်တပ်က မိုင်းရှင်းနေ၍ဟုဆိုကာ ဖြတ်သန်းခွင့်ပိတ်ထား

Dawei Watch

December 20, 2023

လောင်းလုံးမြို့အဝင် သဗျာရွာအုန်းသီးပုံဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်က အင်းအားအများအပြားဖြင့် မိုင်းရှင်းလင်းရေးလုပ်နေပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။ မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည်အတွက်ကြောင့် ယနေ့နံနက် ၇ နာရီကျော်ခန့်မှစပြီး ခရီးသည်တင်ကားများနှင့် ခရီးသွားပြည်သူများကို ဖြတ်သန်းခွင့်ပိတ်ထားခြင်းဖြစ်သည်။ “အခုဆိုတစ်နာရီလောက်ရှိတော့မယ် လှည့်ပြန်တဲသူတွေကလည်း ပြန်နေပြီ အသွားရောအလာရောပဲ ပိတ်ထားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ယင်းနေရာ၌ စစ်ကောင်စီတပ်က မိုင်းသုံးလုံးကို ဖောက်ခွဲရှင်းလင်းခဲ့သေးသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ယခုမိုင်းရှင်းလင်းနေသောနေရာ၌ လောင်းလုံး(ပကဖ)တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကြိုးကို ဖြတ်တောက်သည်ဟုဆိုကာ ဝံပုလွေတပ်စုမှ တပ်သားတစ်ဦးနှင့် အခြားတပ်ဖွဲ့က တပ်သားတစ်ဦးတို့ကို လောင်းလုံး (ပကဖ)တာဝန်ခံကဖမ်းဆီးစစ်ဆေးပြီး မနေ့(ဒီဇင်ဘာ ၁၉ ရက်နေ့)ကပြန်လွှတ်ပေးခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့မနက်တွင် အဆိုပါနေရာ၌ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် မိုင်းရှင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

နမ့်ခမ်းမြို့ကို တအာင်းတပ် သိမ်းယူ

Dawei Watch

December 19, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီး ယနေ့ ဒီဇင်ဘာလ ၁၉ရက်တွင် မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၇ ရက်မှ ဒီဇင်ဘာလ ၁၉ရက်အထိ ၃၂ ရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စစ်ကောင်စီ စခန်းသစ်ကုန်းစခန်း အပါအဝင် ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းသည် အင်အား ၉၀၀ နီးပါးရှိသည့် စကခ-၇ နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ […]

လောင်းလုံးပကဖက ဖမ်းထားသည့် PDF နှစ်ဦးပြန်လွှတ်

Dawei Watch

December 19, 2023

လောင်းလုံးမြို့နယ်(ပကဖ)က ဖမ်းဆီးခေါ်ဆောင်သွားသည့် PDF ရဲဘော်နှစ်ဦး ယနေ့ (ဒီဇင်ဘာ ၁၉)မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “နေရာတစ်ခုမှာ ချိန်ဆိုပြီးပြန်လွတ်ပေးလိုက်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ဒီဇင်ဘာ ၁၁ ရက်ညနေ ၄ နာရီခွဲခန့်တွင် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂)တပ်ရင်းမှ ရဲဘော်သားကြီးနှင့် လောင်းလုံးမြို့နယ်(ပကဖ)လက်အောက်ခံ ဝံပုလွေတပ်စုမှ ရဲဘော်ရေခဲတို့ကို လောင်းလုံးမြို့နယ်(ပကဖ)အဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ရဲဘော်သားကြီးမှာ ရဲဘော်ရေခဲကိုသွားကြိုပြီး လောင်းလုံးမြို့အဝင် အုန်းသီးရုပ်ပုံနားတွင် ဝံပုလွေတပ်စုကို နှစ်ယောက်အတူ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယင်းသို့စောင့်ဆိုင်းရင်း အပေါ့သွားစဉ် လောင်းလုံး(ပကဖ)တပ်ဖွဲ့များထောင်ထားသည့် မိုင်းကြိုးကို ရဲဘော်သားကြီးက ဖြတ်ပစ်မိခဲ့သဖြင့် လောင်းလုံး(ပကဖ)တာဝန်ခံ မမကြီးနှင့် နဂါးမင်းတို့က ၎င်းတို့ကဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၁၈ ရက်နေ့က လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်၍ […]

တော်လှန်ရေးတွင် ပါလာနိုင်ဖွယ်ရှိသည်ဆိုသော မွန်ပြည်သစ်ပါတီက ၁၁ ကြိမ်မြောက် ညီလာခံ ကျင်းပမည်

Dawei Watch

December 19, 2023

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ၁၁ ကြိမ်မြောက် ညီလာခံကို ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသတွင် ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း ကျင်းပသွားမည်ဟု မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များထံမှ သိရသည်။ ညီလာခံကို ဆွေးနွေးသုံးသပ်သည့် အကြောင်းအရာအပေါ်မူတည်ပြီး တစ်လခန့် ကျင်းပရန် လျာထားသော်လည်း ညီလာခံကျင်းပနေချိန်တွင် အရေကြီး နိုင်ငံရေးအပြောင်းအလဲကိစ္စတစ်ခုခုဖြစ်ပေါ်လာပါက ညီလာခံကို ရပ်ဆိုင်းထားမည်ဟု စီစဉ်ထားကြောင်း ပါတီနှင့်နီးစပ်သူများထံမှသိရသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် ပါတီညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပလာခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲကိုလည်း ၄ နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံတွင်သာ ပြန်လည်ရွေးချယ်လေ့ရှိသည်။ မွန်ပြည်သစ်ပါတီသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲတွင် ပါဝင်လာခြင်းမရှိသေးဘဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည့် လမ်းစဉ်ကို ဆက်လက်စွဲကိုင်ထားသည့်အပေါ် ဝေဖန်ခံနေရသည်။ သို့သော် ညီလာခံမကျင်းပခင် ရက်ပိုင်းအလိုမှာပင် လွတ်လပ်သော […]

ဗိုက်ခွဲထားသည့် အမျိုးသမီးများအပါအဝင် MoU မြန်မာလုပ်သားများ ထိုင်းတွင် အုန်းပင်တက်နေရ

Dawei Watch

December 19, 2023

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများသည် စာချုပ်ထဲတွင်မပါဝင်သော အုန်းပင်တက်ရသည့် အလုပ်ကိုလုပ်နေရကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အမျိုးသမီး ၅ ဦးပါဝင်သော မြန်မာအလုပ်သမား ၁၉ ဦးကို ရတ်ချ်ဘူရီခရိုင်ရှိ အုန်းသီးပါကင်ပိတ်စက်ရုံတွင် လုပ်ကိုင်ရန်အတွက် မြန်မာအေဂျင်စီ Gold Silver Diamond က နှစ်နှစ်စာချုပ်ဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိသောအခါ စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ စမွတ်စွန်ခရမ်ခရိုင် မဲခေါက်ဒေသရှိ အုန်းသီးခြံတွင် မြန်မာအလုပ်သမားများသည် အုန်းပင်တက် အုန်းရည်ခံကာ ထန်းလျှက်ချက်သည့် အလုပ်ကိုလုပ်ကိုင်နေကြရကြောင်း အလုပ်သမားထံမှ သိရသည်။ အမျိုးသမီးများပါ နေ့တိုင်း မနက် ၅ နာရီထ အုန်းပင်တက် […]

တောင်ပျောက်တိုက်နယ်တွင် ရိုးရာနတ်ပွဲကျင်းပ

Dawei Watch

December 19, 2023

နတ်ပွဲကျင်းပသည့်အချိန် ရောက်လာသည့်နှင့်အညီ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ကျွဲခြံရွာတွင်လည်း ရွာရှင်နတ်ပူဇော်ပွဲကို ယနေ့ကျင်းပခဲ့ကြသည်။ အာဏာမသိမ်းခင်က စည်းစည်းကားကားကျင်းပလေ့ ရှိသော်လည်း ယခုတွင်တော့ အကျဉ်းချုံးသာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ရွာရှင်နတ်ပွဲ ကျင်းပသည့်အိမ်တွင် ထမင်းဟင်း၊ မုန့်ပဲ‌သရေစာများချက်ပြုတ်ကာ ကွမ်းသီးပင်မှရသည့် ဘုတ်ဖတ်ကို ပန်းကန်အဖြစ် အသုံးပြုစားသောက်ကြခြင်းဖြစ်သည်။ ကွမ်းသီးပင်ဘုတ်ဖတ်ကို ထမင်းဟင်း၊ မုန့်ပဲသရေစာများထည့်ပြီး စားသုံးကြသည်မှာ ကျွဲခြံရွာ၏ ဓလေ့လိုပင်ဖြစ်နေပြီဖြစ်သည်။ အာဏာမသိမ်းခင်ကမူ ကျွဲခြံရွာ ရွာရှင်နတ်ပူဇော်ပွဲတွင် ဝက်ဆီတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံး၊ ဘော်လီ‌ဘောပြိုင်ပွဲ စသည့် အားကစားပွဲများကို ထည့်သွင်းပြီး ၃ ရက်မှ ၄ ရက်အထိကျင်းပကြသည်။ ကျွဲခြံရွာသည် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲတွင်တည်ရှိပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသဖြစ်သည်။