ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျွန်းစုတွင် တိုက်ပွဲပြင်းထန်လာမည်စိုးသဖြင့် ကွမ်းသီးနုခူးရောင်းသူများလာ

Dawei Watch

August 18, 2025

ကျွန်းစုမြို့နယ်ရှိကျေးရွာအချို့တွင် စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ကွမ်းသီးရင့်မှည့်သည်အထိ မစောင့်တော့ဘဲ ကွမ်းသီးနုခူးရောင်းသူများလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က တော်လှန်ရေးအားကောင်းသည့် ကျေးရွာများဝန်းကျင်ကို စစ်သင်္ဘောများဖြင့် လှည့်ပတ်သွားလာနေကြပြီး စစ်ဆေးမှုများ ဆက်တိုက်ရှိလာသဖြင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေခြင်းသည်။ ထို့အပြင် ပဲ့တိုင်ရွာ အနီးဝန်းကျင်ရှိ ဝန်တောင်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်နှင့် ပျူစောထီးများက အင်အားဖြည့်တင်းပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ယခုနှစ်မတ်လနှောင်းပိုင်းကတည်းက မကြာခဏစစ်ကြောင်း ထိုးနေကြောင်း ‌ဒေသခံများထံမှ သိရသည်။ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး စစ်ရေးအခြေအနေ မငြိမ်မသက်မှုများကြောင့် ယမန်နှစ်ထက် ကွမ်းသီးနု ဈေးကျနေသော်လည်း ရသည့်စျေးဖြင့်ပင် ခူးဆွတ်ရောင်းချနေရကြောင်း ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ “ဒီနှစ်ကွမ်းသီးနုဈေးက လုံးဝမကောင်းဘူး။ တက်လည်းမတက်လာဘူး။ ကောက်(ခူး)ရောင်းရမှာ နှမြောပေမယ့်လည်း ရွာဘက်တွေမှာ အခြေအနေတွေက သိပ်မအေးဘူး။ဒါကြောင့် […]

ဆီးရီးယားတွင် ဒရူးဇ်လူနည်းစုများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ပထမဆုံး ဆန္ဒပြ

Dawei Watch

August 18, 2025

ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ ဆူဝေဒါမြို့နှင့် အခြားနေရာအချို့တွင် ဒရူးဇ်လူနည်းစုဝင်များက ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဩဂုတ်လ ၁၆ ရက်တွင် ပထမဆုံးအကြိမ် ဆန္ဒပြတောင်းဆိုကြသည်။ ပြီးခဲ့သည့်လက အဆိုပါဒေသတွင် လူသေဆုံးမှုရှိသည့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် အကြီးမားဆုံး ဆန္ဒပြပွဲလည်း ဖြစ်သည်။ ယင်းမှာ ဒရူးဇ်လူနည်းစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ကြွေးကြော်သံဖြင့် ပထမဆုံးအကြိမ် တောင်းဆိုဆန္ဒပြမှုဖြစ်ကြောင်း ဒေသအခြေစိုက် သတင်းမီဒီယာတစ်ခု၏ အကြီးအကဲတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်လက အဆိုပါဒေသတွင် ဒရူးဇ်လူနည်းစုလက်နက်ကိုင်များနှင့် အခြားလူမျိုးစုလက်နက်ကိုင်များ၊ ဆီးရီးယား အစိုးရတပ်များအကြား ထိတွေ့တိုက်ပွဲများအတွင်း အစ္စရေးက ဒရူးဇ်လူနည်းစုများဘက်က ရပ်တည်စွက်ဖက်ခဲ့သည်။ ယင်းအပေါ် ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် စနေနေ့က ဆန္ဒပြပွဲတွင် ဆန္ဒပြသူအချို့က အစ္စရေးအလံများကို ဝှေ့ယမ်းပါဝင်ခဲ့ကြသည်။ ဒရူးဇ်လူနည်းစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် အစ္စရေးအနေနှင့် ကြားဝင်ဆောင်ရွက်ပေးရန်လည်း ဆန္ဒပြသူအချို့က တောင်းဆိုခဲ့ကြကြောင်း ဗြတိန်အခြေစိုက်လေ့လာရေးအဖွဲ့တစ်ခုက […]

မြဝတီ-မဲဆောက် အမှတ် ၂ တံတားပေါ်က ကုန်စည်တင်သွင်းခွင့် စစ်ကော်မရှင်ပိတ်

Dawei Watch

August 18, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ အမှတ် ၂ ကုန်သွယ်ရေးတံတားကို ဖြတ်သန်းပြီး ကုန်တင်ကားများဖြင့် ကုန်စည် တင်သွင်းခွင့်ကို စစ်ကော်မရှင်က ယနေ့ ဩဂုတ်လ ၁၈ ရက်မှစ၍ ပိတ်လိုက်ကြောင်း ထိုင်းသတင်းဌာနနှင့် ကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။ မြန်မာစစ်ကော်မရှင်ဘက်က ထိုင်းနယ်စပ်ဂိတ်ဘက်သို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ယင်းသို့ ပိတ်လိုက်သဖြင့် မဲဆောက်ဘက်တွင် ကုန်ပစ္စည်းတင်ဆောင်ထားသော ကွန်တိန်နာယာဉ်များ ပိတ်မိနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အထူးသဖြင့် မဲဆောက်-မြဝတီ အမှတ် ၂ တံတားမှတစ်ဆင့် ဝင်ရောက်မည့် ကွန်တိန်နာ ကုန်တင်ယာဉ်များအားလုံးကို မြန်မာစစ်ကော်မရှင်ဘက်က ဝင်ခွင့်ပိတ်ထားခြင်းဖြစ်ကြောင်း မဲဆောက်-မြဝတီ ကုန်စည်ပို့ဆောင်နေသူတစ်ဦးက ပြောသည်။ “အဓိက ကွန်တိန်နာတွေ ဝင်လို့မရနေတာ။ အဓိက တရုတ်တို့၊ ဂျပန်တို့ဘက်က တစ်ဆင့်ခံ Transit လုပ်တဲ့ကားတွေ အကုန်လုံး ပေးမဝင်တာ။ တစ်နိုင်တစ်ပိုင်တွေတော့ ပေးဝင်နေတယ်” […]

ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှစကာ အပိုင်းလိုက်ကျင်းပမည်ဟုထုတ်ပြန်

Dawei Watch

August 18, 2025

တစ်နိုင်ငံလုံး စစ်မီးတောက်နေချိန်တွင် နိုင်ငံတကာကိုလှည့်စားရန် ရည်ရွယ်လုပ်ဆောင်သော အငြင်းပွားဖွယ် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့မှစကာ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်အဖွဲ့၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယနေ့(သြဂုတ် ၁၈) တွင် ကြေညာလိုက်ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲကို အပိုင်း ၁ အဖြစ် ကျင်းပမည်ဖြစ်ပြီး နောက်ထပ် အပိုင်းလိုက် ကျင်းပမည့်ရက်များကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ကဆိုသည်။ စစ်ကော်မရှင်က တနင်္သာရီတိုင်း အတွင်းရှိမြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပရန် စီစဥ်ထားပြီး နေရာအနှံ့ကျင်းပနိုင်ခြင်းရှိမရှိကိုမူ မပြောနိုင်သေးကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံမှသိရသည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှာ ထားဝယ်ခရိုင်တွင် မဲဆန္ဒနယ် နှစ်ခု၊ မြိတ်ခရိုင်တွင် မဲဆန္ဒနယ် နှစ်ခု၊ ကော့သောင်းနှင့်ဘုတ်ပြင်းခရိုင်တွင် မဲဆန္ဒနယ်နှစ်ခု စုစုပေါင်း […]

မလေးရှားသွားမည့် မြန်မာ ၁၃ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

August 18, 2025

မလေးရှားနိုင်ငံသို့ သွားရောက်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၁၇ ရက်နေ့က ကော့လတ်ဒေသ တောထဲရှိ အိမ်အဟောင်းတစ်ဆောင်ထဲတွင် နိုင်ငံခြားသားများ တရားမဝင် ရောက်နေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အာဏာပိုင်အဖွဲ့က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အာဏာပိုင်များ ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံသားအချို့သည် အိမ်အဟောင်းထဲ ပုန်းနေကြပြီး အချို့သည် တောထဲပုန်းနေကြကြောင်း သိရသည်။ အာဏာပိုင်များက မြန်မာနိုင်ငံသားများအား ထမင်းထွက်လာစားကြရန် လှည့်ကွက်သုံး၍ ခေါ်ယူစဉ် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း၊ အားလုံးတွင် တရားဝင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် ဩဂုတ်လ ၁၃ ရက်နေ့က […]

ပိတ်ဆို့ခံထားရသည့် ပုလောမြို့နယ်၊ တမိုင်တောင်စခန်းကုန်းကို စစ်အာဏာရှင်တပ်စွန့်ခွာ

Dawei Watch

August 18, 2025

ပုလောမြို့နယ်၊ အောင်ပူ(အင်ဖုံး)ကျေးရွာအုပ်စုမှ တမိုင်တောင်စခန်းကုန်းကို စစ်အာဏာရှင်တပ်သားများ ဩဂုတ်လ ၁၇ ရက်တွင် စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ တမိုင်တောင်စခန်းကုန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း(၇) တပ်ခွဲ(၅)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA အထူးတပ်ဖွဲ့ ၁ တို့က ရိက္ခာဖြတ်တောက် ပိတ်ဆို့မှုများပြုလုပ်ခဲ့သဖြင့်စခန်းစွန်ခွာသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “ဒီစခန်းက အာဏာသိမ်းပြီးမှ တပ်လာစွဲထားတဲ့စခန်းပါ။ ကျွန်တော်တို့ကကြားဖြတ်ပြီးတော့ ပိတ်ဆို့မှုလုပ်တယ်။ ရိက္ခာဖြတ်တောက်မှုလုပ်ထားတဲ့အခါကျတော့သူတို့က ရိက္ခာပို့ဖို့မလွယ်တော့ဘူးပေါ့နော်။ အရင်တုန်းကလည်းပို့တယ် ပို့တဲ့အပေါ်မှာ ကျွန်တော်တို့နဲ့ထိတွေ့မှုမကြာခဏအမြဲဖြစ်တာပေါ့နော်။ ကျွန်တော်တို့လည်း မကြာခဏချောင်းပစ်တယ်ဆိုတော့ သူတို့လည်း ဆုတ်ခွာတာပေါ့” ဟု KNDO တပ်ခွဲ ၅ တပ်ခွဲမှူး စောဗဟုက ပြောသည်။ အဆိုပါစခန်းတွင် ခလရ ၂၈၅ တပ်ရင်းက စစ်အာရှင်တပ်သား ၃၀ ခန့်ရှိပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ တတိယအပတ်တွင် […]

အုပ်စုအဖွင့်ပွဲမှာ မြန်မာအသင်းက အနိုင်ယူခဲ့တဲ့ ဩစတြေးလျ ယူ-၂၃ အသင်းနဲ့ ဖိုင်နယ်မှာထပ်တွေ့

Dawei Watch

August 17, 2025

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ရဲ့ ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းက အိမ်ရှင် ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် ဖိုင်နယ်မှာ အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ မြန်မာနဲ့ ဩစတြေးလျ ယူ-၂၃ အသင်းတို့ ပြန်ဆုံကြတော့မှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းကို အုပ်စုအဖွင့်ပွဲ ယှဉ်ပြိုင်ကစားတုန်းက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ထားပါတယ်။ ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းဟာ အိမ်ရှင် ဗီယက်နမ်ကို ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်ပြီးဆုံးချိန်ကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေခဲ့တာပါ။ အသင်းက အဲ့ဒီလို အရေးနိမ့်နေပေမယ့် ဗီယက်နမ်ပရိသတ်တွေ၊ ပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးကြတဲ့ ဗီယက်နမ်နိုင်ငံ အကြီးအကဲတွေက […]

မလွှဲတောင်လမ်းပိုင်း စစ်ရေးတင်းမာပြီး ရွာအချို့က ဒေသခံများတိမ်းရှောင်၊ စားနပ်ရိက္ခာနှင့် အမိုးအကာ ခက်ခဲ

Dawei Watch

August 17, 2025

ရေဖြူမြို့နယ်၊ မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေး အင်အားစုများကြား ယခုသြဂုတ်လတွင် စစ်ရေးပိုမိုတင်းမာလာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လကစ၍ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ယခုသြဂုတ်လအတွင်း မလွှဲတောင်လမ်းပိုင်းရှိ ကော့လှိုင်ရွာအနီးတွင် ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ယင်းတိုက်ပွဲများတွင် စစ်အာဏာရှင်တပ်ဘက်က အရာရှိအဆင့်များအပါအဝင် ထိခိုက်သေဆုံးသူများပြားပြီး တော်လှန်ရေး တပ်များဘက်ကလည်း ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရကာ အရပ်သားထိခိုက်မှုလည်းရှိကြောင်း တော်လှန်ရေးတပ်များ၏ တိုက်ပွဲမှတ်တမ်းများတွင် ဖော်ပြသည်။ စစ်အာဏာရှင်တပ်သည် နတ်အိမ်တောင်နှင့် မလွှဲတောင်ဘက်သို့ ဦးတည်ပြီး စစ်ကြောင်း လေးကြောင်းခွဲကာ စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။ နတ်အိမ်တောင်ဘက်သွားသည့် စစ်ကြောင်းများကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားကြောင်း မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုတွင်ပါဝင်သည့် ဒေါနတပ်ရင်း ၃ […]