အဓမ္မစစ်မှုထမ်း စုဆောင်းနေချိန် မြန်မာ ၂၀၀ ကို ထိုင်းက စစ်ကောင်စီထံပြန်ပို့
Dawei Watch
February 24, 2025ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၂၀၀ ဦးကို အဓမ္မစစ်သားစုဆောင်းမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီထံသို့ ထိုင်းဘက်က ယနေ့ (ဖေဖော်ဝါရီလ ၂၄) ထပ်မံလွှဲပြောင်းပေးလိုက်သည်။ ယနေ့ နံနက် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၂၀၀ ဦးကို ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ရနောင်းလဝကဌာနက ထုတ်ပြန်သည်။ နေရပ်ပြန်ပို့စဉ် ရနောင်းအာဏာပိုင်များနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ဟု ဖော်ပြထားချက်အရသိရသည်။ မြန်မာနိုင်ငံသားများကို စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသဖြင့် ထိုင်းနိုင်ငံထဲ ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများကို နေရပ်ပြန်မပို့ရန် ထိုင်းတက်ကြွလှုပ်ရှားသူများက ထိုင်းအစိုးရကို တိုက်တွန်းနေသော်လည်း ယခုကဲ့သို့ ထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရေးအခြေအနေအရ ထွက်ပြေးတိမ်းရှောင်လာရသူများကို […]


