ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ကို ထိုင်းရဲဖမ်းဆီး
Dawei Watch
August 25, 2025ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် တောထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စန်ခရာဘူရီခရိုင် တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက်ပုန်းနေကြောင်း သတင်းရရှိသဖြင့် ထိုင်းနယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုင်းစစ်တပ်များ သွားရောက်စစ်ဆေးစဉ် တောထဲ ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၃၈ ဦး စုစုပေါင်း ၁၀၀ ဦးကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများအားလုံးတွင် တရားဝင် နယ်စပ်ဖြတ်သန်းခွင့်နှင့် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရဟုဆိုသည်။ မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်လာကြပြီး လှေဖြင့် ခရီးဆက်ခဲ့ကြရာ ယခုနေရာသို့ ရောက်ရန် […]


