ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ကျေးရွာအုပ်စုတစ်ခုတွင် စစ်ကောင်စီက ရပ်/ကျေး အုပ်ချုပ်ရေးများပြန်ဖွဲ့

Dawei Watch

November 6, 2024

ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စုတွင် လတ်တလောနယ်မြေ စိုးမိုးထားသော စစ်ကောင်စီတပ်က ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များဖွဲ့ကာ အုပ်ချုပ်ရေးယန္တရား ပြန်အသက်သွင်းရန် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇရပ်ဆိပ်အုပ်စုတွင် အုပ်ချုပ်ရေးမှူးပြန်လည်ခန့်ထားပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ကာ စစ်ကောင်စီ၏ ယန္တရားပြန်လည်ပတ်နိုင်ရေးအတွက် လူဦးရေစာရင်း ကောက်နေကြောင်း ၎င်းတို့က ဆိုသည်။ မြိတ်-ထားဝယ်လမ်းပေါ်ရှိ ယင်းကျေးရွာအုပ်စုမှာ ယခင်က ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အချိန်ကြာမြင့်စွာ ထိန်းချုပ်ထားသည့် နယ်မြေတစ်ခုဖြစ်သည်။ သို့သော် အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်သား အင်အားရာချီအသုံးပြုကာ ထိုးစစ်ဆင်လာသည့်အတွက် ယင်းနယ်မြေများမှ နောက်ဆုတ်ပေးလိုက်ရသည်။ “အခုတော့ လမ်း‌မကြီးတစ်လျှောက် သူတို့ရှိနေတယ်။အချိန်မရွေးတိုက်ပွဲက ပြန်ဖြစ်နိုင်တယ်။ အ‌ခြေအနေအရ နောက်ဆုတ်ထားရတာ” ဟု ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဇရပ်ဆိပ်ကျေးရွာက မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိပြီး ဇရပ်ဆိပ်၊ကျောက်ကမ်းဖဲ၊တပို၊မိန်းမမြို့ စသည့်ရွာများက […]

ထားဝယ် ကနိုင်းဒါရွာတွင် လောင်းကစားဝိုင်းကို PDF ဝင်ဖမ်း

Dawei Watch

November 5, 2024

ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာတွင် လောင်းကစားဝိုင်းကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၃ ရက်တွင် ဝင်ရောက်ဖမ်းဆီးပြီး ဆိုင်ကယ်နှင့် ငွေကြေးအချို့ကို သိမ်းဆည်းသွားကြောင်း ဒေသခံအချို့နှင့် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။ လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးချိန်တွင် ပျူစောထီးတပ်ဖွဲ့ဝင်အချို့ ဖမ်းမိပြီး ရွှေထည်လက်ဝတ်ရတနာ ပစ္စည်း အချို့၊ ငွေကျပ်သိန်းဆယ်ချီနှင့် ဆိုင်ကယ်များကို PDF က သိမ်းဆည်းသွားသည်ဟု ကြားသိရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဘယ်လောက်ဘယ်လောက်ပါတယ်ဆိုတာ အတိအကျတော့မသိဘူး။ ကစားဝိုင်းကတော့ ကစားဝိုင်းကြီးပဲ” ဟု ၎င်းက ဆိုသည်။ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အနီထောင်ဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာ လောင်းကစားဝိုင်းက ငွေကျပ် ၃၅ သိန်းနီးပါးနှင့် ရွှေထည်ပစ္စည်း တစ်ကျပ်သားခန့်၊ Honda Fit ကားတစ်စီး၊ ဆိုင်ကယ် […]

ထားဝယ်မြို့တွင် ယနေ့ညနေ ဓားထောက်လုယက်မှုဖြစ်

Dawei Watch

November 5, 2024

ထားဝယ်မြို့ ထန်းပင်တန်းလမ်းတွင် ယနေ့ နိုဝင်ဘာလ ၅ရက် ညနေ ၅ နာရီဝန်းကျင်က ဓားထောက်လုယက်မှုဖြစ်ပွားပြီး လုယက်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ ထန်းပင်တန်းလမ်း (ခေါ် ) ကျန်းမာရေးလမ်းပေါ်တွင် စက်ဘီးဖြင့် သွားလာနေသည့် အမျိုးသမီးတစ်ဦး၊ ဇနီးမောင်နှံနှစ်ဦး၊ အခြားမျိုးသားတစ်ဦးတို့ ဓားထောက်လုယက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “လုတဲ့သူက ထော်လာဂျီနဲ့ဗျ။ ဆေးပဲကြောင်နေတာလား။ ဆေးဖိုးပဲလိုလို့ လုတာလားတော့ မပြောတတ်ဘူး။ ဓားနဲ့‌ခြောက်ပြီး ရှိတာအကုန်ယူပြီး ထော်လာဂျီ အရှိန်ကုန်မောင်းပြေးသွားတယ်လို့ကြားတယ်” ဟု ထန်းပင်တန်းလမ်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။ ဓားထောက်လုယက်နေသည်ကို ထန်းပင်တန်းလမ်းတွင် ထန်းရည်သောက်နေသူများကလည်း မြင်တွေ့ခဲ့ကြပြီးနောက် လုယက်သူနောက်သို့ ဆိုင်ကယ်ဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ လုယက်သူမှာ ထော်လာဂျီဖြင့် မောင်းပြေးသွားချိန် မီးသုံးလုံးလမ်းဆုံအရောက်တွင် စစ်ကောင်စီတပ် ကင်းလှည့်သည့်ကားနှင့်တိုးပြီး […]

ကန်ရွေးကောက်ပွဲ သတင်းအမှားဖြန့်ရန် ရုရှား ငွေယူခဲ့ကြောင်း နာမည်ကြီးဘလော့ဂါ ဝန်ခံ

Dawei Watch

November 5, 2024

အမေရိကန်ရွေးကောက်ပွဲတွင် ဟေတီနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများက မဲပေးနေကြောင်း သတင်းအမှား ဖြန့်ချိရန် ရုရှားအစိုးရ ဝါဒဖြန့်တစ်ဦးထံမှ ဒေါ်လာ ၁၀၀ လက်ခံရရှိခဲ့ကြောင်း ထရမ့်ပ်ကို ထောက်ခံသည့် အမေရိကန်ဘလော့ဂါတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ အမည်မဖော်လိုသည့် အဆိုပါ အမျိုးသားသည် မက်ဆာချူးဆက်ပြည်နယ်သားတစ်ဦး ဖြစ်ပြီး X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ၎င်း၏ နိုင်ငံရေးအမြင်များကို ရေးသားပြောဆိုလေ့ရှိသူ ဖြစ်သည်။ ၎င်း အသုံးပြုသည့် @AlphaFox78 ဆိုသည့် အကောင့်တွင် ဖော်လိုဝါပေါင်း ၆ သိန်းခွဲ ရှိသည်။ ဟေတီနိုင်ငံသား ရွှေ့ပြောင်းအခြေချသူတစ်ဦးက ဂျော်ဂျီယာပြည်နယ်တွင် ကမ်မလာဟဲရစ်အား အနည်းဆုံးနှစ်ကြိမ် မဲပေးမည်ဟု ပြောဆိုနေသည့် ရုပ်သံဖိုင်ကို ၎င်း၏ X လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ထားခဲ့သည်။ ယင်းဗီဒီယိုမှာ သတင်းအမှားဖြန့်ချိရန်အတွက် ရုရှားဘက်မှ လုပ်ကြံဖန်တီးထားသည့် ဗီဒီယိုဖိုင်တစ်ခု ဖြစ်သည်။ ရုရှားသရုပ်ဆောင်များကို […]

ထိုင်းတောင်ပိုင်းတွင် ထားဝယ်ငါးဖမ်းသမားတစ်ဦး လှေပေါ်က ပြုတ်ကျသေဆုံးမှု အလုပ်ရှင် တာဝန်မယူ

Dawei Watch

November 5, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငါးခရိုင်တွင် ငါးဖမ်းလှေလိုက်နေသော ထားဝယ်ဒေသခံ ရေလုပ်သားတစ်ဦးသည် မတော်တဆ ရေထဲပြုတ်ကျ သေဆုံးခဲ့သော်လည်း အလုပ်ရှင်က တာဝန်မယူဘဲ ပစ်ထားခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူထံမှ သိရသည်။ ပြီးခဲ့သော အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ငါးဖမ်းလှေပေါ် လိုက်ပါသွားသော ထားဝယ်ရေလုပ်သားတစ်ဦးသည် လှေထွက်ပြီး နာရီပိုင်းအကြာ ရေထဲပြုတ်ကျ၍ ပင်လယ်ထဲ ပျောက်ဆုံးသွားခဲ့ကြောင်း နီးစပ်သူက ဆိုသည်။ ပင်လယ်ထဲ ပြုတ်ကျပျောက်ဆုံးခဲ့သူမှာ အသက် ၄၃ နှစ်အရွယ် ကိုကျော့ကီးအမည်ရှိ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာသားဖြစ်သည်။ ၎င်းလိုက်နေသော ငါးဖမ်းလှေသည် တစ်လ နှစ်ကြိမ်သာ ဝင်ထွက်လေ့ရှိသော မီးထွန်းလှေအမျိုးအစားဖြစ်ပြီး ပင်လယ်ထဲ ပြုတ်ကျပျောက်ဆုံးခဲ့သော်လည်း အလုပ်ရှင်က တာဝန်ယူမှုမရှိဘဲ ကယ်ဆယ်ရေးကိုလည်း မခေါ် ကမ်းခြေစောင့်တပ်ကိုလည်း အကြောင်းမကြားဘဲ ထားခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။ […]

ကျိုက်ထိုတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ကြားထိတွေ့ပစ်ခတ်မှု ရက်ဆက်ဖြစ်

Dawei Watch

November 5, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်တို့ကြား ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုများ ရက်ဆက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၂၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၃၀ရက်နေ့ကစပြီး ပျဥ်းကတိုးကုန်း၊ မဲရုံကြီး၊ မဲရုံလေး၊ ဝင်းကလော၊ ကျောက်ဖျာကျေးရွာတို့ဘက်ကို အင်အားဖြန့်ပြီး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့ကြား အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး နေ့တိုင်းနီးပါး ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်ကြောင်းတွေ ဝင်လာတဲ့နေ့ကတည်းက တိုက်ပွဲဖြစ်နေတာ နေ့တိုင်းပဲ။ သူတို့ (စစ်ကောင်စီတပ်) ပြန်မထွက်ရင် တိုက်ပွဲဆက်ရှိနေမယ်။ နောက် လက်နက်ကြီးတွေနဲ့ ပစ်နေတာ ဆက်တိုက်ပဲ” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီ စစ်ကြောင်းဝင်လာစဉ် ဖမ်းဆီးခံရသည့် ဒေသခံအချို့ရှိသလို […]

ခမောက်ကြီးတွင် အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

November 5, 2024

ခမောက်ကြီးမြို့ ၊ အမှတ် (၄) ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ဝင်းဌေးသည် နိုဝင်ဘာလ ၄ ရက် ညနေပိုင်းတွင် ၎င်း၏နေအိမ်၌ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ဒေါ်ဝင်းဌေးကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ၎င်းသည် စစ်ကောင်စီ၏ စစ်မှုထမ်းကိစ္စနှင့် သန်းခေါင်စာရင်းကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ငွေကြေးကောက်ခံခြင်း၊ တော်လှန်ရေးအဖွဲ့များအား စုံစမ်းထောက်လှမ်းခြင်း စသည်တို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အထက်ဖော်ပြပါ ထုတ်ပြန်ချက်တွင်ပါရှိသည့် အချက်များကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ဒေါ်ဝင်းဌေးသည် စစ်အာဏာသိမ်းပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သူဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက […]

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ် တနင်္သာရီဝန်ကြီးချုပ်ပါဝင်၊ လေယာဉ်ထွက်ပြီးနောက် လေဆိပ်တွင် ပေါက်ကွဲမှုဖြစ်

Dawei Watch

November 5, 2024

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုပါ လိုက်ပါသွားကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ စစ်ခေါင်းဆောင်နှင့်အတူ တနင်္သာရီတိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် စသည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်သုံးဦး လိုက်ပါသွားခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်နှင့်အဖွဲ့ နေပြည်တော် အေလာလေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး လေယာဉ်ထွက်ပြီး နံနက် ၈ နာရီကျော်ကျော်ခန့်တွင် အေလာလေဆိပ်၌ ဗုံးပေါက်ကွဲခဲ့ကြောင်း လေယာဉ်ပြေးလမ်းနှင့် ကားပါကင်ကြား ဗုံးနှစ်ကြိမ်ပေါက်ခဲ့ကြောင်း လေဆိပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ပြည်တွင်း သတင်းများတွင် ရေးသားဖော်ပြခဲ့သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ် တစ်ခုဖြစ်သော People Media ကမူ ဒရုန်းဖြင့်လာရောက် တိုက်ခိုက်ရန် ကြိုးစားမှုကို တားဆီးခဲ့ခြင်းဖြစ်ကြေင်း ရေးသားထားသည်။ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် […]