BREAKING
November 13, 2025

သတင်း

မြေပုံမြို့ကို AA သိမ်းယူ၊ မြို့နယ်အဆင့်မြို့ ခြောက်မြို့အထိ သိမ်းယူထား

Dawei Watch

February 16, 2024

ရခိုင်ပြည်နယ် မြေပုံမြို့ကို ထပ်မံသိမ်းယူလိုက်ပြီး မြို့နယ်အဆင့်ရှိသည့်မြို့ ခြောက်မြို့ကို သိမ်းယူထားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ စစ်ဆင်ရေး သုံးလတာကာလအတွင်း မြို့နယ်အဆင့်မြို့များဖြစ်သည့် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်စခန်းများကို AA က သိမ်းယူပြီး မြို့ကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြေပုံမြို့ကို မည်သည့်နေရက်က သိမ်းယူနိုင်ခဲ့သည်အပါအဝင် မြို့သိမ်းခဲ့သည့် အခြေအနေတို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မတွေ့ရပေ။ မြေပုံမြိုရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များမှာ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြို့ကို စွန့်ခွာသွားကြောင်း ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။ ရမ်းဗြဲမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ရသေ့တောင်မြို့နယ်တွင်လည်း တိုက်ပွဲများစတင်ဖြစ်ပွားနေကာ စစ်ကောင်စီဘက်က […]

သထုံတွင် ကားတိုက်မှုဖြစ်ပြီး လူခုနစ်ဦးသေဆုံး

Dawei Watch

February 15, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲခန့် က သထုံဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင်လာသည့် တွဲကားနှင့် ဘီးလင်းဘက်မှ သထုံဘက်သို့ လာ သည့် ပရိုဘောက်စ်တို့ ကရင်လေးဆိပ်ကျေးရွာအနီးအရောက်တွင် မျက်နှာချင်းဆိုင် တိုက်မိကြောင်း ၎င်းတို့ထံမှ သိရသည်။ ကားနှစ်စီး လမ်းဘေးမြောင်းထဲ ထိုးကျသွားပြီး ပရိုဘောက်စ်ကားပေါ် တွဲကားကျသွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ “ကားက မြောင်းထဲကျသွားပြီးတော့ ပရိုဘောက်စ်က တွဲကားအောက်ရောက်သွားတယ်။ ပရိုဘောက်စ်မှာ ပါလာတဲ့ အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦး သေဆုံးသွားခဲ့ပါတယ်” […]

ရှားတောမြို့ကို ကရင်နီတော်လှန်ရေးအဖွဲ့များသိမ်းယူ

Dawei Watch

February 15, 2024

ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူလိုက်ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် ၁၆၀ ကျော် သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည်။ ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား အခိုင်အမာတပ်ချထားသည့် စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သိမ်းယူရရှိခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ မြို့အဝင် စေတီကုန်းပေါ်တွင် စစ်ကောင်စီ၏ ခမရ (၄၈၂) တပ်က ရှေ့တန်းအထိုင်ချ၍ တပ်စွဲထားသော ဗျူဟာကုန်း စခန်းအား ဝန်းရံထားသည့် အရေးပါသော ကာကင်းစခန်းကုန်းများဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း […]

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် မြန်မာနယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်ကို ပြန်လွှဲ

Dawei Watch

February 15, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသည့် မြန်မာနယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ကျော်ကို ယနေ့ ဖေဖော်ဝါရီလ ၁၅ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလာဒေ့ရှ်သတင်းဌာန တစ်ခုဖြစ်သည့် Dhaka Tribune သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui ဦးဆောင်ပြီး နယ်ခြားစောင့်အဖွဲ့က မြန်မာနယ်ခြားစောင့် ကိုယ်စားလှယ်အဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း ဖော်ပြသည်။ အဆိုပါတပ်ဖွဲ့ဝင်များကို ကော့ဘဇားခရိုင်ရှိ Inani ရေတပ်ဆိပ်ခံတံတားသို့ ခေါ်ဆောင်သွားပြီး ယင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးကျောက်ချ ရပ်နားထားသည့် မြန်မာရေတပ်က သင်္ဘောဖြင့် ပြန်လည် ခေါ်ဆောင်သွားကြောင်း ဆိုသည်။ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို ဖော်ပြထားခြင်း မရှိပေ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တောင်ပြို (လက်ဝဲ) […]

ကျွန်းစုတွင် ဆီလာတင်သည့် စက်လှေမီး‌‌လောင်ပေါက်ကွဲ​ပြီး ခြောက်ဦးဒဏ်ရာရ

Dawei Watch

February 15, 2024

ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ကဏန်းကျွန်းအရှေ့ဖက်ရှိ ရေပြင်တွင် ဖေဖော်ဝါရီ ၁၄ ရက်‌‌ နံနက် ၁၀ နာရီဝန်းကျင်က ကုန်တင်လှေ တစ်စီးပေါက်ကွဲမီးလောင်ပြီး ခြောက်ဦးဒဏ်ရာရကြောင်း ဒေသခံများကပြောသည်။ အဆိုပါစက်လှေမှာ ဆီတင်ဘောတွင် ဆီဖြည့်ပြီးနောက် မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပေါက်တော့ပေါက်ကွဲတယ်။ ဆီပုံးပေါက်ကွဲတာလား ၊ ဂက်(စ်)အိုးပေါက်ကွဲတာလားတော့ မသိရဘူး” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် လှေပေါ်လိုက်ပါလာသည့် ကျွန်းစုမြို့နယ် သဘောင်းတောင်ရွာသား ခြောက် ဦးဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအသင်းအဖွဲ့များက မြိတ်ဆေးရုံသို့ အသီးသီးကူညီပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထိုင်းတွင် မြန်မာလုပ်သားများအတွက် CI စခန်းများ လာမည့်အပတ်တွင် စဖွင့်မည်

Dawei Watch

February 15, 2024

နိုင်ငံကူးလက်မှတ်မရှိသေးသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးမည့် စခန်းများကို လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စ၍ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း  7-Eleven စတိုးဆိုင်များမှ စုံစမ်းသိရှိရသည်။ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် အမည်စာရင်းတင်သွင်းထားသော မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ်မရှိပါက အခြေခံအလုပ်သမားဗီဇာ (NON L-A) ကို ထည့်သွင်းအသုံးပြုရန် CI စာအုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။ CI စာအုပ်ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတဝန်းရှိ 7-Eleven စတိုးဆိုင်များတွင် ပထမ ရက်ချိန်း ရယူရမည်ဖြစ်ပြီး ဝန်ဆောင်ခ ၁၃၁၀ ဘတ် ကနဦးကုန်ကျမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ 7-Eleven စတိုးဆိုင်များတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်ကာ CI လုပ်ရန် ရက်ချိန်းတိုကင် […]

ခြောက်ကပ်နေသည့် ရှင်မော်စေတီ

Dawei Watch

February 15, 2024

အာဏာမသိမ်းမီက နေ့စဉ်ဘုရားဖူးထောင်ချီဖြင့် စည်ကားနေတတ်သည့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်စေတီ၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မြင်ကွင်းများဖြစ်သည်။ ရှင်မော်တောင်သို့တက်သည့် လမ်းဘေးဝဲယာတွင် ခြုံထူနေပြီး တံတားတစ်စင်းမှာလည်း ဆွေးမြေ့လျက်ရှိသည်။ ဈေးဆိုင်တန်းမှာ သော့ခတ်လျှက်သား ဖုံတက်နေပြီး၊ ဘုရားအချို့ကို သော့ခတ်ထားသည်ကိုတွေ့ရသည်။ အချို့ဘုရားများမှာ ဆီးမီး၊ ပန်းနံ့သာ ကပ်မဲ့သူမရှိသဖြင့် ခြောက်ကပ်နေသည်။ ဘုရားဝင်းတစ်ခုလုံးတွင် ဂေါပကအဖွဲ့ဝင်နှစ်ဦးမှလွဲပြီး အခြားသူများတစ်ဦး‌တစ်ယောက်မျှမရှိပေ။ ‌ရှင်မော်‌စေတီမှာ ဒေသတွင်းသာမက ပြည်တွင်းဘုရားဖူးများကြားတွင် နာမည်ကြီးပြီး ထားဝယ်ဒေသသို့ရောက်တိုင်း မဖြစ်မနေ သွားရောက်ဖူးမျှော်ရသည့် စေတီထဲတွင်ပါဝင်သည်။ ဖေဖော်ဝါရီလ ၁၄ ရက်ကဲ့သို့သော နေ့များအပြင် အခါကြီး၊ ရက်ကြီးအချိန်များ၊ ရုံးပိတ်ရက်များတွင် ရှင်မော်စေတီသို့ လာရောက်ဖူးမျှော်သူ နေ့စဉ်ထောင်ဂဏန်းအထိရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ရှင်မော်စေတီသို့ ဘုရားဖူးများ အလာကျဲသွားပြီး လက်ရှိတွင်မူ လာရောက်သူ လုံးဝမရှိသဖြင့် ရင်ပြင်တစ်ခုလုံးခြောက်ကပ်တိတ်ဆိတ်လျှက်ရှိပေသည်။

တပ်မမှူးနှင့် ဗျူဟာမှူးနှစ်ဦးကို AA က ဖမ်းမိထားပြီး နှစ်ဦးသေဆုံးဟု AA ပြော

Dawei Watch

February 15, 2024

ရခိုင်ပြည်နယ်တွင် သုံးလကျော် တိုက်ပွဲကာလအတွင်း တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦးကို ဖမ်းမိထားပြီး တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦး သေဆုံးကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၉ လက်အောက်ခံနည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ ၁၆ ရက်တွင် ဒဏ်ရာများဖြင့် ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်တွင် ဒဏ်ရာများဖြင့် သေလုမျောပါးဖြစ်နေပြီး လက်ရှိတွင် ကျန်းမာနေပြီဖြစ်ကြောင်း ဆိုသည်။ ကျောက်တော်မြို့နယ်၌ ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်တို့က စစ်သင်္ဘောသုံးစင်းတိုက်ခိုက်နစ်မြှုပ်ခံရသည့် ဖြစ်စဉ်တွင် ထွက်ပြေးလာသည့် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်အချို့ကို ဖမ်းမိထားကြောင်း AA က ထုတ်ပြန်သည်။ […]