ကံပေါက်တိုက်နယ် ကျေးရွာအချို့တွင် ရော်ဘာခြစ်လုပ်သားများနှင့် စစ်ရှောင်များ ထောက်ခံစာလုပ်ရ
Dawei Watch
October 9, 2024ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖောင်းတောနှင့် သဲချောင်းကျေးရွာအုပ်စုများ၌ ယခုနှစ်ပွင့်လင်းရာသီတွင် အလုပ်လုပ်မည့် ရော်ဘာခြစ်လုပ်သားများ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများထံတွင် ထောက်ခံစာပြုလုပ်ရကြောင်း ဥယျာဥ်ခြံရှင်များထံမှ သိရသည်။ ဥယျာဥ်ခြံပိုင်ရှင်နှင့် အလုပ်လုပ်မည့် ရော်ဘာခြစ်လုပ်သားများ၏ အမည် ၊ မှတ်ပုံတင်အမှတ်နှင့် ဓာတ်ပုံ စသည့် အချက်အလက်များကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံပေး၍ ထောက်ခံစာ တစ်ချပ်ပြုလုပ်လျှင် ကျပ်နှစ်သောင်း ပေးရကြောင်း ၎င်းတို့က ဆိုသည်။ “သူတို့လာစစ်တဲ့အခါ ပြလို့ရအောင် ထောက်ခံစာလုပ်ခိုင်းတယ်။ ပြီးတော့ ဂိတ်တွေဖြတ်တဲ့အခါ စစ်ဆေးရင်ပြလို့ရအောင် လုပ်ခိုင်းတယ်။ အရင်က ဘာထောက်ခံစာမှ လုပ်ရတာမရှိခဲ့ဘူး” ဟု ဖောင်းတောရွာက ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။ ကံပေါက်တိုက်နယ်ရှိ ဥယျာဥ်ခြံအများစုသည် ရော်ဘာခြံများဖြစ်ကြပြီး ရော်ဘာခြစ်ရာတွင် ကိုယ်တိုင်ခြစ်သည့် ခြံများရှိသလို အခြားဒေသမှ အလုပ်သမားများကို ခြစ်ခိုင်းသည့် ခြံများလည်းရှိသည်။ ရော်ဘာခြစ်လုပ်သားများအပြင် ဇာဒီကျေးရွာအုပ်စုဘက်မှ ဖောင်းတောရွာဘက်သို့ စစ်ဘေးရှောင်လာသည့် […]


