ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မမဘုရား မြို့တွင်းသို့ နေ့ဘက်တွင် အပူဇော်ခံလှည့်လည်မည်

Dawei Watch

October 6, 2024

ထားဝယ်မြို့ ၊ ရှမ္မလည်ဆွဲ ရပ်ကွက်တွင် တည်ထားသော စရီးမာရီးယမ္မာန်မယ်တော်(ခ)မမဘုရားကို ယခုနှစ်တွင် မြို့တွင်းသို့ နေ့ခင်းဘက် လှည့်လည်အပူဇော်ခံမည်ဟု ဘုရားကျောင်း၏မားသားဆဂွန်းလ် ဂေါပကအဖွဲ့ထံကသိရသည်။ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာလ ၁၂ ရက် နံနက် ၅ နာရီခွဲတွင် ဘုရားကျောင်းမှ စတင်ထွက်ခွာ၍ မြို့တွင်းရှိ အဓိကလမ်းမကြီးများသို့ လှည့်လည်အပူဇော်ခံမည်ဖြစ်သည်။ ” နတ်အိုးရွက်တာ၊ မယ်တော်ပင့်တာတွေကို ဘုရားကျောင်းမှာပဲ အကျဥ်းရုံးလုပ်မယ် ၊ ပြီးတော့ မယ်တော်တစ်ပါးတည်း မြို့ထဲစံမယ်။ဖျော်ဖြေရေးမပါဘူး။ အဓိကလမ်းမတွေပဲသွားမယ် ။ လမ်းကြားတွေမဝင်တော့ဘူး ။ အခြေအနေအချိန်အခါအရလည်း အစီအစဥ်တွေ အပြောင်းအလဲရှိမယ်။ မနက် ၅နာရီခွဲလောက်ထွက်ပြီး ညနေ၄နာရီလောက် ဘုရားကျောင်းပြန်ရောက်အောင် ချိန်ထားတယ် ” ဟု မားသားဆဂွန်းလ်ဂေါပကအဖွဲ့မှ တာဝန်ရှိသူကပြောသည်။ မမဘုရားပွဲကို နှစ်စဥ် သီတင်းကျွတ်လဆန်း […]

ထိုင်းတောင်ပိုင်းက မြန်မာစာသင်ဝိုင်းကို ဝင်စစ်၊ ထားဝယ်ဒေသခံ CDM ဆရာမ ဖမ်းဆီးခံရ

Dawei Watch

October 6, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ရှိ အုန်းတောထဲတွင် မြန်မာကလေးငယ်များ ပညာသင်ယူနေသော စာသင်ဝိုင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး ထားဝယ်ဒေသခံ မြန်မာဆရာမကို ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူများနှင့် ထိုင်းသတင်းဌာနများထံမှ သိရသည်။ အောက်တိုဘာလ ၃ ရက်နေ့တွင် ဝင်ရောက်စစ်ဆေးခဲ့သည့် ယင်းစာသင်ဝိုင်းတွင် မြန်မာကလေးငယ် ငါးဆယ်ခန့် ပညာသင်ယူနေကြပြီး မြန်မာနိုင်ငံသင်ရိုးအတိုင်း ယင်းဆရာမက သင်ကြားပေးနေခြင်းဖြစ်ကြောင်း နီးစပ်သူများနှင့် ထိုင်းသတင်း၏ ဖော်ပြချက်အရ သိရသည်။ ထိုင်းနိုင်ငံအတွင်း မြန်မာစာသင်ဝိုင်းဖွင့်လှစ်ထားခြင်းသည် ဥပဒေနှင့် မညီဟုဆိုပြီး ကလေးများကို စာသင်ပေးနေသော အသက် ၃၇ နှစ်အရွယ် မြန်မာဆရာမကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာန Khaosod သတင်းတွင် ဖော်ပြထားသည်။ ဆရာမသည် ထားဝယ်ခရိုင် ဒေသခံတစ်ဦးဖြစ်ပြီး CDM ဆရာမတစ်ဦးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ အနီးအနားက မြန်မာအလုပ်သမားများ၏ ကလေးငယ်များကို ခေါ်ယူပြီး […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

October 5, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်အထိ လုံခြုံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်းကောက်၊ ပြည်သူတွေစိုးရိမ် စစ်ကောင်စီက သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့ရွာတွေမှာ လုံခြုံရေးတင်းကျပ်ပြီး အောက်တိုဘာလ ၁ရက်ကနေ သန်းခေါင်စာရင်း စတင်ကောက်ယူနေပါတယ်။ ရွေးကောက်ပွဲအတွက် မဲစာရင်းရဖို့ သန်းခေါင်စာရင်းကောက်ယူတယ်ဆိုပေမယ့် နဂိုကတည်းက လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့ ပြည်သူတွေဟာ သန်းခေါင်စာရင်းအချက်အလက်တွေကို တလွဲအသုံးချပြီး ဖိနှိပ်တာတွေ လုပ်ဆောင် လာမှာကို စိုးရိမ်နေကြတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။ သန်းခေါင်စာရင်း အချက်အလက်တွေအရ လူငယ်တွေရဲ့ စာရင်းရပြီး စစ်မှုထမ်းခေါ်ယူမှာ၊ အလုပ်အကိုင်တွေ နောက်ကြောင်းရာဇဝင်တွေအကြောင်း အသေးစိတ်မေးမြန်းတာတွေကြောင့် CDM တွေ၊ စစ်အာဏာရှင်ဆန့်ကျင်သူတွေ နောက်ကြောင်းသိသွားမှာ၊ တော်လှန်ရေးအဖွဲ့တွေထဲရောက်နေတဲ့ မိသားစုဝင်တွေ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

October 5, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာ ၂၈ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ ဟစ်ဘိုလာ ခေါင်းဆောင် သေဆုံး အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်စ်စန် နက်ရယ်လယ် (Hassan Nasrallah) သေဆုံးခဲ့တယ်လို့ ဟစ်ဘိုလာအဖွဲ့က အတည်ပြုပါတယ်။ ခေါင်းဆောင် သေဆုံးသွားပေမဲ့ စစ်ပွဲတွေ ဆက်လက်ဆင်နွှဲသွားမှာဖြစ်သလို ပါလက်စတိုင်းကို ဆက်လက်ထောက်ခံသွားမယ်လို့လည်း ဟစ်ဘိုလာဘက်က ထုတ်ပြန်ထားတာပါ။ အီရန်ဒုသမ္မတ ဂျာဗတ် ဇာရစ် (Javad Zarif) ကတော့ ဟစ်ဘိုလာခေါင်းဆောင် သေဆုံးမှုအတွက် ဝမ်းနည်းစကား ပြောကြာထားပါတယ်။ ဟစ်ဘိုလာ ဌာနချုပ်ရှိတဲ့ ဘေရူတ်မြို့ပေါ် စက်တင်ဘာလ ၂၇ ရက်နေ့က ပစ်ခတ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုထဲ ဟစ်ဘိုလာခေါင်းဆောင် သေဆုံးသွားတယ်လို့ […]

ထားဝယ်တွင် စည်ပင်သတ်မှတ်စျေးဖြင့် မရောင်းနိုင်ဟုဆိုကာ ဝက်သားအရောင်းရပ်

Dawei Watch

October 4, 2024

ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတ်မှတ်ပေးသည့် စျေးနှုန်းအတိုင်း မရောင်းချနိုင်သဖြင့် အရောင်းရပ်ဆိုင်းထားကြောင်း ဝက်ဒိုင်လုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးက ပြောသည်။ စက်တင်ဘာလတွင် စျေးကွက်အတွင်း ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၂၀၀၀ ဖြစ်လာပြီးနောက် ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့က တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ဖြင့် ရောင်းချရန် ပြောဆိုလာကြောင်း စျေးကွက်အတွင်းမှ သိရသည်။  တစ်ပိဿာ ကျပ်သုံးသောင်းကျော်ဖြစ်လာ၍ စားသုံးသူများ အခက်အခဲဖြစ်မည်စိုးရိမ်သဖြင့် ကျပ်နှစ်သောင်းခွဲဖြင့် ရောင်း ရန် ထားဝယ်ခရိုင် ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီအစည်းအဝေးတွင် သဘောတူညီဆုံးဖြတ်ခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။ “ဒေသကုန်ဈေးနှုန်း မကြီးမြင့်ဖို့အတွက်ကို ဒီနှုန်းနဲ့ပဲ ရောင်းဖို့ မှာထားတာတော့ရှိတာပေါ့ဗျာ။ ကျန်တာတော့ ပြောလို့ မရသေးဘူးဗျ” ဟု ၎င်းက ပြောဆိုသည်။   ၂၅၀၀၀ ကျပ်ထက် စျေးတင်ရောင်းချလျှင် ဖမ်းမည်ဆိုသဖြင့် အောက်တိုဘာလ ၃ ရက်ကစပြီး လေလံအောင်ထားသည့် ဝက်ဒိုင်များက မရောင်းချကြတော့ကြောင်း ဝက်ဒိုင်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။ ဝက် ဝယ်ယူရသည့် ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် စည်ပင်က သတ်မှတ်သည့် ဈေးနှုန်းအတိုင်း မရောင်းနိုင်သဖြင့် အရောင်းရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။  “သူတို့ကလည်း ၂၅၀၀၀ နဲ့ […]

ဘန်ကောက်တွင် စက်ရုံလုပ်သား မြန်မာဇနီးမောင်နှံနှစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းပေါက်

Dawei Watch

October 4, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းစောင်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ထိုင်းထီ ပထမဆု ဘတ်ခြောက်သန်းကို ကံထူးကြောင်း မြန်မာအလုပ်သမားအရေးကူညီနေသည့် MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၇၁၈၆၆၅ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။ ထီပေါက်သော ဇနီးမောင်နှံနှစ်ဦးသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၉ နှစ်ကျော် ရှိပြီဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ ဇနီးမောင်နှံနှစ်ဦးသည် ထီဆုငွေထုတ်ယူရန် MHAC မဟာမိတ်အဖွဲ့ကို ကူညီတောင်းခံခဲ့သဖြင့် အောက်တိုဘာလ ၃ ရက်နေ့တွင် ဆုငွေအပြီးထုတ်ယူပေးခဲ့ပြီး ထီပေါက်သူထံ ပေးအပ်ပြီးဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။ “ထီပေါက်တဲ့ လင်မယားက မြန်မာအလုပ်သမားတွေ အကူအညီတောင်းခံတဲ့အချိန် ရုံးအဖွဲ့သားတွေ မြန်မြန် […]

တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

October 4, 2024

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တစ်ရက်အတွင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိတ်ပကဖ) ပြန်ကြာရေးတာဝန်ခံက ပြောသည်။ အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုထဲရှိ ညောင်ပင်ကုန်းရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ပကဖနှင့် ဒေသခံများထံမှ သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ထိခိုက်သေဆုံးမှုရှိသည်ကို ရဲဘော်များက မျက်မြင်တွေ့ရှိခဲ့ ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ “စကစရဲ့ ၃၀၆ အမြောက်တပ်ဘက်က လက်နက်ကြီးနဲ့ တစ်ချက် နှစ်ချက်လောက်ပြန်ပစ်ခဲ့တာမျိုးတော့ ရှိတယ်” ၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းတွင် အင်အား ၆၀ ဝန်းကျင်ပါဝင်ပြီး တနင်္သာရီမြို့နယ် မော်တုန်းရွာ အခြေစိုက် (၃၀၆) အမြောက်တပ်ရင်းမှ မြိတ်ဘက်သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် […]

မွန်တွင် လုံခြံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်းကောက်၊ စစ်ဆေးမှုများလည်းလုပ်

Dawei Watch

October 4, 2024

မွန်ပြည်နယ်တွင် စစ်ကောင်စီက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်သည့်ကာလတွင် ပြည်နယ်အနှံ့ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူတို့ထံမှ သိရသည်။ စစ်ကောင်စီက စစ်ရေးပဋိပက္ခဖြစ်ပွားမှုနည်းသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့ကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး လုံခြုံရေးအင်အားအပြည့်ဖြင့် သန်းခေါင်စာရင်း စကောက်ယူကြောင်း ၎င်းတို့က ပြောသည်။ သန်းခေါင်စာရင်း စကောက်သည့်နေ့ကစပြီး မြို့အဝင်အထွက်၊ လမ်းဆုံလမ်းခွနှင့် ရပ်ကွက်၊ ကျေးရွာတို့တွင် လုံခြုံရေး တင်းကျပ်ထားကာ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့က ဆိုသည်။ “မြို့အဝင်လို နေရာမျိုးတွေ၊ လမ်းဆုံလမ်းခွလိုနေရာတွေ နောက်ရပ်ကွက်မှာဆိုရင်လည်း လမ်းတွေမှာ လုံခြုံရေး ချထားတယ်။ စစ်ဆေးနေတာတွေလည်း ရှိနေတယ်။ သူတို့ သန်းခေါင်စာရင်းကောက်နေတာကို နှောင့်ယှက်တာမျိုး မရှိအောင် လုပ်တာထင်တယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီက မော်လမြိုင်၊ ချောင်းဆုံ၊ […]