ကလိန်အောင်နှင့် ကံပေါက်တွင် ဓာတ်ဆီတစ်လီတာ ကျပ်နှစ်သောင်းဖြင့် ဝယ်နေရ
Dawei Watch
April 3, 2026ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နှင့် ကံပေါက်တိုက်နယ်တို့တွင် မတ်လကုန်မှစ၍ ဓာတ်ဆီတစ်လီတာလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ စက်သုံးဆီဆိုင်များတွင် တစ်လီတာလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးသော်လည်း လိုသလောက် ဝယ်ယူ၍မရသည့်အပြင် ဆီပြတ်လပ်မှု ကြုံတွေ့နေရသဖြင့် ပြင်ပစျေးကွက်တွင်သာ ဝယ်ယူနေရကြောင်း ၎င်းတို့က ဆိုသည်။ “ဆီက ဆိုင်မှာ ရှိသလောက်ပဲ ရောင်းပေးနေတာ။ တန်းစီလိုက်၊ ကုန်သွားလိုက်နဲ့ပဲ အချိန်ပြည့်မရဘူး။ တစ်ခါတန်းစီရင် ဆိုင်ကယ်တစ်စီး ငါးထောင်ကျပ်ဖိုး၊ ကားတစ်စီး နှစ်သောင်းငါးထောင်ကျပ်ဖိုးပဲ ပေးတယ်။ တစ်နေ့တစ်ခါပဲ တန်းစီရမယ်လို့ သတ်မှတ်ထားတာတော့ မရှိဘူး။ ဆီကုန်ရင်တော့ အရောင်းရပ်လိုက်တယ်။ ငါးထောင်ဖိုးက လီတာဝက်လောက်ပဲ ရတယ်” ဟု ကလိန်အောင်မြို့မှ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။ စက်သုံးဆီဆိုင်များ မဟုတ်ဘဲ ဆီစုဆောင်း၍ ပြင်ပတွင် ရောင်းချသူများထံ၌ ဝယ်ယူပါက ဓာတ်ဆီတစ်လီတာ ကျပ်နှစ်သောင်းဖြင့် […]


