တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
January 3, 2025ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့မှ ဇန်နဝါရီ ၃ ရက်နေ့အထိ ဘန်ကောက်မှ တောင်ကိုးရီးယားပျံလာတဲ့ လေယာဉ်တစ်စီး အဆင်းမှာ ပေါက်ကွဲလို့ လူ ၁၇၉ ဦး သေဆုံး ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားကို ပျံသန်းလာတဲ့ Jeju လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့က အဆင်းမှာ ဘီးချမရဘဲ ပြေးလမ်းချော်ပြီး လေဆိပ်ခြံစည်းရိုးကို ဝင်တိုက်ခဲ့လို့ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦး စုစုပေါင်း ၁၈၁ ဦးလိုက်ပါလာခဲ့ပြီး ၂ ဦးကိုပဲ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တာပါ။ လေယာဉ်ဆင်းတဲ့အချိန်မှာ ဘီးတွေ ထွက်မလာတဲ့အတွက် […]


