တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
January 10, 2025ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသမီး အသက် ၁၁၆ နှစ်မှာ ကွယ်လွန် ဂရင်းနစ်စံချိန်တင် ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီးဖြစ်တဲ့ ဂျပန်နိုင်ငံသူ Tomiko Itooka ဟာ အသက် ၁၁၆ နှစ်မှာ ကွယ်လွန်သွားတယ်လို့ ဇန်နဝါရီလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံ အလယ်ပိုင်း ဟျိူဂိုဒေသ အရှီယာမြို့က အသက်ကြီးဂေဟာမှာ ကွယ်လွန်ခဲ့တာပါ။ သူမဟာ ၁၉၀၈ ခုနှစ် မေလ ၂၃ ရက်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ငှက်ပျောသီးနဲ့ ဂျပန်ဒိန်ချဉ်ဖျော်ရည် ကြိုက်တတ်တဲ့သူဖြစ်ပါတယ်။ အသက် ၁၁၇ နှစ် အရွယ် စပိန်အမျိုးသမီး Maria […]


