မြန်မာသုံးရာနီးပါး စင်ကာပူနိုင်ငံသားအဖြစ်ပြောင်းလဲခံယူ
Dawei Watch
February 3, 2025မြန်မာနိုင်ငံသား သုံးရာနီးပါး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ယနေ့ ဖေဖော်ဝါရီလ ၃ရက် ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံသား ၂၇၈ ဦးသည် ၂၀၂၄ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားအဖြစ်သို့ မိမိသဘောဆန္ဒအလျောက်ပြောင်းလဲခံယူခဲ့ပြီး မြန်မာနိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်) မူရင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အပ်နှံခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ အပ်နှံခဲ့သူများသည် မြန်မာသံရုံးထောက်ခံစာကို ဖေဖော်ဝါရီလ ၂၈ရက် မတိုင်မီ လာရောက်ထုတ်ယူကြရန် အမည်စာရင်းဖြင့် ပူးတွဲထုတ်ပြန်ထားသည်။ ယင်းသို့ လာရောက်ထုတ်ယူစဉ် နိုင်ငံကူးလက်မှတ် မူရင်းတို့ကို တစ်ပါတည်း ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်လိုသူများသည် အထောက်အထားအပြည့်အစုံဖြင့် လျှောက်ထားရန် လိုအပ်ကြောင်း လုပ်ငန်းစဉ်အသေးစိတ်နှင့်ပတ်သက်၍ မြန်မာသံရုံးက ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သေးသည်။ စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် […]


