ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နေရပ်ပြန်ပို့ရန် ဖူးခက် လဝကစခန်းတွင် ထိန်းသိမ်းထားသော မြန်မာအမျိုးသမီး ကြိုးဆွဲချသတ်သေ

Dawei Watch

August 22, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ လဝကထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာအမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့ဝင်များက အသက် ၂၉ နှစ်အရွယ် မထိုက်ဒါလီအမည်ရှိ မြန်မာအမျိုးသမီးကို ယနေ့ (ဩဂုတ် ၂၂) နံနက် ၅ နာရီခန့်က အခန်းထဲ ကြိုးဆွဲချ သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးသည် သူမ၏ ဘောင်းဘီကို အသုံးပြု၍ ထိန်းသိမ်းရေးစခန်းထဲက သံတိုင်တွင် ချည်နှောင်ပြီး ကြိုးဆွဲချသတ်သေခဲ့ကြောင်း CCTV မှတ်တမ်းများကို ကိုးကား၍ ရဲတပ်ဖွဲ့က ပြောသည်။ မြန်မာအမျိုးသမီးသည် ပြစ်ဒဏ်ကျခံပြီးသွား၍ ဩဂုတ်လ ၁၅ ရက်နေ့က ဖူးခက်အကျဉ်းထောင်မှ လွတ်မြောက်လာသူဖြစ်ပြီး နေရပ်ပြန်ပို့ရန်အတွက် လဝကထိန်းသိမ်းရေးစခန်းသို့ ဩဂုတ်လ ၂၁ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။ လက်ရှိ ကြိုးဆွဲချသော […]

မျှင်ငါးပိ ရှားပါးချိန်ဖြစ်သော်လည်း ဈေးကောင်းမရ

Dawei Watch

August 22, 2025

မြိတ်ကျွန်းစု ဒေသထွက်ကုန်တစ်ခုဖြစ်သည့် မျှင်ငါးပိရှားပါးချိန်ဖြစ်သော်လည်း ဈေးကောင်းမရဘဲ ငြိမ်နေသည့်အတွက် ငါးပိလုပ်သူများ အခက်တွေ့နေကြောင်း ငါးပိလုပ်သူများနှင့် ကုန်သည်အချို့ထံမှ သိရသည်။ မိုးရာသီ နေရောင်ခြည်ကောင်းစွာမရရှိသည့်အတွက် မျှင်ငါးပိလုပ်ရန် အခက်အခဲရှိနေပြီး ရှားပါးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထိုသို့ ရှားပါးနေချိန်တွင် ဈေးတက်လေ့ရှိသော်လည်း တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် တိုင်းအတွင်းရှိ အခြားမြို့များနှင့်တိုင်းပြင်ပသို့ ပို့ဆောင်ရန် အခက်အခဲရှိသည့်အတွက် ဈေးကောင်းမရဘဲ ဖြစ်နေကြောင်း ကုန်သည်အချို့ထံမှ သိရသည်။ လက်ရှိတွင် မျှင်ငါးပိတစ်ပိဿာလျှင် အမျိုးအစားအပေါ်မူတည်ကာ ငွေကျပ် ငါးထောင် မှ ကျပ်တစ်သောင်းဝန်းကျင် ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းက တစ်နှစ်ထက် တစ်နှစ်မြင့်တက်နေချိန်တွင် မျှင်ငါးပိဈေးက ငြိမ်နေသည့်အတွက် အခက်တွေ့နေကြေကြာင်း ငါးပိလုပ်သူအချို့ ဆိုသည်။ “ဒီနှစ်ဆို နှစ်အစကတည်းက လမ်းတွေခဏခဏပိတ်တယ်လေ။ ‌ကုန်ဈေးနူန်းတွေကလည်း အဆမတန်တက်နေတာ ငါးပိဈေးကျတော့ […]

သက်ဆင်ကို တော်ဝင်ဥပဒေဖြင့် တရားစွဲထားမှု ထိုင်းတရားရုံး ပယ်ချ

Dawei Watch

August 22, 2025

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် အား တောင်ဝင်ဥပဒေပုဒ်မ ၁၁၂ ဖြင့် တရားစွဲထားသောအမှုကို ထိုင်းတရားရုံးက ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် ပယ်ချပြီး သက်ဆင်ကို တရားသေလွှတ်ပေးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၂၀၁၅ ခုနှစ် မေလက တောင်ကိုးရီးယားနိုင်ငံတွင် ဖြေကြားခဲ့သော အင်တာဗျူးတစ်ခုတွင် တော်ဝင်မျိုးနွယ်ကို ထိခိုက် စော်ကားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တော်ဝင်ဥပဒေပုဒ်မ ၁၁၂ နှင့်အတူ ကွန်ပျူတာဆိုင်ရာပြစ်မှုဥပဒေများဖြင့် တရားစွဲထားခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး အာမခံဖြင့် လွတ်မြောက်နေခြင်းဖြစ်သည်။ သက်သေအထောက်အထား မခိုင်လုံခြင်းနှင့် တော်ဝင်မျိုးနွယ်အား စော်ကားမှုကို မတွေ့ရဟုဆိုကာ ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် တရားရုံးက အမှုကို ပယ်ချလိုက်သည်။ ယ‌နေ့ တရားရုံးတွင် ပြင်ပလူများ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

August 22, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၂၂ရက် နံနက်ပိုင်းက စန်ခရာဘူရီဒေသ နော့လူရွာထဲတွင် ထိုင်းနယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ နံနက် ၂နာရီခန့်တွင် နော့လူရွာရှိ မြစ်ကမ်းဘေး၌ ထိုင်စောင့်နေကြသော မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်လာကြပြီး စမွတ်စခွန်ခရိုင်သို့ သွားရောက်လုပ်ကိုင်ရန်အတွက် ပွဲစားကို ဘတ် ၁၅၀၀၀ ပေးချေပြီး ဝင်ရောက်လာကြကြောင်း ဆိုသည်။ နံနက် ၄နာရီခန့်တွင်လည်း နော့လူရွာ စစ်ဆေးရေးဂိတ်အနီး လမ်းလျှောက်လာသော မြန်မာနိုင်ငံသား ရှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ၎င်းတို့သည် ဘန်ကောက်မြို့သို့ သွားရောက်ရင် […]

ထားဝယ်အရှေ့တောတွင် စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

Dawei Watch

August 21, 2025

ထားဝယ်အရှေ့တောဒေသတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ယနေ့ ဩဂုတ်လ ၂၁ ရက်တွင်လည်း စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချိုက ပြောသည်။ ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် သင်္ကန်းတုန်းရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “(ဗုံးကြဲတဲ့) အသံကြားတာကတော့ နှစ်လုံးကြားတယ်၊ ထိခိုက်မှု ရှိမရှိ အခုအထိ ဘာမှမကြားရသေးဘူး” ဟု သင်္ကန်းတုန်းရွာအနီးက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဒေသခံအမျိုးသား အခြားတစ်ဦးကလည်း စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချသွားကြောင်း ပြောဆိုသည်။ စစ်အာဏာရှင်တပ်က ယာဉ်၁၀ စီးပါသည့် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းသည် ထားဝယ်-ထီးခီးကားလမ်းအတိုင်း ပကာရီရဲစခန်းမှ ကျောက်မဲတောင်စခန်းကို စစ်ကြောင်းထိုးလာစဉ် ဩဂုတ် ၁၈ ရက်၊ ၁၉ ရက်တွင် သင်္ကန်းတုန်းရွာနှင့် ဝကုန်းရွာတို့၌ […]

မြိတ်ရှိကျေးရွာများတွင် စစ်မှုထမ်းအကြောင်းပြကာ အဓမ္မငွေတောင်းမှုများလာ

Dawei Watch

August 21, 2025

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာနှင့်အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ပျူစောထီးများနှင့် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ ဒေသခံများထံမှ အဓမ္မငွေတောင်းမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရသည်။ အမည်စာရင်းနှင့်တကွ ရောက်လာကာ စစ်မှုမထမ်းလိုပါက ငွေပေးရန် အဓမ္မတောင်းခံသွားကြောင်း ဒေသခံများနှင့် လွတ်မြောက်လာသူအချို့ထံမှ သိရသည်။ ဩဂုတ် ၁၁ရက်နေ့က တပ်တောင်ရွာတွင် အသက် ၁၉ နှစ်အရွယ် လူငယ် အမျိုးသားတစ်ဦးထံမှ အုပ်ချုပ်‌ရေးမှုးက ကျပ်သိန်း ၅၀ တောင်းခံခဲ့ကြောင်း၊ စစ်မှုထမ်းမဲပေါက်နေပြီး မသွားလိုပါက ငွေပေးရမည်ဆိုကာ တောင်းသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ထိုလူငယ်အမျိုးသားက အုပ်ချုပ်ရေးမှူးတောင်းသည့် ငွေကြေးကို ပေးလိုက်ပြီးနောက် နောက်ထပ်ရွာသားသုံးဦးထံမှ ငွေထပ်တောင်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သို့သော် ယင်းလူငယ်အမျိုးသား ၃ ဦးက အခြားဒေသသို့ ထွက်ပြေးရာ လွတ်မြောက်သွား၍ ငွေမပေးလိုက်ရသော်လည်း စစ်မှုထမ်းအတွက် […]

ပလမြို့တွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေပြီး ကားလမ်းပြန်ပိတ်

Dawei Watch

August 21, 2025

မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်ရှိ ပလမြို့ကို စစ်အာဏာရှင်တပ်က အင်အားရာချီအသုံးပြုကာ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေသည့်အတွက် အဆိုပါလမ်းပိုင်းကို ဖြတ်သန်း၍ မရတော့ကြောင်း မြို့ခံအချို့နှင့် တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ယနေ့(ဩဂုတ် ၂၁) နံနက်မှစပြီး စစ်အာဏာရှင်တပ်သား ၂၀၀ ဝန်းကျင်ဖြင့် ပလမြို့မှ မြိတ်ဘက်သို့ သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။ ထိုကြောင့် ပလမြို့အထွက်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်နေကြောင်း ၎င်းကပြောသည်။ “တစ်နေကုန်တိုက်ပွဲဖြစ်နေတာ။တိုက်ပွဲကကြမ်းနေတာ။ လက်နက်ကြီးတွေနဲ့နေရာပေါင်းစုံကနေ မနက်အစောကြီးကတည်းက ပစ်နေတယ်။ ရေတပ်ကနေလည်း အတွဲလိုက်တွေ၊ လက်နက်ကြီးတွေနဲ့ ပလချောင်းဝကနေ ပစ်နေတာပါ” ဟု ၎င်းက ဆိုသည်။ ထိုအပြင်စစ်အာဏာရှင်တပ် အထိုင်ချထားသည့် စက်တော်ရာ(ဘုရားတောင်)ဘက်တွင်လည်း အင်အားရာချီရှိနေပြီး ပလမြို့နှင့် စက်တော်ရာကြားရှိ ကျေးရွာများကို နှစ်ဖက်ညှပ်၍ […]

ထားဝယ်မြစ်တွင် ပြည်သူ့စစ်တစ်ဦး၏ ရုပ်အလောင်းတွေ့

Dawei Watch

August 21, 2025

ထားဝယ်မြစ်အတွင်း ယနေ့ ဩဂုတ်လ ၂၁ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း မြို့ခံများက ပြောသည်။ သေဆုံးသူသည် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် ‌ကိုရဲရင့်အောင် (ခေါ်) တူးတူးဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ယနေ့ နံနက် ၁၁နာရီခန့်တွင် တွေ့ရှိခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “ငါးဖမ်းသမားတွေက စတွေ့တာ သူတို့ လှေနဲ့ ဆွဲလာပြီး လာပို့ပေးတာ” ဟု ၎င်းက ပြောဆိုသည်။ ကိုရဲရင့်အောင်သည် ထားဝယ်မြို့အခြေစိုက် စစ်အာဏာရှင်တပ် လက်‌အောက်ရှိ ဌာနေပြည်သူ့စစ်အဖွဲ့တွင် နေ့စားဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ “သူရဲ့ မူရင်း အလုပ်ကတော့ ငါး‌ဖမ်းလုပ်ငန်းလုပ်တယ်။ အခုနောက်ပိုင်း ပြည်သူ့စစ် (ပသစ) အဖွဲ့မှာလည်း နေ့စား ဝင်လုပ်တယ်။ သူတာဝန်ပြီးတဲ့အခါ ငါးဖမ်းဆင်းတယ်” […]