ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း စော်ဖျားနှင့် မိုးရွှေကုန်းရွာကြားကို လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါပစ်ခတ်

Dawei Watch

August 20, 2025

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာနှင့် မိုးရွှေကုန်းရွာကြားကို စစ်အာဏာရှင်တပ်က ယနေ့ ဩဂုတ်လ ၂၀ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲပြီး စစ်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သလို ညနေ ၅ နာရီခွဲခန့်တွင်လည်း စော်ဖျားရွာဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးတစ်လုံး ထပ်မံကြဲချခဲ့ကြောင်း သရက်ချောင်းမြို့နယ်အခြေစိုက် PDF တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဥတ္တူ၊ သရက်နှစ်ခွ၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်းစသည့် ကျေးရွာများကို စစ်အာဏာရှင်တပ်က ဩဂုတ်လ ၁၅ရက်က စတင်ကာ စစ်ကြောင်းနှစ်ကြောင်း ဖြန့်ကျက်ထိုးနေပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။ ဩဂုတ်လ ၁၉ ရက် နံနက် […]

ရေးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

Dawei Watch

August 20, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သ‌ပြေကျေးရွာအနီးတွင် ယနေ့ သြဂုတ်လ ၂၀ ရက် နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၅၀ ခန့်သည် ရ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ရေးမြို့နယ်အတွင်း ဝင်ရောက်လာစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “တိုက်ပွဲကတော့ ၁၀ မိနစ်လောက် ကြာတယ်။ စကစဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်” ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် မော့ကနင်ကျေးရွာအခြေစိုက် အမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) […]

ပုလော-မြိတ်ကားလမ်းတွင် တိုက်ပွဲကြောင့်ပိတ်မိနေစဉ် ကုန်ကားတစ်စီး ဖောက်ထွင်းခံရ

Dawei Watch

August 20, 2025

ပုလော-မြိတ် ကားလမ်းပိုင်းတွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့် ကုန်ကားတစ်စီး ဖောက်ထွင်းခံရပြီး ပစ္စည်းအများအပြား ခိုးယူသွားကြောင်း ကုန်ပစ္စည်းခိုးယူခံရသူအချို့က ပြောသည်။ ပုလော- မြိတ်လမ်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ရက် ၂၀ နီးပါးကြာ ကားလမ်း ပိတ်နေသည့်အချိန် ဩဂုတ်လ ၁၄ ရက်တွင် ကုန်ကား ဖောက်ထွင်းခိုးယူခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ရန်ကုန်နှင့် မန္တလေးတို့မှ ကုန်ပစ္စည်းများကို ကုန်ပစ္စည်းပို့ဝန်ဆောင်မှုပေးနေသည့် MGL Express မှတစ်ဆင့် မြိတ်မြို့သို့ သယ်ဆောင်လာချိန် ပုလော- မြိတ်လမ်းပိုင်းတွင် တိုက်ပွဲကြောင့် ပိတ်မိခဲ့ကြောင်း ကုန်ပစ္စည်းခိုးယူခံရသူအချို့ထံမှ သိရသည်။ ထိုသို့ပိတ်မိနေချိန် ကုန်ကားသမားမှာ ကားကိုထားခဲ့ပြီး တိမ်းရှောင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သည့်အချိန် ပြန်ရောက်ရှိလာ‌ သောအခါ ကားပေါ်ရှိ ပစ္စည်းအားလုံးနီးပါး ဖောက်ယူခံထားရကြောင်း ၎င်းတို့က ပြောဆိုသည်။ “ကျွန်တော်တို့က ဖုန်းရောင်းသမားဆိုတော့ ဖုန်းတွေပဲ […]

ထားဝယ်တွင် ကိုရင်တစ်ပါး သေနတ်ယူဆော့မိရာမှ မတော်တဆကျည်ထွက်ပြီး ဒဏ်ရာရ

Dawei Watch

August 20, 2025

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ဩဂုတ်လ ၁၉ရက် မွန်းလွဲပိုင်းက ကိုရင်တစ်ပါး သေနတ် ယူဆော့မိရာမှ မတော်တဆ ကျည်ထွက် ထိမှန်ဒဏ်ရာရကြောင်း မြို့ခံ အချို့က ပြောသည်။ အိမ်ရှေ့ ပြင်ရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က တပ်သားတစ်ဦး၏ သေနတ်ကိုယူပြီး ဆော့မိခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ မတော်တဆ သေနတ်ကျည်ဆံ ထွက်ပြီး ကိုရင်၏ ဝမ်းဗိုက်တွင် ထိမှန်ဒဏ်ရာရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “ဗိုက်မှာ ထိတယ်။ ညကမှ ခွဲစိတ်ခန်းဝင်ရတယ်ပြောတယ်” ဟု ၎င်းက ပြောသည်။ အသက် ၁၂နှစ်အရွယ် ကိုရင်သည် လက်ရှိတွင် ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထားဝယ်မြို့အတွင်း ကင်းလှည့်ထွက်လာသည် စစ်အာဏာရှင်တပ်သည် ဆင်ဆိပ်ရပ်ကွက်နှင့် အိမ်ရှေပြင်ရပ်ကွက်ကြားတွင် […]

ကလိန်အောင် မရမ်းချောင်းရွာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်းဝင်၊ ရွာသားများစစ်ဆေးခံရ

Dawei Watch

August 20, 2025

ရေဖြူမြို့နယ် ၊ ရာဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းရွာသို့ သြဂုတ်လ ၁၉ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ် စစ်ကြောင်း ဝင်ရောက်လာပြီး ရွာအတွင်း ရှိနေသည့် ရွာသားများကို ခေါ်ယူစစ်ဆေးကြောင်း ရွာသားများထံမှ သိရသည်။ သြဂုတ်လ ၁၄ရက်က ကလိန်အောင်မြို့မှ မလွှဲတောင်ဘက်သို့ လာသည့် အင်အားသုံးရာခန့်ပါ စစ်ကြောင်းက စစ်အာဏာရှင်တပ်သား တစ်ရာခန့်သည် မရမ်းချောင်းရွာသို့ ယမန်နေ့က ရောက်ရှိလာကြောင်း ရွာသားများက ဆိုသည်။ အဆိုပါစစ်ကြောင်းမှာ ယနေ့ သြဂုတ်လ ၂၀ရက်တွင် မရမ်းချောင်းရွာလယ် စာသင်ကျောင်း၌ ဆက်ရှိနေဆဲကြောင်း ၎င်းတို့က ပြောဆိုသည်။ “နောက်ကလည်း စစ်ကြောင်း နှစ်ကြောင်းထပ်ထိုးနေသေးတယ်။ ရွာမှာ ကျန်ခဲ့တဲ့ ပိတ်မိနေတဲ့ ရွာသားတွေတော့ ညနေက ခေါ်ပြီး စစ်ဆေးခံရတယ်။ PDF နဲ့ အဆက်အသွယ်ရှိလား ဘာညာပေါ့။ အခုမနက် […]

ထိုင်း-မြန်မာ ကုန်သွယ်မှု ခြောက်လအတွင်း ဘတ်ဘီလီယံ ၁၀၀ကျော်ရှိ၊ အမှတ် ၂ တံတားကို အမြန်ဆုံးပြန်ဖွင့်ရန် ထိုင်းဘက်ကပြော

Dawei Watch

August 20, 2025

ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း ဘတ် ဘီလီယံ ၁၀၀ ကျော်ရှိကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jatuporn Buruspat က ယနေ့ ဩဂုတ်လ ၂၀ ရက်တွင် ပြောသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ထိုင်း-မြန်မာ နယ်စပ်ခရိုင် ခုနစ်ခုက နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ၁၀၅ ဒသမ ၁၄ ဘီလီယံဘတ် (ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံကျော်) ရှိကြောင်း ၎င်းက ဆိုသည်။ ယင်းအနက် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကုန်တင်ပို့မှုသည် ၆၃ ဒသမ ၅၇ ဘီလီယံဘတ်ရှိပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်သို့ ကုန်တင်ပို့မှုသည် ၄၁ ဒသမ ၅၇ ဘီလီယံရှိကြောင်း […]

ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ဝင်လာသော မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံရ

Dawei Watch

August 20, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာပြီးနောက် သောင်ရင်းမြစ်ဘေး ချုံတောထဲတွင် လမ်းလျှောက်နေသော မြန်မာနိုင်ငံသား ၄၀ နီးပါးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီခန့်က ဖို့ဖရာဒေသ ဝါလေရွာအနီး သောင်ရင်းမြစ်ဘေးက နယ်စပ်ဒေသများကို ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့် စစ်ဆေးနေစဉ် ချုံတောထဲတွင် လူအုပ်စုလိုက် လမ်းလျှောက်နေသည်ကို တွေ့ရှိကြောင်း ဖော်ပြသည်။ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၇ ဦး ပါဝင်ပြီး ၎င်းတို့တွင် တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများသည် ကရင်ပြည်နယ် နယ်စပ်မှတစ်ဆင့် ဝါလေဒေသထဲသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာကြကြောင်း […]

လောင်းလုံးတွင် စပါးစျေးအနည်းငယ်တက်လာပြီး အရောင်းအဝယ်ပြန်သွက်

Dawei Watch

August 20, 2025

စပါးစျေး ထိုးကျခဲ့သည့် လောင်းလုံးမြို့နယ်အတွင်း သြဂုတ်လ အစောပိုင်းကစကာ စျေးအနည်းငယ် ပြန်တက်လာပြီး အရောင်းအဝယ်လည်း ပြန်သွက်လာကြောင်း လယ်သမားများနှင့် ဆန်စပါးကုန်သည်အချို့ထံမှ သိရသည်။ လက်ရှိတွင် ကျော်ဇေယျ၊ ရန်ကုန်နှင့် ရွှေပန်းခိုင်(ဒေသအခေါ်)စသည့် စပါးကြမ်း တစ်တင်းလျှင် ငွေကျပ် တစ်သောင်းသုံးထောင်ခန့်၊ စပါးချောအမျိုးအစားများဖြစ်သည့် ကမာကြည် တစ်တင်းလျှင် တစ်သောင်းခုနစ်ထောင်ကျပ်ခန့်နှင့် ထားဝယ်ပေါ်ဆန်းမွှေး တစ်တင်းလျှင် ကျပ်သုံးသောင်းခန့် စျေးပေါက်နေသည်။ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ထားဝယ်ဒေသထွက် စပါးကြမ်းတစ်တင်းလျှင် ငွေကျပ်ကိုးထောင်အထိ စျေးကျသွားရာက လက်ရှိတွင် ဈေးပြန်တက်လာခြင်းဖြစ်သည်။ ထို့အတူ ကမာကြည်တစ်တင်းလျှင် တစ်သောင်းသုံးထောင်ကျပ်ခန့်နှင့် နှစ်သောင်းခွဲခန့်အထိ စျေးကျခဲ့သည်။ ရန်ကုန်ဘက်မှ ဆန်တင်သွင်းမှုရပ်ဆိုင်းသွားပြီးနောက်ပိုင်း ဒေသထွက်ဆန်ကို စားသုံးသူရှိလာသည့်အတွက် ယင်းကဲ့သို့ စပါးစျေးတက်လာခြင်းဖြစ်ကြောင်း ဆန်စပါးကုန်သည်တစ်ဦးက ဆိုသည်။ “စပါးစျေးက ရှစ်လပိုင်းထဲမှာ ပြန်လှုပ်(တက်)လာတယ်။ ရန်ကုန်ဆန်က လုံးဝမဆင်းတော့ ထားဝယ်မှာ […]