ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဂါဇာကို အမေရိကန် သိမ်းပိုက်မည်ဟု ထရမ့်ပြော

Dawei Watch

February 5, 2025

ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်သိမ်းပိုက်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က မည်သူမျှထင်မှတ်မထားသည့် အဆိုပြုချက်တစ်ရပ်ကို အင်္ဂါနေ့က ပြုလုပ်လိုက်သည်။ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အရေးတကြီး ဆွေးနွေးရန် အိမ်ဖြူတော်သို့ အလည်အပတ်ရောက်ရှိလာသည့် အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုကို လက်ခံတွေ့ဆုံစဉ် ထရမ့်က ယင်းသို့ အဆိုပြုလိုက်ခြင်း ဖြစ်သည်။ စစ်ပွဲဒဏ် အပြင်းအထန်ခံစားထားရသည့် ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းလူမျိုးများ ထွက်ခွာပြီး အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့တွင် ပြောင်းရွှေ့နေထိုင်ကြရန်လည်း ထရမ့်က ထပ်မံတိုက်တွန်းခဲ့သည်။ ယင်းနှစ်နိုင်ငံစလုံးနှင့် ပါလက်စတိုင်းလူမျိုးများကပါ ထရမ့်၏ အဆိုပါတိုက်တွန်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆန်ထားကြပြီး ဖြစ်သော်လည်း ၎င်းက ထပ်မံတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ Source : AFP/dy

မြန်မာသတင်းသမားနှင့် လူ့အခွင့်အရေးကာကွယ်သူ နှစ်ထောင်ကျော်ကို အကူအညီပေးနိုင်ခဲ့ဟု Exile Hub ထုတ်ပြန်

Dawei Watch

February 5, 2025

ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် Exile Hub အဖွဲ့က မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ နေ့မှစပြီး ယနေ့အချိန်အထိ မြန်မာသတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်သူ ၂၁၀၀ ကျော်ကို အကူအညီပေးအပ်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်လိုက်သည်။ “မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ သတင်းထောက်တွေကို ဆက်ပြီးပံ့ပိုးပေးခွင့် ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒီပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လုပ်ဆောင်နိုင်မှုတွေက ဘေးကင်းမှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ အလှမ်းဝေးနေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ပိုကောင်းတဲ့ အနာဂတ်မြန်မာနိုင်ငံကို အတူတကွ ဆက်တည်ဆောက်သွားပါမယ်”ဟု Exile Hub ၏ မန်နေးဂျင်း ဒါရိုက်တာမဇီးက ပြောဆိုသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် Exile Hub သည် မြန်မာသတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်သူများကို အကူအညီပေးရေးအပေါ် […]

Tik Tok ဆော့သည့် အမေရိကန်ဖွား ပါကစ္စတန်မိန်းကလေးကို ဖခင်ဖြစ်သူ ပစ်သတ်

Dawei Watch

February 4, 2025

ပါကစ္စတန်နိုင်ငံ၊ Quetta မြို့တွင် Tik Tok သုံးစွဲသည့် ဆယ်ကျော်သက် သမီးဖြစ်သူအား ဖခင်ဖြစ်သူက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ၁၅နှစ်အရွယ် သမီးဖြစ်သူ Tik Tok ပေါ် တင်ထားသည့် ဗီဒီယိုများကို မနှစ်မြို့သည့်အတွက် ဖခင်ဖြစ်သူ Anwar ul-Haq က ပြီးခဲ့သည့်သီတင်းပတ် အင်္ဂါနေ့တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။ သမီးဖြစ်သူ၏ ဝတ်စားဆင်ယင်မှု၊ ဘဝနေထိုင်မှုဟန်ပန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးပုံစံတို့ကို သူမ၏ မိသားစုက မနှစ်မြို့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ကနဦးတွင် သမီးဖြစ်သူအား ပစ်သတ်ခဲ့သူမှာ မည်သူမည်ဝါမှန်း မသိရကြောင်း ဖခင်ဖြစ်သူက လိမ်လည်ထွက်ဆိုခဲ့သေးသည်။ ၎င်းမိသားစုသည် အမေရိကန်နိုင်ငံတွင် ၂၅ နှစ်ကြာ နေထိုင်ခဲ့ပြီးမှ ပါကစ္စတန်နိုင်ငံသို့ ပြောင်းရွှေ့လာသူများ ဖြစ်သည်။ အသတ်ခံရသည့် မိန်းကလေးမှာ […]

မြန်မာဘက်ရှိ ကျားဖြန့်လုပ်ငန်းများကို လျှပ်စစ်မီးချက်ချင်းဖြတ်ရန် ထိုင်းအစိုးရအတည်ပြု

Dawei Watch

February 4, 2025

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ အွန်လိုင်းငွေကြေးလိမ်လည်ရာဇဝတ်မှုများပြုလုပ်နေသော ကျားဖြန့်လုပ်ငန်း များကို လျှပ်စစ်မီးနှင့် လောင်စာဆီများ ချက်ချင်းဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ညွှန်ကြားလိုက်သည်။ အဆိုပါလုပ်ငန်းများသည် ထိုင်းနိုင်ငံက ပေးသော လျှပ်စစ်မီးနှင့် လောင်စာဆီများကြောင့် လည်ပတ်နေသည်ကို သက်သေ ပြနိုင်ပြီးနောက် ချက်ချင်းဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ယနေ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ အကယ်၍ လျှပ်စစ်မီးဖြတ်တောက်ရေး ဆွေးနွေးချက်ပြီးမြောက်ပါက ယနေ့တွင်ပင် လျှပ်စစ်မီး ဖြတ်တောက်မည်ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။ အကယ်၍ နိုင်ငံတော်လုံခြုံရေးကို ထိပါးလာပါက လျှပ်စစ်ဦးစီးဌာနအနေဖြင့် နယ်စပ်ဖြတ်ကျော်ထောက်ပံ့ပေးနေသော လျှပ်စစ်မီးကို ချက်ချင်းဖြတ်တောက်ရမည်ဖြစ်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော Mr. Phutham Wechayachai က ပြောဆိုသည်။ စာချုပ်ထဲတွင် နိုင်ငံတော်လုံခြုံရေးအရ လျှပ်စစ်မီးများကို […]

ရေး ရဲစခန်းက ထွက်ပြေးလာသူသုံးဦး ရေးဘီလူးအဖွဲ့ထံ ရောက်ရှိ

Dawei Watch

February 4, 2025

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းက ထွက်ပြေးလာသည့် အချုပ်သားများအနက် သုံးဦးသည် ရေးဘီလူးအဖွဲ့ထံ ရောက်ရှိနေကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၉ နာရီခန့်က ရေးမြို့မရဲစခန်း အချုပ်ခန်းအတွင်းရှိ အချုပ်သားအချို့သည် ရဲတပ်ဖွဲ့ထံမှ လက်နက်လုယူပြီး ပစ်ခတ်မှုဖြစ်ပွားရာမှ အချုပ်သားအချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများအနက်မှ တစ်ဦးသည် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင်ပင် ရေးဘီလူး အဖွဲ့ထံ ရောက်ရှိလာခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၂ ရက်တွင် တစ်ဦးနှင့် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်တွင် နောက်ထပ်တစ်ဦး စုစုပေါင်း သုံးဦးကို ရေးဘီလူးအဖွဲ့က ကယ်ဆယ်ထုတ်နိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ “‌ရေး အချုပ်ခန်းကနေ ထွက်ပြေးလာတဲ့သူတွေထဲက သုံးယောက်ကို ကျွန်တော်တို့ ကယ်ဆယ်ထားပါတယ်။ […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 4, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ကုလလူ့အခွင့်အရေးကောင်စီမှ အမေရိကန် နုတ်ထွက်မည်

Dawei Watch

February 4, 2025

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အမေရိကန် နုတ်ထွက်မည့် သမ္မတအမိန့်အာဏာတစ်ရပ်ကို သမ္မတဒေါ်နယ်ထရမ့်က ယနေ့ (အင်္ဂါနေ့)​တွင် လက်မှတ်ထိုးမည် ဖြစ်သည်။ အမည်မဖော်လိုသည့် အိမ်ဖြူတော်အရာရှိတစ်ဦးအား ကိုးကား၍ NPR သတင်းဌာနက ယင်းသို့ဖော်ပြထားသည်။ အမေရိကန်အိမ်ဖြူတော်သို့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာ လာရောက်လည်ပတ်သည့် ယနေ့ မှာပင် အဆိုပါ သမ္မတအမိန့်အာဏာကို ထရမ့်က လက်မှတ်ထိုးမည် ဖြစ်သည်။​ သမ္မတထရမ့်သည် ၎င်း၏ ပထမအကြိမ် သက်တမ်းတုန်းကလည်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်(UNHRC)နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ဖူးသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်(UNHRC)သည် အစ္စရေးအပေါ် ဆန့်ကျင်ဘက်လိုက်မှုများ ရှိနေသည်ဟု အမေရိကန်ပါတီကြီးနှစ်ရပ်စလုံးမှ စွပ်စွဲပြောဆိုလာခဲ့သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည်။ ယနေ့ လက်မှတ်ထိုးမည့် ထရမ့်၏ သမ္မတအမိန့်အာဏာတွင် ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရေးအေဂျင်စီ(UNRWA) အတွက် အမေရိကန်၏ အနာဂတ် ရန်ပုံငွေထောက်ပံ့မှုများကိုလည်း ဖြတ်တောက်သွားမည် ဖြစ်သည်။ ယင်းအေဂျင်စီသည် ဂါဇာရှိ […]

မဟာချိုင်က မြန်မာစတိုးဆိုင်ကို ထိုင်းရဲဝင်စစ်၊ ဆိုင်ရှင်နှင့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

Dawei Watch

February 4, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက မြန်မာပစ္စည်းအရောင်းဆိုင်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်ထိုင်းနိုင်ငံသားနှင့်အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ ကထူးဘင်ဒေသရှိ မြေညီထပ်က စတိုးဆိုင်တွင် မြန်မာနိုင်ငံသားများက မြန်မာပစ္စည်းများကို ရောင်းချနေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် နယ်မြေခံရဲတပ်ဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဆိုင်ထဲတွင် ဈေးရောင်းနေသော မြန်မာနှစ်ဦးနှင့် ဈေးလာဝယ်သူများကို တွေ့ရသဖြင့် စာရွက်စာတမ်းများကို စစ်ဆေးခဲ့ရာ ဈေးလာဝယ်သူများအနက် တစ်ဦးသည် အလုပ်လုပ်ခွင့်ဗီဇာ ကျော်လွန်နေပြီး ဈေးရောင်းနေသော မြန်မာနှစ်ဦးတွင် အလုပ်လုပ်ခွင့်လက်မှတ်ရှိသော်လည်း ဈေးရောင်းခွင့်မပေးထားသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ စတိုးဆိုင်တွင် ထိုင်း FDA ထောက်ခံချက်မပေးထားသော မြန်မာစားသောက်ကုန်၊ ဆေးဝါးနှင့် ဆေးလိပ်များစွာကို ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ မြန်မာပစ္စည်းစတိုးဆိုင်ကို […]