ထားဝယ်တွင် စုံ၊ မ စနစ်ဖြင့် ဖမ်းဆီးအရေးယူခံရသူများရှိလာ
Dawei Watch
April 8, 2026ထားဝယ်မြို့တွင် စုံ၊ မ စနစ်သတ်မှတ်ချက်ဖြင့် ဖမ်းဆီးအရေးယူခံရသူများ ရှိလာကြောင်း ကိုယ်တိုင်ကြုံရသူအချို့က ပြောသည်။ စုံ၊ မ စနစ် ကန့်သတ်ချက်အတိုင်း မောင်းနှင်ခြင်းမရှိသူများကို ဖမ်းဆီးပြီး မော်တော်ယာဉ်များကို သိမ်းဆည်းသွားကြောင်း ၎င်းတို့က ဆိုသည်။ တရားရုံးတွင် ဒဏ်ငွေကျပ် သုံးသောင်းဆောင်စေပြီးမှ သိမ်းဆည်းသွားသည့် မော်တော်ယာဉ်အား ထုတ်ယူခွင့်ပြုကြောင်း ကိုယ်တိုင် အဖမ်းခံရသူအချို့က ပြောဆိုသည်။ ကား၊ ဆိုင်ကယ် သတ်မှတ်ချက်မရှိဘဲ ပထမအကြိမ် အဖမ်းခံရပါက ကျပ် သုံးသောင်း ဒဏ်ကြေးဆောင်ရကြောင်း ဆိုသည်။ “တချို့တွေက အစိုးရအသစ် တက်ပြီဆိုတော့ စုံ၊ မ စနစ်မရှိတော့ဘူးဆိုပြီး ပြောနေကြတာရှိတယ်။ စုံ၊မ စနစ်က ရှိနေသေးတယ်။ တကယ်လည်းဖမ်းနေပါတယ်” ဟု ကိုယ်တိုင် အဖမ်းခံရသူ ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ဧပြီလ ၇ ရက်တွင် […]


