အာဖရိက ဆာဟာရသဲကန္တရအောက်ပိုင်း နိုင်ငံများတွင် နှစ်စဉ် အမျိုးသမီး ၇၉ သန်းကျော် မုဒိမ်းကျင့်ခံနေရ
Dawei Watch
October 11, 2024ကမ္ဘာပေါ်တွင် အမျိုးသမီးရှစ်ဦးလျှင် တစ်ဦးမှာ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခံရဖူးသူများဖြစ်ပြီး ဆာဟာရသဲကန္တရအောက်ပိုင်း အာဖရိကနိုင်ငံများတွင် အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ (ယူနီဆက်) က ထုတ်ပြန်လိုက်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ခန့်မှန်းဖော်ပြထားသည့် အစီအရင်ခံစာကို ပထမဆုံးအကြိမ်အဖြစ် ယူနီဆက်ဖ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။ ကျူးလွန်ခံရသူများတွင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများက ဒုတိယလိုက်နေသည်။ ပဋိပက္ခနှင့် မလုံခြုံမှုဒဏ်ခံစားနေရသည့် ဆာဟာရသဲကန္တရအောက်ပိုင်း တောင်အာဖရိကနိုင်ငံများတွင် အမျိုးသမီးငယ် ၇၉ သန်းကျော်မှာ အသက် ၁၈ မပြည့်မီကတည်းက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် မုဒိမ်းမှုကျူးလွန်ခြင်းကို ခံစားခဲ့ရသူများ ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရပြီး စိတ်ဒဏ်ရာရဖူးသည့် မိန်းကလေးများသည် စာသင်ခန်းတွင် လေ့လာသင်ယူမှုပြုလုပ်ရန် မကြာခဏ အခက်ကြုံရလေ့ရှိကြောင်း ယူနီဆက်ဖ်၏ […]


