သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာအနီးကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်နှစ်စင်းဖြင့်ဗုံးကြဲ
Dawei Watch
April 2, 2026သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ ဧပြီလ ၂ရက် နေ့လယ် ၁၂ကျော်တွင် K8W ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးလေးလုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။ K8W ဂျက်ဖိုက်တာနှစ်စီးသည် ပေါင် ၂၅၀ ဗုံးနှစ်လုံးစီ ရှေ့ဆင့်နောက်ဆင့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြေပြင်အခြေအနေကို သိရှိသည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ “ဂျက်ဖိုက်တာနဲ့ ရှေ့ဆင့်နောက်ဆင့် နှစ်စီးလာကြဲသွားတယ်။ ဝဲရစ်ကျေးရွာအနားကို ကျတယ်လို့တော့ သိရပါတယ်။ ထိခိုက်မှုကတော့ မရှိခဲ့ပါဘူး”ဟု ၎င်းက ပြောဆိုသည်။ ဝဲရစ်ကျေးရွာသည် မြိတ်-ထားဝယ် ကားလမ်းပေါ်က ဝင်းဝရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ မြိတ်-ထားဝယ်လမ်းပေါ်ရှိ အရေးပါသည့် ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက မတ်လ ၁၁ တွင် […]


