ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မုန်တိုင်းတိုက်ပြီး ရေကြီးမြေပြိုမှုကြောင့် ထိုင်းတွင် သေဆုံးသူ ငါးဦးရှိလာ၊ ၁၀ ဦးထက်မနည်း ပျောက်ဆုံး

Dawei Watch

August 28, 2025

ကဂျီကီ မုန်တိုင်းတိုက်ခတ်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုများကြောင့် ယနေ့ နံနက်ပိုင်းအထိ သေဆုံးသူ ငါးဦးရှိလာခဲ့ပြီး ပျောက်ဆုံးနေသူများ ဆက်ရှိနေဆဲဖြစ်ကြောင်း ထိုင်းနှင့် နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းခရိုင်များဖြစ်သော ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင် ခရိုင်များ အပါအဝင် ခရိုင် ၁၂ ခုအထိ ရေကြီးမှု၊ မြေပြိုမှုများကို ပြင်းထန်စွာခံစားခဲ့ရပြီး လမ်း၊ တံတားများလည်း ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ ရေကြီးမြေပြိုမှုများကြောင့် အိမ်ပေါင်း ၁၈၀၀ ခန့် ပျက်စီးခဲ့ပြီး လူပေါင်း ၆၃၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း ထိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန (DDPM) က ထုတ်ပြန်သည်။ ချင်းမိုင်တွင် မြေပြိုမှုကြောင့် လူ လေးဦးသေဆုံးခဲ့ပြီး မယ်ဟောင်ဆောင်တွင် တစ်ဦး ရေနှင့်အတူ […]

စစ်အာဏာရှင်တပ် ကန့်သတ်မှုကြောင့် တနင်္သာရီတိုင်းသို့ ဆိုလာနှင့် လျှပ်စစ်ပစ္စည်းအပါ ကုန်ပစ္စည်းအချို့ ပို့ဆောင်မှုရပ်

Dawei Watch

August 28, 2025

တိုင်းပြင်ပမှ ဆိုလာ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အပါအဝင် ကုန်ပစ္စည်းအချို့သယ်ဆောင်ခွင့်ကို စစ်အာဏာရှင်တပ်က ကန့်သတ်လိုက်သည့်အတွက် ပို့ဆောင်မှုရပ်ဆိုင်းလိုက်ကြောင်း ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ လုပ်ငန်းအချို့ ထံမှ သိရသည်။ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များက ပြီးခဲ့သည့် လပိုင်းကတည်းက ယင်းကဲ့သို့ ကန့်သတ်ထားခြင်းဖြစ်ပြီး ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတစ်ခုနှင့် တစ်ခု ကန့်သတ်ပစ္စည်း ကွဲပြားမှုရှိကြောင်း အဆိုပါကုမ္ပဏီလုပ်ငန်းများထံမှ သိရသည်။ ယင်းသို့ ပိတ်ပင်နေသည့်အတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအနေဖြင့် ပစ္စည်းပို့ဆောင်သည့်ဝန်ဆောင်မှုကို ယခု သီတင်းပတ်အတွင်း ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “စစ်ဆေးရေးဂိတ်အလိုက် ကန့်သတ်ထားတာကတော့ တစ်ဂိတ်နဲ့ တစ်ဂိတ် မတူဘူး။ အဲဒီတော့ ကျွန်မတို့ဘက်ကလည်း လမ်းကြောင်းအလိုက် ခြုံပြီးတော့ ပို့လို့မရတဲ့ ကုန်ပစ္စည်းဆိုပြီးတော့ ကန့်သတ်ထားလိုက်တာ” ဟု ၎င်းက ပြောသည်။ တိုင်းပြင်ပမှ ဝယ်ယူသည့်ကုန်စ္စည်းများကို တနင်္သာရီတိုင်းအတွင်းရှိ […]

တနင်္သာရီတိုင်းသား စစ်မှုထမ်းသင်တန်းဆင်းများ ရခိုင်စစ်မြေပြင်တွင် သေဆုံးမှုများ

Dawei Watch

August 28, 2025

တနင်္သာရီတိုင်းသား စစ်မှုထမ်းသင်တန်းဆင်းများ ရခိုင်ပြည်နယ်စစ်မြေပြင်တွင် ထိခိုက်သေဆုံးမှုများရှိနေကြောင်း ကာယကံရှင်မိသားစုဝင်များနှင့် နီးစပ်သူများထံမှသိရသည် ။ ၂၀၂၄ ခုနှစ်ကတည်းက စစ်မှုထမ်းသင်တန်းတက်ရောက်ရန် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသည့် ထားဝယ်၊ မြိတ်နှင့် ပုလောမြို့နယ်နေ သင်တန်းဆင်းတပ်သားအချို့ ရခိုင်စစ်မြေပြင်တွင် ထိခိုက်သေဆုံးနေခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်က ထားဝယ်မြို့ပေါ်တွင် စစ်မှုထမ်းအဓမ္မစုဆောင်းခံရသည့် အမျိုးသားတစ်ဦး၏ မိသားစုထံ ပုသိမ်အခြေစိုက် စစ်အာဏာရှင်တပ်တစ်ခုက သေဆုံးသည့်သတင်းကို ဖုန်းဆက်အကြောင်းကြားလာကြောင်း ကာယကံရှင်မိသားစုနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည် ။ ယခုရက်ပိုင်းအတွင်း ဖုန်းဆက် အကြောင်းကြားလာခြင်းဖြစ်ပြီး အသေးစိတ် အခြေအနေကို ကာယကံရှင် မိသားစုထံမှ သိရသော်လည်း စစ်အာဏာရှင်တပ်က အန္တရာယ်ပြုနိုင်သဖြင့် ယင်းမိသားစု လုံခြုံရေးအတွက် ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပေ။ ” —-ရဲ့ အိမ်ကလားဆိုပြီး ဖုန်းဆက်လာတယ် ။ ကျ(သေ)သွားပြီလို့ပြောတယ်။ အုပ်စုလိုက်ကျသွားတယ်တဲ့။ ထားဝယ်ဘက်က သုံးယောက်နဲ့ မြိတ် ၊ပုလောဘက်ကတွေလည်း ပါတယ်လို့ပြောတယ် […]

တရားမဝင် အလုပ်လုပ်နေမှုများကို ထိထိရောက်ရောက် အရေးယူမည်ဟု ထိုင်းအစိုးရဆို

Dawei Watch

August 28, 2025

ထိုင်းနိုင်ငံထဲ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးအရေးယူမှု ပိုမိုလုပ်ဆောင်သွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ချက်ဖြင့် ထပ်မံသတိပေးလိုက်သည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် တားမြစ်ထားသော အလုပ်များကို ဝင်လုပ်နေသော နိုင်ငံခြားသားများကို စစ်ဆေးအရေးယူရန် ရည်ရွယ်ထားကြောင်း ဖော်ပြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင်များကို ထိန်းသိမ်းပေးရန်အတွက် ပိုမိုစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းစက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက်များစွာ အထောက်အကူပြုနေသော်လည်း တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီး Pongkawin Jungrungruangkit က ပြောသည်။ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရှိပါက အလုပ်သမားဝန်ကြီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် 1506 သို့ မည်သူမဆို အကြောင်းကြားနိုင်ပြီး ချက်ချင်း […]

ရေဖြူဒေသခံ စစ်ဘေးရှောင် ခုနစ်ရာကျော် အရေးပေါ် အကူအညီလို

Dawei Watch

August 28, 2025

ရေဖြူမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံ ခုနစ်ရာကျော် အရေးပေါ် အကူအညီ လိုအပ်နေ ကြောင်း ဒေသခံများနှင့် မွန်လူသားချင်းစာနာထောက်ထားမှု အထောက်အကူပြုမဟာမိတ်အဖွဲ့ (Mon Humanitarian Support Alliance) တို့ထံမှ သိရသည်။ ရေဖြူမြို့နယ်အတွင်း သြဂုတ်လ ၁၅ ရက်ကစပြီး ၂၅ရက်အထိ စစ်အာဏာရှင်တပ်နှင့် မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ နေ့စဉ်နီးပါး ဆက်တိုက်ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၂၅ ရက် နောက်ပိုင်းတွင်လည်း စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများဘက်သို့ ဆက်လက် ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲကြောင့် ကော့လှိုင်၊ မရမ်းချောင်း၊ မိုင် ၆၀၊ ရာဖူး၊ သာယာမွန်၊ အလယ်စခန်း၊ ကျွဲတလင်း အစရှိသည့် ကျေးရွာများ […]

မြိတ် လသာရွာတွင် ကုန်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့

Dawei Watch

August 28, 2025

မြိတ်မြို့နယ်၊ လသာကျေးရွာရှိ ပြည်ထောင်စုလမ်းပေါ်တွင် ကော့သောင်းမြို့မှ မြိတ်မြို့သို့ မောင်းနှင်လာသည့် ကုန်ကား တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးကြောင်း ‌ဒေသခံအချို့၊ ကားပိုင်ရှင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဩဂုတ် ၂၆ရက် ညနေ ၄နာရီခန့်တွင် ဆိုင်ကယ်အသစ်ရှစ်စီးနှင့် စားသောက်ကုန်များ တင်ဆောင်လာသည့် ခြောက်ဘီးတပ် ကုန်တင်မှန်လုံကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးပြီးမီးရှို့ကြောင်း ‌ကားပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ရွှေသာရီယာဉ်လိုင်းက ကားနှစ်စီး မောင်းနှင်လာချိန် ပထမဆုံး ကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက တားဆီးစစ်ဆေးခဲ့ပြီးနောက် အနီးဝန်းကျင်တွင် ရပ်ခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။ ရွှေသာရီယာဉ်လိုင်းက ဒုတိယ ကားတစ်စီး ထပ်မံရောက်ရှိလာချိန်တွင် စစ်ဆေးပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် ကားပေါ်လိုက်ပါလာသူ သုံးဦးကို ကားပေါ်က ဆင်းခိုင်းကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။ အဆိုပါ ယာဉ်မောင်း၊ […]

ရေဖြူ၊ ဖားချောင်းကျေးရွာအုပ်စုတွင် သုံးရက်ဆက် ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

August 27, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ ဆယ်အိမ်စုရွာ ဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းမဟာမိတ်များအကြား သြဂုတ်လ ၂၅ ရက်မှစ၍ သုံးရက်ဆက်တိုက် ထိတွေ့ပစ်ခတ်မှုများဖြစ်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။ စစ်အာဏာရှင်တပ်က ဖားချောင်းကျေးရွာအုပ်စုနှင့် ဆက်စပ်နေသည့် ဦးပိုင်ဆီအုန်းခြံအတွင်း နေရာယူထားပြီး ဖားချောင်းကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ရွာသားများကဆိုသည်။ ” လက်နက်ကြီး ပစ်နေတာတွေရှိတယ်။ မနေ့(သြဂုတ် ၂၆ ရက်) က ဆယ်အိမ်စု ဘုန်ကြီးကျောင်းဝင်းထဲ တစ်လုံးကျတယ်။ အခြားထိခိုက်မှုတော့မရှိဘူး။ ဆယ်အိမ်စု၊ တောင်ရင်းအင်းနဲ့ ဖားချောင်းရွာသုံးရွာကတော့ (စစ်)ရှောင်နေကြရတယ် ” ဟု တောရင်းအင်းရွာသားတစ်ဦးကပြောသည်။ သုံးရက်ဆက်တိုက် တိုက်ပွဲများအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုရှိသည်ဟု တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့မှ တပ်ဖွဲ့တစ်ခု၏ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။ ” တိုက်ပွဲဒုတိယတစ်ရက်မှာ သူတို့ဘက်က(စစ်အာဏာရှင်တပ်) ထိခိုက်မှုရှိတယ်။ တိုက်ပွဲပြီးတာနဲ့ ဆေးရုံကားနဲ့ […]

စမွတ်ပရကန်တွင် ကားနှစ်စီးတိုက်မိပြီး မြန်မာတစ်ဦး သေဆုံး

Dawei Watch

August 27, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် ယာဉ်နှစ်စီးတိုက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ (ဩဂုတ် ၂၇) နံနက် ၂ နာရီခန့်က စမွတ်ပရကန်မြို့ ကန်ချနာဖိစေ့အဝေးပြေးလမ်းမကြီးပေါ်တွင် အလုပ်မှပြန်လာသည့် မြန်မာအလုပ်သမားများပါလာသော ဆူဇူကီးအမျိုးအစားယာဉ်ကို ကုန်တင်ကားက အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ အသက် ၄၄ နှစ်အရွယ် ကိုကျော်မျိုး‌အောင်အမည်ရှိ မြန်မာနိုင်ငံသားသည် နေရာတွင်ပင် သေဆုံးနေကြောင်း တွေ့ရဟုဆိုသည်။ ကားတိုက်မှုကြောင့် နောက်ထပ် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိထားပြီး ၎င်းတို့အနက် တစ်ဦးမှာ ဦးခေါင်းထိခိုက်ထားသဖြင့် သတိမေ့နေကာ စိုးရိမ်ရကြောင်း သတင်းတွင် ဖော်ပြသည်။ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးကုသပေးပြီး နီးစပ်ရာဆေးရုံများသို့ […]