ထားဝယ်-သရက်ချောင်းလမ်းပေါ်ရှိ ရွှေဂူတံတားစစ်ကောင်စီဂိတ်ကို PDF သိမ်းယူ
Dawei Watch
January 29, 2025ထားဝယ်-သရက်ချောင်းကားလမ်းပေါ်ရှိ ရွှေဂူတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဘက်က ယနေ့ ညတွင် တိုက်ခိုက်သိမ်းယူကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၉ရက် မွန်းတည့်ပိုင်းမှစပြီး တော်လှန်ရေးတပ်တို့က ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို လာရောက် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ညနေမိုးချုပ်သည်အထိ နှစ်ဖက်အပြန်လှန် ပစ်ခတ်နေကြကြောင်း ဒေသခံအချို့ကဆိုသည်။ “PDF တွေက (ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို) သိမ်းပစ်လိုက်ပြီ” ဟု ဒေသခံတစ်ဦး ယနေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က ပြောဆိုသည်။ ယင်းတိုက်ပွဲတွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီ၏ ရွေဂူတံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အတည်ပြုပြောကြားသည်။ “(ရွှေဂူတံတားဂိတ်ကို သိမ်းတာ) ဟုတ်ပါတယ်။ လက်ရှိအခြေအနေတွေကိုတော့ ကျွန်တော်ဘာမှပြောခွင့် မရှိသေးဘူးခင်ဗျား” ဟု ၎င်းက ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ကလည်း […]


