BREAKING
November 13, 2025

သတင်း

စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ၏ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ ကြေညာ

Dawei Watch

February 14, 2024

မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီသည် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ယနေ့ (ဖေဖော်ဝါရီ ၁၄) နံနက်ပိုင်းတွင် မွန်၊ မြန်မာ နှစ်ဘာသာဖြင့်ထုတ်ပြန်ခဲ့သည်။ မွန်ပြည်သစ်ပါတီက စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု ပါတီညီလာခံတွင် ဆုံးဖြတ်ခဲ့သော်လည်း လက်မခံသည့်အဖွဲ့ဝင်များက မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ယင်းသို့ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်မည်ဖြစ်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော၊ ဒုအဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်တို့က ယင်းအဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။ စစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို […]

ကော့သောင်း-ရနောင်း သွားလာသူ နှစ်ဆကျော်မြင့်တက်

Dawei Watch

February 13, 2024

စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်သော လူငယ်များ စစ်မှုထမ်းရမည့်ဥပဒေကို အသက်သွင်းပြဋ္ဌာန်း လိုက်ပြီးနောက် ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းဘက်သို့ သွားလာသူများ နှစ်ဆကျော်မြင့်တက်လာကြောင်း ကော့သောင်းမြို့ခံများနှင့် ပဲ့ချိတ်လှေသမားများက ပြောသည်။ ၇ရက် ယာယီနယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်လက်မှတ် (TBP စာအုပ်) ဖြင့် တစ်ရက်လျှင် နှစ်ရာခန့်သာ သွားရောက်လေ့ ရှိသော်လည်း ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ငါးရာကျော်အထိ ရှိလာကြောင်း ကော့သောင်းမြို့ခံ ပဲ့ချိတ်လှေသမား တစ်ဦးက ဆိုသည်။ “မိုးလင်းတုန်းက မနေ့ကထက် ပိုများလာတာ သိသာတယ်။ တန်းစီနေကြတာ ပန်းခြံနားအထိရောက်တယ်။ နည်းတာ မဟုတ်ဘူး။ ပိတ်ဖို့အနေအထားရှိနေသလိုပဲ ကျွန်တော်တို့ ထင်ထားတာက။ အခုတော့ မပိတ်သေးဘူး” ဟု ၎င်းက ပြော သည်။ ရနောင်းတွင် ပွဲတော်ရှိသောနေ့ရက်များတွင်သာ […]

ရန်ကုန်နှင့် မန္တလေးတွင် လူမျိုးရေးမုန်းတီးရေး လှုံ့ဆော်စာများဖြန့်

Dawei Watch

February 13, 2024

ရန်ကုန်နှင့် မန္တလေးတို့တွင် လူမျိုးရေးမုန်းတီးရေးစာများ လိုက်လံဖြန့်ဝေနေသည်ကို တွေ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရခိုင်ပြည်နယ်တွင် ကျောက်တော်မြို့မှ စစ်တွေမြို့သို့ ပြောင်းရွှေ့လာသည့် စစ်သင်္ဘောသုံးစင်း တိုက်ခိုက် နစ်မြှုပ်ခံရသည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်မိသားဝင် ရာနှင့်ချီ သေဆုံးပြီး အသက်ရှင်သူများလည်း အသတ်ခံရသည်ဟုဆို ယင်းအပေါ် လက်တုံ့ပြန်ရန် ယင်းသို့ ဖြန့်ဝေနေကြခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ရက်တွင် စစ်သင်္ဘောတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ ထောက်ခံသူများ၏ လူမှုကွန်ရက်တွင် လူမျိုးရေးမုန်းတီးရေး စာများ စတင်ဖြန့်ဝေခဲ့ကြသည်ကို တွေ့ရသည်။ ရခိုင်လူမျိုးများ၏ ဆိုင်များတွင် စျေးမဝယ်ရန်၊ ရခိုင်မုန့်တီကို မစားကြရန်၊ ရန်ကုန်၊ မန္တလေးရောက် ရခိုင်လူမျိုးများကို လက်တုံ့ပြန်ရန် စသည့်စာများ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ယင်းနောက်လေးရက်အကြာ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မန္တလေးမြို့ပေါ်တွင် လူမျိုးရေးမုန်းတီးရေးစာများ စတင်ဖြန့်ဝေလာ […]

ထိုင်ဝန်ကြီးချုပ်ဟောင်းသက်ဆင် တနင်္ဂနွေနေ့တွင် ပြန်လွတ်မည်

Dawei Watch

February 13, 2024

ထောင်ဒဏ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်သည် လာမည့် တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြန်လွတ်လာမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီး Tawee Sodsong က ယနေ့တွင် ပြောကြားသည်။ သက်ဆင်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့် အကျဉ်းသား ၉၃၀ ဦးတွင် ပါဝင်လာမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် စေထာထဝီစင်ကလည်း ပြောသည်။ ပြုပြင်ထိန်းသိမ်းရေးဌာနက ပို့ပေးလိုက်သော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့် အကျဉ်းသား ၉၄၅ ဦးကို အတည်ပြုရာတွင် ၉၃၀ ဦးသည် ကျန်းမာရေးအရ၊ အသက်အရွယ်အရ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကိုက်ညီမှုရှိကြောင်း တရားရေးရာဝန်ကြီးက ဆိုသည်။ သက်ဆင်သည် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရောဂါပေါင်းများစွာကို ခံစားနေရသဖြင့် ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် လပေါင်းများစွာ နေထိုင်နေခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ပြည်ပတွင် ၁၅ […]

ထားဝယ် ထုတ်လုပ်သူစျေးကွက်တွင် ဓနိဖက် တစ်ထောင် တစ်သိန်းလေးသောင်းကျပ်အထိဖြစ်လာ

Dawei Watch

February 13, 2024

ထားဝယ်တွင် ယခုနှစ် အိမ်အမိုး ဓနိဖက် ထုတ် လုပ်သူ စျေးကွက်တွင် ဖက်တစ်ထောင် တစ်သိန်းလေးသောင်းကျပ်အထိဖြစ်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် နှစ်က ဓနိဖက် တစ်ထောင်ကို တစ်သိန်းနှစ်သောင်း ကျပ်သာရှိခဲ့သည်။ လုပ်သားရှားပါး​သောကြောင့် လုပ်အားခ စျေးတက်မှုအပြင် ကုန်ကြမ်းပစ္စည်းစျေးတက်ခြင်းတို့ကြောင့် ယခင်နှစ်ကထက် ဓနိဖက် တစ်ထောင် ကျပ်နှစ်သောင်းခန့်စျေးတက်လာခြင်းလည်း ဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ယခုနှစ် ဓနိဖက် တစ်ထောင် ထုတ်လုပ်မှု စရိတ်မှာ ဖက်ထိုးခ ၂၅၀၀၀ ကျပ်၊ ဖက်တံတစ်စည်း ၁၃၀၀၀ ကျပ်အထိဖြစ်လာကြောင်း ဓနိဖက်ထုတ်လုပ်သူများထံမှ သိရသည်။ ယခင်နှစ်က ဖက်ထိုးခမှာ ၂၀၀၀၀ ကျပ်၊ ဖက်တံတစ်စည်း ၇၀၀၀ ကျပ်သာရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဓနိဖက် ထိုးတဲ့သူက အရင်ကလို မရှိတော့ဘူး” ဟု […]

တော်လှန်ရေးအဖွဲ့များက မွန်ပြည်နယ်ရှိ စစ်ကောင်စီစခန်းနှင့်ဂိတ်များကို ဆက်တိုက်တိုက်ခိုက်

Dawei Watch

February 13, 2024

မွန်ပြည်နယ်၊ ကျိုက်ထို၊ သထုံနှင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို တော်လှန်ရေးပူးပေါင်းအင်အားစုတို့က ယခုရက်ပိုင်းအတွင်း ဝင်ရောက်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်၊ ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် ရော်ဘာအစေးခြစ်နေသည့်ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ထိုနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်လည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် စစ်တောင်းတံတား စစ်ဆေးရေးဂိတ်တို့ကိုလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားသည်။ ယင်းသို့ပင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က […]

ရေး-ထားဝယ်ကားလမ်းတွင် မူးယစ်ဆေးဝါးသယ်လာသည့် ကုန်ကားတစ်စီး ဗထူးတပ်ဖမ်းဆီး

Dawei Watch

February 13, 2024

ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းတွင် မူးယစ်ဆေးဝါး သယ်လာသည့်ကုန်တင်ကားတစ်စီးကို ဖေဖော်ဝါရီလ ၉ ရက်ကဖမ်းဆီးထားကြောင်း ဗထူးတပ်မတော်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေစဥ် ရေးမြို့ဘက်မှလာသော ၁၂ဘီးကုန်တင်ယာဥ်တစ်စီး အား ရပ်တန့်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ အဆိုပါကုန်တင်ကားတွင် ကာလတန်ဖိုး ကျပ်သိန်းကိုထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား နှစ်သိန်းရှစ်သောင်းကျော် နှင့် ငွေသား ကျပ်ဆယ့်တစ်သိန်းကျော် သိမ်းဆည်းခဲ့ကြောင်း ဗထူးတပ်ထံကသိရသည်။ ကုန်တင်ကားနှင့် မူးယစ်ဆေးဝါးအပါအဝင် သယ်ဆောင်လာသည့်ကုန်ပစ္စည်းအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် ၂ဦးကို ဆက်လက်ဖမ်းဆီးထားကြောင်း ဗထူးတပ်မတော် ပြန်ကြာရေး တာဝန်ခံ ကိုထက်မြက်ကပြောသည်။ အဆိုပါဖမ်းဆီးထားသူ နှစ်ဦးအား အရေးယူမှုနှင့်ပတ်သက်၍ မေးမြန်ရာ “လက်ရှိစစ်ဆေးနေတဲ့အခြေအနေမှာပဲရှိသေးတယ်။ အရေးယူဖို့က နောက်ထပ်အပိုင်း။ ဘယ်လိုအရေးယူမယ်ဆိုတာကပြောလို့မရသေးဘူး” ဟု ကိုထက်မြက် က ပြောဆိုသည်။ ယင်းကားကို ဖမ်းဆီးသည့် ရက်တွင် […]

စစ်သင်္ဘောတစ်စင်းကို ထပ်မံတိုက်ခိုက်နစ်မြှုပ်ခဲ့ကြောင်း AA ပြော

Dawei Watch

February 13, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စင်းကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထပ်မံတိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ကျောက်တော်မြို့နယ်တွင် စစ်သင်္ဘောသုံးစီးကို တိုက်ခိုက်နစ်မြှုပ်ပြီးနောက် မင်းပြားမြို့နယ်တွင် နောက်ထပ်စစ်သင်္ဘောတစ်စင်းကို နစ်မြှုပ်နိုင်ခဲ့ခြင်ဖြစ်ကြောင်း ဖော်ပြသည်။ ယခုသီတင်းပတ်အတွင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား ရေကြောင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မင်းပြားမြို့နယ်တွင် ရေကြောင်းအပြင် လေကြောင်း တိုက်ခိုက်မှုလည်းရှိနေပြီး ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းက လေကြောင်းဖြင့် ပစ်ခတ်သဖြင့် ထုတ်ပင်လယ်ရွာက အရပ်သား လေးဦး အပြင်းအထန် ဒဏ်ရာရကြောင်း AA က ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြောရွာအနီးတွင်လည်း တိုက်ပွဲများ […]