ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)က လူထုနှင့်တွေ့ဆုံ

Dawei Watch

November 4, 2024

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဒုတိယ အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ် ဦးဆောင်တက်ရောက်သည့် လူထုတွေ့ဆုံပွဲကို နိုဝင်ဘာလ ၂ ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့သည်။ အဆိုပါလူထုတွေ့ဆုံပွဲတွင် မွန်လူထုနှင့် မွန်ဒေသများရှိ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်သည်ဟု NMSP- AD ထံမှ သိရသည်။ “အဖွဲ့အစည်းအသီးသီးနဲ့ အမြင်ဖလှယ်ဖို့ရယ်၊ မွန်ပြည်သစ်ပါတီ AD ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ရှင်းလင်းဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီတွေ့ဆုံပွဲကို လုပ်တာဖြစ်တယ်။ လွတ်မြောက်နယ်မြေတစ်နေရာမှာ လုပ်တာ” ဟု NMSP- AD တာဝန်ရှိသူတစ်ဦးက ပြောသည်။ တွေ့ဆုံပွဲတွင် NMSP AD ဘက်က ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ၊ စစ်ရေးလှုပ်ရှားမှုဆိုင်ရာ အခြေအနေများကို ရှင်းလင်းခဲ့ပြီး တက်ရောက်ခဲ့ကြသည့် […]

လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်တွင် ပြည်သူ့အာဏာ အမှတ်တံဆိပ်သင်္ကေတများ ရေးဆွဲဆန္ဒပြ

Dawei Watch

November 4, 2024

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်တွင် People Power ပြည်သူ့အာဏာ လက်သီးဆုပ် သင်္ကေတများကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့လယ်က ရေးဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ စစ်အာဏာရှင်စနစ်လက်အာက်က လွတ်မြောက်ရေးအတွက် ပြည်သူလူထု ပိုင်ဆိုင်သည့် နိုင်ငံရေးအာဏာကို တည်ဆောက်ပြီး နိုင်ငံရေးအရ အန်တုဆန့်ကျင်ကြရန် အသိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ထားဝယ်ခရိုင် (DDMSC) ထံမှ သိရသည်။

ထိုင်းဘက်က အဝယ်လိုက်သဖြင့် ဂွေးခြောက်ဈေးကောင်းရနေ

Dawei Watch

November 4, 2024

ငါးပိလုပ်ရာတွင် အဓိကအသုံးပြုသည့် ဂွေး ‌ဟုခေါ်သည့် မျှင်‌ကောင်များကို အခြောက်လှန်းကာ ထိုင်းဘက်သို့ ရေကြောင်းဖြင့် တင်ပို့နေပြီးဈေးကောင်းရနေကြောင်း မြိတ်ကျွန်းစုရှိ ဒေသခံပင်လယ်ရေလုပ်သားများထံမှ သိရသည်။ ဂွေးခြောက် (အသန့်) ၃၀ ကီလိုဝန်းကျင်တစ်အိတ်လျှင် ကျပ်တစ်သိန်း‌ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုနှစ် မတ်လကမူ တစ်အိတ်လျှင် ကျပ်ငါးသောင်းဝန်းကျင်သာ ဈေးရှိခဲ့ကြောင်း သိရသည်။ “ထိုင်းဘက်က အဝယ်များလို့ ဈေးတက်လာတာပါ” ဟု ပြည်ကြီးမဏ္ဍိုင်မြို့ ၊ ရွှေဂဲညိုရွာတွင် ဂွေးခြောက်ရောင်းဝယ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ဂွေးခြောက်ကို ထိုင်းဘက်သို့ ရေကြောင်းမှ အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံတွင် ငါးပိ နှင့် ငံပြာရည် ပြုလုပ်ကြောင်း သိရသည်။ ဂွေးခြောက် ပြုလုပ်ရာတွင် ပင်လယ်ပြင်မှ ဖမ်းဆီးရရှိလာသည့် ဂွေးကောင်ငယ်များကို ဆားဖြင့်ရောနယ်ကာ နေ့ထက်ဝက်ခန့် နေလှန်းပြီး ရောင်းချလေ့ရှိကြောင်း […]

ကော့သောင်းမြို့တွင် ဆိုင်ကယ်လုယက်မှုများ ဆက်တိုက်ဖြစ်

Dawei Watch

November 4, 2024

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ငါးသုံးလုံးတောင်အနီးတွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဆိုင်ကယ်စီး၍ သွားလာနေစဉ် ဓားဖြင့်ခြိမ်းခြောက်လုယက်ခဲ့သလို သမီးရည်းစားချိန်းတွေ့ နေချိန်တွင်လည်း လုယက်မှုများဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ အောက်တိုဘာလ ၁၈ ရက် ည ၉နာရီဝန်းကျင်တွင် ငါးသုံးလုံးတောင်အနီး သမီးရည်းစားချိန်းတွေ့နေချိန် လူငယ် အမျိုးသားသုံးဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဓားထောက်ခြိမ်းခြောက်ကာ Honda အမျိုးအစား ၂၀၂၄ မော်ဒယ် Wave110 အနီရောင်ဆိုင်ကယ်တစ်စီးအပြင် ဖုန်းနှင့် ပိုက်ဆံအိတ်ပါ လုယူသွားကြောင်း အလုခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အသက်အန္တရယ် မဆုံးရှုံးအောင်ပေးခဲ့တာပေါ့။ လူတော့မထိခိုက်ဘူးဗျာ။ လုယက်သူတွေကလည်း ကောင်းကောင်း သိတယ်လေ။ ပြန်မခုခံဘူးဆိုရင် ရန်မပြုဘူးဗျ။ကျွန်တော်တို့ဒေသမှာ ဒီလိုခဏခဏဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။ အောက်တိုဘာလ ၃၁ ရက် […]

အဓမ္မတပ်သားစုဆောင်းခံရသူတစ်ဦး စစ်ကောင်စီတပ်မှ ထွက်ပြေးကာ တော်လှန်ရေးတပ်ထံ ခိုလှုံ

Dawei Watch

November 3, 2024

တနင်္သာရီတွင် စစ်ကောင်စီတပ်သားတစ်ဦး မိခင်တပ်ရင်းမှ ထွက်ပြေးပြီး သုံးရက်အကြာတွင် တနင်္သာရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖဇုန်-၃ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း တပ်ဖွဲ့တာဝန်ခံထံမှ သိရသည်။ တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ ၅၅၇ တပ်ရင်းက တပ်သားအဆင့်ဖြစ်ကြောင်း သိရသည်။ အဆိုပါတပ်ရင်းက စစ်ကောင်စီတပ်သားများ ရှေ့တန်းကပြန်ချိန် တနင်္သာရီမြို့နယ်တွင်းရှိ ဘိုးဘွားရိပ်သာကုန်းတွင် စခန်းချနေစဉ် ထွက်ပြေးလာခြင်းဖြစ်ကြောင်း တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။ ယင်းတပ်သားသည် အောက်တိုဘာ ၂၇ရက်နေ့တွင် ထွက်ပြေးလာခြင်းဖြစ်ပြီး ၃၀ရက် မွန်းလွဲ ၂ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့ထံ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရှေ့တန်းမှာ သူနဲ့တွဲဖက်တစ်ယောက်က ဘက်ပြောင်းခိုလှုံလိုက်တော့ သူ့အထက်က သူ့ကို သံသယတွေနဲ့ နှိပ်ကွပ်တာ၊ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး အမြဲခြိမ်းခြောက်တာတွေကြောင့် ထွက်ပြေးလာတာလို့ပြောတယ်။ လက်နက်တွေတော့မပါလာဘူးပေါ့” ဟု […]

ထောက်ပို့ထီ ပထမဆု ကျပ်သိန်းငါးရာကို ထားဝယ်ခရိုင် တပ်ရင်း ၁ က ဒရုန်းရဲဘော် ဆွတ်ခူး

Dawei Watch

November 3, 2024

တော်လှန်ရေးရန်ပုံငွေအတွက် ယခုနှစ်ဆန်းပိုင်းမှစ၍ လစဥ်ရောင်းချ ဖွင့်လှစ်ပေးနေသည့် ထောက်ပို့ထီ၏ ယခုလပထမဆုကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၁ (T 1) မှ ရဲဘော်တစ်ဦးက ဆွတ်ခူးသွားသည်ဟု အဆိုပါတပ်ရင်းထံကသိရသည် ။ ထားဝယ်ခရိုင် တပ်ရင်း ၁ (T 1) ၏ လက်ရုံးတပ်ဖြစ်သော ဒရုန်းတပ်မှ ရဲဘော်ကြွက်ဖြူ ကံစမ်းထားသည့် ၇၂၄၈၂၃ နံပါတ်ဖြင့် ကံထူးခဲ့ခြင်းဖြစ်သည် ။ “ရဲဘော် ရဲ့အစ်မ ဖြစ်သူက သူ့မောင်လေး အမည်နဲ့လာထိုးပေးထားတဲ့အထဲက ပေါက်တာပါ “ ဟု တပ်ရင်း ၁ ၏ ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။ ဆယ်ကြိမ်မြောက်ထီဆု၏ ကံထူးရှင် ရဲဘော်ကြွက်ဖြူက ကျပ်သိန်း ၅၀၀ အထဲမှ တော်လှန်ရေးအတွက် ပြန်လည်ထည့်ဝင်မည်ဟု ပြောထားပြီး မည်မျှပြန်လည်ထည့်ဝင်မည်ကိုမူ […]

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၄၀နီးပါးဖမ်းဆီးခံရ

Dawei Watch

November 3, 2024

ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၈ဦးကို နိုဝင်ဘာလ ၁ရက် ညပိုင်းက ဖမ်းဆီးရမိကြောင်း ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဗဟိုဌာနက ထုတ်ပြန်သည်။ ကောက်လယိုဒေသက အဝေးပြေးလမ်းမပေါ် မောင်းနှင်လာသော ဗန်ကားသုံးစီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာမှ ကားပေါ်လိုက်ပါလာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများသည် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်ပြီး အထောက်အထားစာရွက်များ မရှိကြကြောင်း ဖော်ပြသည်။ ကြားခံပွဲစားမှတစ်ဆင့် မဲဆောက်မြို့မှ ချင်းရိုင်မြို့သို့ ရောက်ရှိလာကြပြီး ချင်းရိုင်မှတစ်ဆင့် ပထုံဌာနီခရိုင်သို့ ကားများဖြင့် သွားစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံသားများက ထွက်ဆိုထားကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းကားသမားသုံးဦးကိုလည်း ဖမ်းမိခဲ့ပြီး ခရီးစဉ်အတွက် ကားတစ်စီးလျှင်ဘတ် ငါးထောင် မှ တစ်သောင်းအထိ ရရှိသဖြင့် သွားရောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း […]

ရေဖြူတွင် ရဟန်းတစ်ပါး ဖမ်းဆီးခံရ

Dawei Watch

November 3, 2024

ရေဖြူမြို့နယ်၊ ပရဒတ်ရွာ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်းတစ်ပါးကို လက်နက်ကိုင်အဖွဲ့တစ်ခုက နိုဝင်ဘာလ ၁ရက် ညနေပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ အဆိုပါရဟန်းမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က သင်္ကန်းဝတ်ခဲ့သည့် ပရဒတ်ရွာသား အသက် ၅၀ကျော်အရွယ်ရှိ လူအမည် ဦးစုသန်းအေးဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူ့ဆွေမျိုးတွေရဲ့ ကထိန်မှာ မနှစ်က သင်္ကန်းဝတ်ထားတာ။ အခုဆိုတစ်နှစ်လောက်ရှိနေပြီ” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါပုဂ္ဂိုလ်မှာ စစ်အဏာသိမ်းပြီးစအချိန်တွင် ပျူစောထီးခေါင်းဆောင် မင်းဘာလီဆိုသူ၏ လက်နက်ကိုင်အဖွဲ့တွင် ပါဝင်ခဲ့ဖူးသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ သို့သော် လွန်ခဲ့သည့် ၂နှစ်ခန့်ကစပြီး လက်နက်စွန့်ထားသူဖြစ်ကြောင်း ဒေသခံများ ပြောဆိုကြသည်။ နိုဝင်ဘာလ ၁ရက်ကလည်း မောင်းမကန်ရွာတွင်သားတစ်ဦးကို ညောင်ပင်ဆိပ်ရွာဘက်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ပြောကြားချက်အရသိရသည်။ ပရဒတ်ရွာက […]