ထားဝယ်-ထီးခီးလမ်းတွင် ကော်သူးလေတပ်ကပစ်သဖြင့် KNLA ဒုတပ်ခွဲမှူးတစ်ဦး ထပ်မံသေဆုံး
Dawei Watch
January 4, 2025ထားဝယ်-ထီးခီးကားလမ်း ဝါးတောရွာအနီး ကော်သူးလေတပ်(KTLA) ကပစ်ခတ်မှုကြောင့် KNLA တပ်ရင်း(၁၀) တပ်ခွဲ(၁)မှ ဒုတပ်ခွဲမှူးစောလားဒို သေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဇန်နဝါရီလ ၃ ရက်နေ့လယ်ပိုင်းတွင် ဝါးတောရွာကိုသွားသည့် KNLA တပ်ရင်း(၁၀)မှ ဒုတပ်ခွဲမှူး စောလားဒိုလိုက်ပါလာသည့် ကားကို KTLA တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဗိုလ်အယ်ခွီး(ခ)ဗိုလ်ကော်လဖိုးဦးဆောင်သည့် KTLA တပ်ဖွဲ့များထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။ “အဲ့ဒီအထဲမှာ စောလားဒိုက ဆုံးသွားတယ်။ ရဲဘော်တစ်ယောက်ဒဏ်ရာရတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ လွတ်မြောက်သွားတယ်” ဟု ၎င်းက ဆိုသည်။ ယင်းနောက် ထားဝယ်-ထီးခီးလမ်းပိုင်း ဆင်ဖြူတိုင်ရွာအနီးတွင် အရပ်သားကားတစ်စီးကို KTLA တပ်ဖွဲ့က မီးရှိုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး KTLA ဆာကဆောတပ်မဟာ […]


