ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်ဖ်နဲ့ American Football ကစားသမားတို့ စေ့စပ်လိုက်ပြီ
Dawei Watch
August 27, 2025ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်ဖ် ဟာ သူမရဲ့ချစ်သူ American Football ကစားသမား ထရာဗစ် ကယ်လ်စီနဲ့ စေ့စပ်လိုက်ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာ အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်မှာ “ခင်ဗျားတို့ရဲ့ အင်္ဂလိပ်စာဆရာမနဲ့ ကိုယ်ကာယပညာဆရာတို့ လက်ထပ်တော့မယ်”လို့ ရေးသားလွှင့်တယ်ပြီး သူမနဲ့ သူမရဲ့ချစ်သူတို့ စေ့စပ်လိုက်ပြီဆိုတာကို တရားဝင်အသိပေးသွားခဲ့တာပါ။ ဒီစာသားနဲ့အတူ American Football ကလပ် Kansas City Chiefs အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကယ်လ်စီက သူမကို လက်ထပ်ခွင့်တောင်းနေတဲ့ပုံတွေကိုလည်း ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်ဖ်က တွဲဖက်ဖော်ပြသွားခဲ့ပါတယ်။ တေလာဆွစ်ဖ် လွှင့်တင်ဖော်ပြထားတဲ့ဓာတ်ပုံတွေမှာ စိန်လက်စွပ်ကို ဆင်မြန်းထားတဲ့ တေလာဆွစ်ဖ်နဲ့ သူ့ချစ်သူ ကယ်လ်စီတို့ ပွေ့ဖက်ပြီး လက်ချင်းတွဲကာ ပျော်မြူးကြည်နူးနေတာကို မြင်ခဲ့ကြရပါတယ်။ မကြာသေးခင်ကမှ သူမရဲ့ ကမ္ဘာ့စံချိန်တင် Eras Tour ပြီးဆုံးခဲ့တဲ့ တေလာဆွစ်ဖ် […]


