တနင်္သာရီ မော်တုန်းရွာက သက်ကြီးပိုင်း အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
Dawei Watch
February 12, 2024တနင်္သာရီမြို့နယ် ၊ မော်တုန်းကျေးရွာက အသက် ၆၂ နှစ်အရွယ် ဦးဟာဂျီ ဆိုသူသည် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၈နာရီဝန်းကျင်၌ မြို့ဟောင်းရွာတွင် မြေမြှုပ်မိုင်းနင်းမိ၍ ဆေးကုသနေစဉ် အသက်ဆုံးရှုံးသွားကြောင်း ဒေသခံများကပြောသည်။ နာရေးကူညီမှုအသင်းအတွက် အလှူငွေသွားရောက်ကောက်ခံပြီး နေအိမ်ရှိရာ မော်တုန်းရွာသို့ မြို့ဟောင်းရွာမှ ပြန်လာစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဦးဟာဂျီ မိုင်းနင်းမိသည့် နေရာနှင့်စစ်ကောင်စီ၏ အမှတ် (၃၀၆) အမြောက်တပ်ရင်းသည် ၂ ဖာလုံခန့်ကွာဝေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါမိုင်းသည် လူနေအိမ်များ၏အနောက်ဘက်တွင် ထောင်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းနင်းမိပြီးနောက် အမှတ် (၃၀၆) အမြောက်တပ်ရင်အား ဆက်သွယ်အကူအညီတောင်းခံခဲ့သော်လည်း တယ်လီဖုန်းဖြင့်သာ မိုင်းရှိသည့်နေရာများ ညွှန်ကြား၍ ကိုယ်တိုင်လာရောက် ကူညီပေးခြင်းမရှိခဲ့ကြောင်း သွားရောက်ကူညီရာတွင်ပါဝင်ခဲ့သူများကပြောပြသည်။ “မိုင်းနင်းမိတော့ မိုင်းကွင်းဖြစ်နေမှာစိုးလို့ […]


