ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် ကမ်းနားလမ်းက ဆီဘော မီးလောင်ပေါက်ကွဲပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်း

Dawei Watch

October 14, 2024

ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ကြက်စားပြင်ရပ်ကွက် ထားဝယ်မြစ်အတွင်းရှိ စက်သုံးဆီတင်သည့် ဆီဘောသည် ယနေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၄နာရီခန့်‌တွင် မီးလောင်ပေါက်ကွဲကြောင်း မြို့ခံနှင့် ကူညီကယ်ဆယ်သူများထံမှ သိရသည်။ အဆိုပါဆီဘောသည် ထားဝယ်ခရိုင်အတွင်း စက်သုံးဆီများကို အဓိက ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းဖြစ်သည်။ မီးလောင်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၏ ဦးဆောင်သူ ဦးနိုင်မျိုးသွင်က ကနဦးသိရသည့်အခြေအနေကို ပြောဆိုသည်။ “အခုတစ်ဦးသေသွားတယ်။ အခုထိ မီးတောက်တွေ ငြှိမ်းသတ်နေရတုန်း” ဟု ၎င်းက ပြောသည်။ မီးလောင်ရသည့်အကြောင်းအရင်း အသေးစိတ်အခြေအနေကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ အဆိုပါမီးလောင်မှုကို ယနေ့ ညနေ ၄ နာရီကျော်ကစပြီး မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေး […]

ပုလော မီးလောင်ချောင်းရွာတွင် စစ်ကောင်စီတပ် အင်အားရာချီတိုးချဲ့

Dawei Watch

October 14, 2024

စစ်ကောင်စီတပ်က ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စခန်းတွင် စစ်အင်အား ရာချီတိုးချဲ့ချထားလာပြီး လက်နက်ကြီးများ ပါကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ရက်တွင် စစ်အင်အားတိုးချဲ့လိုက်ခြင်းဖြစ်ပြီး အနီးဝန်းကျင်ကို စစ်ကြောင်းထိုးလာလျှင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း မီးလောင်းချောင်းရွာနှင့် အနီးတဝိုက်ရွာများရှိ ဒေသခံအချို့က ပြောသည်။ “အင်အားတော်တော်များတယ်။ ကျွန်မတို့လည်း ရင်တတိတ်တိတ်နဲ့ စိုးရိမ်နေရတာပေါ့။ စစ်ကြောင်းထိုးတာရော တိုက်ပွဲတွေပါ ဖြစ်လာမှာကို ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းနေရာယူထားသည့် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ဖူးသည်။ အဆိုပါစခန်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စခန်းစွန့်ခွာသွားသဖြင့် ကျေးရွာစာသင်ကျောင်းအတွင်း ဆောက်ထားသည့် ဘန်ကာနှင့် ရပ်ရွာအတွင်းရှိ ကတုတ်ကျင်းအားလုံးကို […]

စစ်ကောင်စီတပ်က ပုလော၊ ခန္တီကျေးရွာအုပ်စုကို စစ်ကြောင်းထိုး၊ အရပ်သား ၃၀ ခန့် ကိုဖမ်းဆီးရိုက်နှက်

Dawei Watch

October 14, 2024

ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အရပ်သား ၃၀ ခန့်ကို ဖမ်းဆီးရိုက်နှက်နေကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၁၄ ရက်(ယနေ့ )နံနက် ၈နာရီခွဲဝန်းကျင်က အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်သားများက လှေငယ် ၃ စီးဖြင့် ခန္တီကျေးရွာအုပ်စုရှိ တောင်ခေါင်းလောင်းရွာနှင့် ကုလားမခေါင်းကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။ “ပြေးတဲ့သူကပြေးပြီး ပြေးမလွတ်တဲ့သူနဲ့ ရွာမှာရှိနေတဲ့ လူငယ်သုံးဆယ်လောက်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသလို ရိုက်နှက်တာတွေလည်း လုပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထိုသို့ ဖမ်းဆီးသည့်အပြင် ရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ ပစ္စည်းများကို ရှာဖွေနေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် လှေတွင်အသုံးပြုသည့် စက်များအတွက် […]

ထားဝယ်တွင် သပိတ်မျှောပွဲကျင်းပမည့်နေရာအနီး ပေါက်ကွဲမှုဖြစ်

Dawei Watch

October 14, 2024

ထားဝယ်ရိုးရာသပိတ်မျှော်ပွဲတော်ကျင်းပရန် လေးရက်အလိုတွင် အဆိုပါပွဲတော်ကျင်းပမည့် ထားဝယ်မြို့ ကမ်းနားဈေး သဲကွင်းအနီး ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကမ်းနားဈေး၏ အနောက်ဘက် စက်ဘီး၊ ဆိုင်ကယ်လက်ခံဌာနှင့် သပိတ်မျှောပွဲကျင်းပမည့် သဲကွင်းပန်းခြံကြားတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်းမြို့ခံများက ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ချက်ကြားရကြောင်း မြို့ခံများက ဆိုသည်။ “ကမ်းနား ဈေးနားမှာဖြစ်တယ်။ လူတွေအဲဒီနားမှာ ရုတ်ရုတ်ဖြစ်နေကြတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိ မရှိနှင့် မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်တို့ကို Dawei Watch ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်သည့် အဆိုပါနေရာ အနီးတဝိုက်ကို စစ်ကောင်စီတပ်သားများ […]

ကော့သောင်း-ရနောင်းနယ်စပ်မှ ထိုင်းသို့အလည်ဗီဇာဖြင့် ဝင်သူများကို စစ်ကောင်စီအဖွဲ့ ငွေညှစ်

Dawei Watch

October 14, 2024

ကော့သောင်း-ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာ(Tourist Visa) ဖြင့် ဝင်မည့်သူများကို စစ်ကောင်စီ၏ လဝကဝန်ထမ်းများနှင့် သတင်းရဲတပ်ဖွဲ့(SB)က အမျိုးမျိုးပြဿနာရှာပြီး ငွေညှစ်နေကြောင်း ခရီးသွားအချို့ထံမှ သိရသည်။ ကော့သောင်းမြို့ ကမ်းနားလမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးရေးရုံးရှိ စစ်ကောင်စီဝန်ထမ်းများက အကြောင်းမျိုးစုံပြပြီး ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ရက် ၆၀ သက်တမ်းရှိ အလည်အပတ်ဗီဇာလျှောက်ပြီးနောက် PV အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် ကော့သောင်း-ရနောင်း နယ်စပ်လမ်းမှ ဖြတ်သန်းဝင်ရောက်မည့်သူများကို ပြီးခဲ့သည့်အပတ်မှစကာ စည်းကမ်းချက်အမျိုးမျိုးထုတ်ပြီး တင်းကြပ်နေကြောင်း နယ်စပ်နေ မြန်မာအချို့က ပြောသည်။ ထိုသို့ နယ်စပ်မှဖြတ်သန်းဝင်ရောက်ပါက ထိုင်းနိုင်ငံအတွင်း သွားမည့်မြို့နှင့် ရနောင်းမြို့ အသွားအပြန် ကားလက်မှတ်၊ သွားမည့်မြို့ရှိ ဟိုတယ်ဘိုကင်၊ Show Money အဖြစ် ဘတ် ခုနစ်သောင်း စသည့် […]

သံဖြူဇရပ်တွင် ဖမ်းဆီးခံ လူမှုကူညီရေးအသင်းဝင်သုံးဦး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံရ

Dawei Watch

October 14, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ဟု အမည်ရသော လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌနှင့် အသင်းဝင်နှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ ည (ငွေကြေးထောက်ပံ့မှု) ဖြင့် အမှုဖွင့်လိုက်ကြောင်း အသင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင်ရှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်အတွင်းက ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအနက် ဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင် ကိုဝင်းကြည်၊ ကိုတူးတို့ သုံးဦးကို စစ်ကောင်စီက သံဖြူဇရပ် မြို့မရဲစခန်းတွင် ပုဒ်မ-၅၀ (ည) ဖြင့် အောက်တိုဘာလ ၉ရက်နေ့က အမှုဖွင့်ကြောင်း အသင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ “PDF တွေကို ငွေကြေးထောက်မှုတွေလုပ်နေတယ်ဆိုပြီးတော့ အသင်းဥက္ကဋ္ဌနဲ့ နောက်ထပ်နှစ်ဦးကို အကြမ်းဖက်မှု […]

လောင်းလုံးတွင် သန်းခေါင်စာရင်းကောက်ရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

Dawei Watch

October 13, 2024

လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ရန်အတွက် လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ် အောင်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံများကပြောသည်။ ထားဝယ်-လောင်းလုံလမ်းပိုင်းရှိ အင်းဇောက်ရွာနှင့် ပဉ္စသီမော်ရွာကြားရှိ လောင်းလုံးမြို့နယ် မီးသတ်တပ်စခန်းအနီး လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မနက်စောစောပိုင်းမှာ ပေါက်ကွဲသံတစ်ချက် ကြားလိုက်တယ်”ဟု ဒေသခံတစ်ဦး က‌ပြောသည်။ ယင်းစစ်ကောင်စီတပ်ဖွဲ့ကို ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ(F.P.F)မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်ထားသည်။ ထားဝယ်မှာဆင်းလာကာ လောင်းလုံးမီးသတ်ရုံးရှေ့တွင် လမ်းကင်းယူပေးနေသည့် စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာလ ၁၁ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရသည်ဟု ကြားရကြောင်း ဒေသခံများကပြောသည်။ ယင်းတိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်က မီးသတ်ရုံးအနီးတွင်ရှိသည့် နေအိမ်ဈေးဆိုင်တစ်ဆိုင်ကို မီးရှို့ခဲ့ကြောင်း […]

ပုလောတွင် စစ်ကောင်စီတပ်က သိမ်းသွားသည့်ပစ္စည်း သွားပြန်ထုတ်သူများ ဖမ်းဆီးငွေညှစ်ခံရ

Dawei Watch

October 13, 2024

စစ်ကောင်စီတပ်က ပုလောမြို့နယ်၊ တောင်ယာကမ်းရွာမှ အဓမ္မသိမ်းယူသွားသည့် ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများ သွားပြန်ထုတ်သည့် ရွာသားများကို ဖမ်းဆီးခြိမ်းခြောက်ပြီး ငွေညှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းမှ စစ်ကောင်စီတပ်သားများက တောင်ယာကမ်းကျေးရွာနေ အရပ်သား ၂၀ ခန့်ကို ဖမ်းဆီးပြီး ရွှေနှင့် ဆိုင်ကယ်ကဲ့သို့ ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများကဆိုသည်။ ဒေသခံများပိုင်ဆိုင်သည့် ဆိုင်ကယ်အစီး ၃၀၊ ရွှေ၊ငွေနှင့်တန်ဖိုးရှိ အိမ်ထောင်ပရိဘောဂပစ္စည်းများကို စစ်ကောင်စီတပ်သားများက ၂၈၅ တပ်ရင်းမှ ကားဖြင့် လာရောက်သယ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ စစ်ကောင်စီတပ်က အဓမ္မယူဆောင်သွားသည့် ပစ္စည်းများကို ပြန်လည်ထုတ်ယူနိုင်သည်ဟု စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းက တောင်ယာကမ်းရွာနေ ဒေသခံများကို အောက်တိုဘာ ၁၁ […]