ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းတွင် ရွာသုံးရွာက နေအိမ် ၇၀ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သားနှစ်ဦးပစ်သတ်ခံရ

Dawei Watch

August 27, 2025

သရက်ချောင်းမြို့နယ်၊ စော်ဖျား၊ မိုးရွှေကုန်းနှင့် ဥတ္တူ စသည့် ကျေးရွာသုံးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက နေအိမ် ၇၀ ဆယ်ခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၁၇ ရက်တွင် ဥတ္တူရွာက ကားတစ်စီးနှင့် နေအိမ် တစ်လုံး၊ ဩဂုတ်လ ၂၂ ရက်တွင် မိုးရွှေကုန်းရွာက နေအိမ် ၁၉ လုံး၊ ဩဂုတ်လ ၂၅ ရက်တွင် စော်ဖျားရွာက နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံအချို့က ပြောသည်။ မိုးရွှေကုန်းရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအနီးတွင် စစ်အာဏာရှင်တပ်က သတ်ဖြတ်ခဲ့သည့် လူနှစ်ဦး၏ အလောင်းနှစ်လောင်းကို ယနေ့ ဩဂုတ်လ ၂၇ ရက် ယနေ့ […]

ထားဝယ်မြို့တွင် မိုးကြီး လေပြင်းတိုက်ပြီး နေအိမ် ၁၀နီးပါး အမိုးလန်ပျက်စီး

Dawei Watch

August 27, 2025

ထားဝယ်မြို့ပေါ်တွင် ဩဂုတ်လ ၂၆ ရက် ညဦးပိုင်းနှင့် ညသန်းခေါင်အချိန်တို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ် ၁၀ ဆောင်နီးပါး ခေါင်မိုးလန် ပျက်စီးကြောင်း မြို့ခံအချို့က ပြောသည်။ ထားဝယ်မြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် ဩဂုတ်လ ၂၆ရက် ည ၇နာရီဝန်းကျင်နှင့် ညသန်းခေါင်ယံတို့တွင် မိုးကြီးပြီး လေပြင်းကျတိုက်သောကြောင့် တလိုင်းမရပ်ကွက်၊ တရုတ်တန်းလမ်းရှိ နေအိမ်အချို့ နှင့် အခြားရပ်ကွက်များတွင် နေအိမ်အချို့ ခေါင်မိုးလန်ပျက်စီးကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “မိုးကြီးတယ်။ လေတိုက်တာက နေရာစုံတော့ မဟုတ်ဘူး။ တရုတ်တန်းလမ်းမှာပဲ အများဆုံးဖြစ်သွားတာ။ ရုတ်တရက် လေပွေလှိုင်း မိသွားတာ ဖြစ်မယ်။ တရုတ်တန်းလမ်းမှာ အိမ်မိုးလန်သွားတာ ခုနစ်ဆောင်ရှိတယ်။ တခြားရပ်ကွက်တွေက တော့ မသိရသေးဘူး” ဟု ယင်းအမျိုးသားကပြောသည်။ Dawei Watch က ရရှိထားသည့် […]

ထိုင်းနယ်စပ် ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၄၀နီးပါးဖမ်းဆီးခံရ

Dawei Watch

August 27, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၂၇ ရက် နံနက် ၅နာရီခွဲတွင် ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသ၌ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်လာသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် နယ်ခြားစောင့်တပ်က လမ်းတွင် ဂိတ်ချစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ စစ်ဆေးနေချိန် ကားနှစ်စီးမောင်းလာသဖြင့် အာဏာပိုင်များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြရာ ကားကို ရပ်တန့်ခြင်း မရှိဘဲ မောင်းပြေးကြောင်း ဆိုသည်။ အာဏာပိုင်များက နောက်က လိုက်လံစစ်ဆေးရာ ကားနှစ်စီးကို တောထဲရှိ လမ်းဆုံးတစ်နေရာ၌ ရပ်နားထားသည်ကို တွေ့ရပြီး ကားမောင်းသူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသားအမျိုးသား ၂၅ဦး၊ အမျိုးသမီး ၁၃ဦး […]

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ၃၃ နှင့် MSRF တို့ ညီနောင်တပ်ဖွဲ့အဖြစ်ဖွဲ့စည်း

Dawei Watch

August 27, 2025

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းကြောင်း ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ ဒရုန်းစစ်ဆင်ရေးမှစ၍ မဟာမိတ်အဖြစ် ပူးပေါင်းပြီး အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည်ဟု ဆိုသည်။ ၂ နှစ်ကျော် အတူတကွ စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်လာခဲ့ရာ ယခုအခါ ရဲဘော် ရဲဘက်များအချင်းချင်းအကြားတွင် သွေးစည်းညီညွတ်မှု၊ အနစ်နာခံမှုနှင့် ယုံကြည်မှုများသည် ညီနောင်ပမာခိုင်မာပြီးဖြစ်၍ နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းဖြစ်သည်ဟု ညီနောင်တပ်ဖွဲ့ […]

မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် ခရီးသွားရာချီပိတ်မိနေပြီး ရိက္ခာအခက်အခဲဖြစ်နေ

Dawei Watch

August 27, 2025

ရန်ကုန်-ထားဝယ်လမ်းပိုင်းဖြစ်သည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မလွှဲတောင်နှင့် ကလိန်အောင်လမ်းပိုင်းတွင် ဩဂုတ်လ ၂၆ ရက် ညနေ ၃ နာရီခန့်မှစပြီး ခရီးသွားကားများ ရာ ချီပိတ်မိနေ၍ စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေကြောင်း ပိတ်မိနေသည့် ခရီးသွားများက ပြောသည်။ မလွှဲတောင်နှင့် ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တို့အကြား ဩဂုတ်လ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အထိ သုံးရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်နေကြောင်း၊ တော်လှန်ရေးတပ်များဘက်က ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှစပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ခရီးသွားတစ်ဦးကပြောသည်။ “တော်တော် ဒုက္ခရောက်နေတယ်။ ဒီလမ်းမမှာ ဘာစားစရာမှမရှိဘူး၊ ကျွန်တော်တို့ ရွာထဲဝင်ပြီး ထမင်းလိုက် တောင်းစားနေရတယ်။ ဒီမှာကားကြီးတွေရော ကားသေးတွေရော ရာချီရှိနေပြီ ကျမ်းမာရေး […]

အိမ်ချိပ်ပိတ်ခံထားရသော ဒလန်ဆိုသူများ၏ ဥယျာဥ်နှင့်ရော်ဘာခြံများကိုပါ ထပ်မံချိပ်ပိတ်

Dawei Watch

August 27, 2025

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာရှိ စစ်အာဏာရှင်တပ် သတင်းပေးဆိုသူများ၏ နေအိမ်များကို မြိတ်ခရိုင်တပ်ရင်း ၂ က ချိပ်ပိတ်ပြီးနောက် ဥယျာဥ်ခြံနှင့် ‌ရော်ဘာခြံများကိုလည်း ‌ဆေးနီသုတ်ပြီးစာကပ်ကာ ချိတ်ပိတ်လိုက်ကြောင်း သိရသည်။ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပဝရွာရှိ စစ်အာဏာရှင်သတင်းပေးဟုဆိုသူ ဦးမြင့်ဌေးနှင့် ဦးကြည်ဟုန်တို့၏ ရော်ဘာခြံနှင့်ဥယျာဥ်ခြံများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ချိပ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဩဂုတ်လ ၁၇ ရက်နေ့က ပဝရွာရှိ ဦးမြင့်ဌေး၊ ဦးကြည်ဟုန်နှင့် အခြားသူတစ်ဦးပိုင်သည့် နေအိမ် ၃ ဆောင်ကို မြိတ်ခရိုင်တပ်ရင်း- ၂က ချိပ်ပိတ်ခဲ့ပြီး နောက်တစ်ရက်တွင် ဦးမြင့်ဌေး၏ နေအိမ်ကို မြိတ်ခရိုင်တပ်ရင်း-၂ တပ်ဖွဲ့ဝင်များက လာရောက်ဖြိုဖျက်ပြီး သစ်သားများကို ကားဖြင့်တင်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုထားသည်။ ထိုနောက် ဩဂုတ်လ […]

ကျွန်းစုပင်လယ်တွင် ဆန်အိတ်တစ်ရာ‌နီးပါးကို စစ်အာဏာရှင်တပ် သိမ်းယူ

Dawei Watch

August 27, 2025

ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုတွင် ရောင်းချရန်အတွက် မြိတ်မြို့မှ ဝယ်လာသည့်ဆန်အိတ်များကို စစ်အာဏာရှင်တပ် ရေတပ်စစ်သင်္ဘောက သိမ်းယူလိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ လှေဖြင့် တင်ဆောင်လာသည့် ဆန်အိတ်တစ်ရာနီးပါးကို ဩဂုတ်လ ၂၄ ရက်တွင် စစ်အာဏာရှင်တပ်၏ အမှတ် 116 ရေတပ်စစ်သင်္ဘောက သိမ်းယူခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဩဂုတ်လ ပထမအပတ်မှစတင်ကာ စစ်အာဏာရှင်စစ်သင်္ဘောများက ဆန်နှင့် စက်သုံးဆီ တင်သွင်းခွင့် ပိတ်ထားခဲ့သည်။ ယင်းသို့တင်သွင်းခွင့်ပိတ်ထားချိန် ကျေးရွာများတွင် ဆန်ပြတ်လပ်လာသည့်အတွက် ရှော်တောမော်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဘဒ္ဒနဲကျေးရွာအုပ်စုရှိကျေးရွာများကို ခွဲဝေရောင်းချရန် မြိတ်မြို့မှ ဆန်အိတ်တစ်ရာခန့် မှာယူခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါဆန်အိတ်များတင်ဆောင်လာချိန် ရဘဒ္ဒနဲကျေးရွာအုပ်စု ရှော်တောမော်ရွာအရှေ့တွင် ရပ်နားထားသည့် 116 ရေတပ် စစ်သင်္ဘောမှ ဗိုလ်မှူးဖြစ်သူက သိမ်းယူလိုက်ကြောင်း ဘဒ္ဒနဲကျေးရွာအုပ်စုနေ […]

သန့်ဇင်ကို အလဲထိုးထားတဲ့ ဂင်ဆန်လက်က သွေးလင်းထက်ကို စိန်ခေါ်၊ ဝိတ်ချပြီးထိုးပေးမယ်လို့ဆို

Dawei Watch

August 27, 2025

မြန်မာဖိုက်တာ သန့်ဇင်ကို ပထမပွဲချီမှာတင် အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့ PK ဆန်ချိုင်း Gym ကလပ်ရဲ့ထိုင်းဖိုက်တာ ဂင်ဆန်လက်က သူ့ကို သွေးလင်းထက်နဲ့ ပေးတွေ့ဖို့ တောင်းဆိုလိုက်ပါတယ်။ ဂင်ဆန်လက်က သွေးလင်းထက်သာ ပွဲထိုးဖို့ လက်ခံပေးမယ်ဆိုရင် သူ့ဘက်က ဝိတ်ကို ၁၀ ပေါင်လောက်လျှော့ပြီး သွေးလင်းထက် အဆင်ပြေမယ့် Straweight တန်းမှာ ပွဲကို ထိုးပေးမယ်လို့လည်း စိန်ခေါ်စကားဆိုထားပါတယ်။ ဂင်ဆန်လက် ဟာ ဖလိုင်းဝိတ်တန်းဖိုက်တာတစ်ယောက်ဖြစ်ပြီး သွေးလင်းထက် ကစားနေတဲ့ Straweight တန်းထက် ဖလိုင်းဝိတ်တန်းက ၁၀ ပေါင် ပိုမြင့်ပါတယ်။ သွေးလင်းထက်ကတော့ သူနဲ့ ဝိတ်တန်းတူမယ်ဆိုရင် ONE က စီစဉ်ပေးတဲ့ ဘယ်ဖိုက်တာနဲ့မဆို ပွဲထိုးဖို့ အသင့်ပါပဲလို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ PK ဆန်ချိုင်း Gym ကလပ်ပိုင်ရှင်ဟာလည်း […]