ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်ဒေသက ဟိန္ဒူဘုရားကျောင်း မုခ်ဦးထီးတင်ပွဲကျင်းပ

Dawei Watch

October 8, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ ၊ ဗိုလ်ချုပ်ရပ်ကွက်တွင် တည်ရှိသည့် ဆရီကာလီယမ္မာ မယ်တော် (ခ) မမဘုရား ဟိန္ဒူဘုရားကျောင်း မုခ်ဦး ထီးတင်ပွဲကို ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည်။ နှစ်စဥ်ကျင်းပသည့် သီတင်းကျွတ်ကာလ မမဘုရားလှည့်ပွဲကာလတွင် ဘုရားလှည့်လည်ပွဲမကျင်းပ ဖြစ်ဘဲ မုခ်ဦးပြုပြင်ပြီးသည့် အထိမ်းအမှတ်အဖြစ် ဘုရားထီးတင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ဘုရားကျောင်းပူဂျာရီအဖွဲ့က ပြောသည်။ အဆိုပါဟိန္ဒူဘုရားကျောင်းသည် နှစ် ၃၀ ကျော်သက်တမ်းရှိပြီး ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ် ၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တွင်တစ်ကြိမ် အကြီးစားမွမ်းမံပြင်ဆင်မှုပြုလုပ်ခဲ့ပြီး ထီးတင်ပွဲတစ်ကြိမ်ကျင်းပခဲ့ဖူးသည်။ ယခုနှစ် ကျင်းပသည့် ဘုရားပွဲ ကို အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘုရားကျောင်းတွင် အပူဇော်ခံမည်ဖြစ်သည်။ ကိုဗစ်ကာလ […]

ကျွန်းစု ကံမော်ရွာတွင် နေအိမ်ငါးလုံးမီးလောင်

Dawei Watch

October 8, 2024

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ရွာတွင် အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းက နေအိမ်ငါးလုံး မီးလောင်ပျက်စီးကြောင်း ဒေသခံများနှင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတို့ထံမှ သိရသည်။ ကံမော်ရွာ၊ အမှတ် (၅) ရပ်ကွက်၊ ရွှေဘုံသာလမ်းတွင် မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ငါးလုံးမှာ သုံးလုံးက နည်းနည်းပါးပါးကျန်တယ်။ နှစ်လုံးက မီးထဲပါပြီး အကုန် ကုန်သွားတယ်” ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ မီးဖိုချောင်အသုံးပြုရန် ထင်းကို မီးခိုးကျပ်တိုက်ရာမှာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးစတင်လောင်ကျွမ်းသည့် နေအိမ်ကိုလည်း အရေးယူရန် စီစဥ်နေကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ Dawei Watch က တွေ့ရှိရသည့် ကံမော်ရွာ မီးလောင်မှုရုပ်သံမှတ်တမ်းတွင် နေအိမ်တစ်လုံး လုံးဝမီးစွဲနေပြီး နောက်ထပ် နေအိမ်တစ်လုံး အပေါ်ထပ်မီးစွဲနေသည်ကို မီးသတ်ကားနှင့် […]

ထားဝယ်-ရန်ကုန် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

October 7, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီး သံဖြူဇရပ်-ရေး-ထားဝယ် ကားလမ်းတွင် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့က ခရီးတင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်ဘက်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရွှေစင်စင်္ကြာ ခရီးတင်မှန်လုံယာဉ်သည် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က အေးကမ္ဘာကျေးရွာအနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ခရီးသည်တင်မှန်လုံကား ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီးက အသက် ၃၀ နှစ်အရွယ် မနွယ်ရီလင်း၏ ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ “ပစ်ခံရတဲ့ကားက ထားဝယ်ကနေ တက်လာတဲ့ကားပါ။ အေးကမ္ဘာရွာအနားမှာ ဖြစ်သွားတာပါ။ လူကတော့ တစ်ဦး ထိသွားတယ်လို့ သိရတယ်။ အဲဒီနေရာတဝိုက်က ပစ်ခတ်မှုတွေ ခဏခဏဖြစ်တယ်လေ။ […]

မလေးရှားတွင် အမျိုးသမီးအသွင် ဝတ်ဆင်သည့် နိုင်ငံခြားသားနှစ်ဦး ရင်းဂစ် ၅,၀၀၀ စီ ဒဏ်ငွေတပ်ခံရ

Dawei Watch

October 7, 2024

နိုင်ငံခြားသားအမျိုးသားနှစ်ဦးသည် မသင့်လျော်စွာ ဝတ်စားဆင်ယင်ပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမှုဖြင့် ဒဏ်ငွေ ရင်းဂစ် ၅,၀၀၀ စီ ပေးဆောင်ရန် ဒဏ်ငွေချမှတ်ခံလိုက်ရသည်။ သောကြာနေ့က အငြင်းပွားစရာ လမ်းလျှောက်ပွဲတော်တစ်ခုတွင် အမျိုးသမီးအဝတ်အစားများ ဝတ်ဆင်မှုဖြင့် အဆိုပါ အမျိုးသားနှစ်ဦး စွဲချက်အတင်ခံခဲ့ရပြီးနောက် ယင်းသို့ အပြစ်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။ ရာဇဝတ်မှုအဖြစ် မလေးရှားနိုင်ငံ ပြစ်မှုဆိုင်ရာရာဇဝတ်ဥပဒေ ပုဒ်မ ၂၉၄ အရ အများပြည်သူမြင်ကွင်းတွင် မဖွယ်မရာပြုမူခြင်းကို ရာဇဝတ်မှုအဖြစ် ပြဌာန်းထားသည်။ ၎င်းပြစ်မှုကြောင့် ထောင်ဒဏ် သုံးလဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) နှစ်ခုစလုံး အကျခံရနိုင်သည်။ အဆိုပါနိုင်ငံခြားသားနှစ်ဦး၏ လုပ်ရပ်သည် အများပြည်သူကြား မကျေနပ်မှုကို ဖြစ်ပေါ်စေသည့်အတွက် ပိုမိုကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ရန် တရားသူကြီးတစ်ဦးက တောင်းဆိုခဲ့သည်။ ပြစ်မှုကျူးလွန်သူ နိုင်ငံသားနှစ်ယောက်နှင့် ဒေသခံများကပါ မလေးရှားနိုင်ငံ၏ လူမှုစံနှုန်းများကို လေးစားလိုက်နာသင့်ကြောင်း […]

လောင်းလုံးတွင် သန်းခေါင်စာရင်း ကောက်သူများကို ဖမ်းဆီးထားဟု ပကဖ ပြော

Dawei Watch

October 7, 2024

သန်းခေါင်စာရင်းကောက်အဖွဲ့တွင် ပါဝင်နေ၍ဟုဆိုကာ Non CDM ဆရာမများကို ဖမ်းဆီးထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ဒေသခံတို့ထံမှ သိရသည်။ အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းဆီးထားခြင်းဖြစ်ပြီး ဖမ်းဆီးထားသူများအထဲအတွင် ‌Non CDM ကျောင်းဆရာမအများစု ပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကျေးစာရေးတစ်ဦးလည်းပါဝင်ကြောင်း ဒေသခံတို့က ပြောသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကမူ လတ်တလောဖမ်းဆီးထားသည့် Non CDM ဝန်ထမ်း ၉ ဦးရှိကြောင်း Dawei Watch ကို အတည်ပြုပြောကြားသည်။ “အဓိကကတော့ Non CDM မို့လို့ဖမ်းတာမဟုတ်ဘူး။ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး သူတို့တွေက ထားဝယ်မှာ သန်းခေါင်စာရင်းကောက်ပေးနေတာ။ တစ်ချို့ကနေ့ချင်းပြန်သွားတယ်။ တစ်ချို့က အဝတ်ထုပ်တွေနဲ့ ထားဝယ်မြို့ဘက်ကို သွားနေပြီးတော့ ကောက်ပေးတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဖမ်းထားသူများထံမှ သန်းခေါင်စာရင်းကောက်ရာတွင် […]

ထိုင်းတွင် ရက် ၁၂၀ စီမံချက်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၁၃၀၀ နီးပါးဖမ်းဆီးခံရ

Dawei Watch

October 7, 2024

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်အတွင်း လုပ်ငန်းခွင်များထဲတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာ ၁၃၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ရက်ပေါင်း ၁၂၀စီမံချက်ဖြင့် ဇွန်လ ၅ရက်မှ အောက်တိုဘာလ ၂ရက်အထိ လိုက်လံစစ်ဆေးဖမ်းဆီးရာ မြန်မာ အလုပ်သမား များအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းခုနှစ်သောင်းကျော်ကို စစ်ဆေးခဲ့ကြောင်း ဆိုသည်။ ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များ အပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၂၀၀၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ဆေးခဲ့သော အလုပ်သမားများတွင် မြန်မာအလုပ်သမား နှစ်သိန်းကျော်ဖြင့် အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယား ၄၂၀၀၀ […]

တနင်္သာရီက ကျေးရွာနှစ်ရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

October 7, 2024

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီခွဲခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ နံနက် ၉နာရီ ခွဲခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တကူရွာနှင့် သိန္ဓောကျေးရွာကို ဗုံးကြဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “နေအိမ်နဲ့ ဒေသခံတွေ ထိခိုက်မှုကိုတော့ မကြားမိသေးဘူး။ စကစ က သူတို့ စွန့်သွားတဲ့ သိန္ဓောစခန်းကိုလည်း လာကြဲသွားတယ်လို့ သိရတယ်“ ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်မှု အသေးစိတ်အခြေအနေအား Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့် EAR တယ်လီဂရမ်ချန်နယ်တွင် နံနက် ၉နာရီ ၄၇မိနစ်ခန့်က မြိတ်လေတပ်မှ […]

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်

Dawei Watch

October 7, 2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင် ယနေ့ အောက်တိုဘာလ ၇ရက် နံနက် ၃နာရီ ဝန်းကျင်တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၃နှစ်ရှိပြီဖြစ်သည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် ဖမ်းဆီးခံရပြီး စစ်ကောင်စီက နိုင်ငံတော်အကြည် အညိုပျက်စေမှု၊ အဂတိလိုက်စားမှု အပါအဝင် အမှုကိုးမှု ဖြင့်အဓမ္မစွပ်စွဲကာ ထောင်ဒဏ် ၂၉နှစ် ချမှတ်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် ဖမ်းဆီးမခံရမီကတည်းက သွေးကင်ဆာရောဂါကို ခံစားနေရပြီး မန္တလေးအိုးဘိုထောင်၌ ထိန်းသိမ်းခံရစဉ်တွင်လည်း ကျန်မားရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မရရှိခဲ့သလို မိသားစုနှင့်လည်း တွေ့ခွင့်မရခဲ့ကြောင်း နီးစပ်သူတို့က သတင်းမီဒီယာများတွင် ပြောဆိုထားသည်။ ရောဂါအခြေအနေ ဆိုးဝါးလာသဖြင့် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (ICU) သို့ ပို့ဆောင်ကုသနေစဉ် အောက်တိုဘာလ ၅ ရက်က […]