ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အရှေ့တောတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ယာဉ် ၁၀စီးပျက်စီး၊ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားတစ်ဦးဒဏ်ရာရ

Dawei Watch

August 21, 2025

ထားဝယ်အရှေ့တောဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ယာဉ်တန်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်ရာ ယာဉ် ၁၀စင်းလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က သေဆုံးမှုများကြောင်း ဒူရကစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ဖက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အရပ်သား အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ထံမှ သိရသည်။ ယာဉ် ၁၀ စီးပါး စစ်အာဏာရှင်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းတို့သည် ထားဝယ်-ထီးခီးကားလမ်းအတိုင်း ပကာရီ ရဲစခန်းမှ ကျောက်မဲတောင်စခန်းဘက်သို့ စစ်ကြောင်းထိုးလာစဉ် ဩဂုတ်လ ၁၈ ရက်တွင် သင်္ကန်းတုံးနှင့် ဝကုန်းရွာကြား ဘဲ့မတပ်တောင်အနီးတွင် စတင် တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက သတင်းထုတ်ပြန်ထားသည်။ ဩဂုတ်လ ၁၉ရက်တွင် စစ်ယာဉ်တန်းတစ်ခုလုံးနှင့် ခြေလျင်စစ်ကြောင်းတို့ကို […]

ချွန်ဘူရီက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

Dawei Watch

August 21, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်ထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၀ရက်က ဘန့်ဘူးအ်ဒေသ ရိုကျနာစက်မှုဇုန်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ထိုင်းအာဏာပိုင်အဖွဲ့များက ပူးပေါင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ဝင်ရောက်စစ်ဆေးစဉ် အလုပ်သမားအချို့ ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ လုပ်ငန်းခွင်ထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၂ ဦးက အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများနှင့်အတူ တရုတ်နိုင်ငံသား ရှစ်ဦးကလည်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူအားလုံးကို ဘန့်ဘူးအ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ […]

ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း မရမ်းချောင်းရွာတွင် တိုက်ပွဲဖြစ်

Dawei Watch

August 21, 2025

ရေဖြူမြို့နယ် ကလိန်အောင်မြို့ နှင့် မလွှဲတောင်အကြားရှိ မရမ်းချောင်းရွာတွင် သြဂုတ်လ ၂၀ ရက် ညနေက စစ်အာဏာရှင် တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။ ညနေ ၄ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ စတင်ထွက်ပေါ်ခဲ့ပြီး ညနေ ၅ နာရီခွဲ ဝန်းကျင်အထိ ပစ်ခတ်သံများ ကြားရကြောင်း တိမ်းရှောင်နေရသည့် ဒေသခံရွာသားများက ပြောသည်။ အဆိုပါထိတွေ့တိုက်ပွဲတွင် နှစ်ဖက်စလုံးက ထိခိုက်မှုရှိကြောင်း မွန်၊ ကရင်၊ ထားဝယ် ပူးပေါင်းမဟာမိတ်တော်လှန်ရေး အင်အားစုတွင်ပါဝင်သည့် တပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲထဲမှာ မဟာမိတ်ဘက်ကတော့ တစ်ယောက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးတာတွေ ရှိတာကို မျက်မြင်တွေ့ရတယ်။ အရေအတွက်က စာရင်းအတည်ပြုနေတုန်းပါ” ၎င်းက ပြောဆိုသည်။ တိုက်ပွဲဖြစ်နေစဥ်အတွင်း လမ်းပိုင်းကို ခေတ္တကန့်သတ်ခဲ့ပြီး […]

ထားဝယ်မြို့တွင် သေနတ်ဆော့ကစားရာမှ ကျည်ဆန်ထိမှန် ဒဏ်ရာရသွားသည့်ကိုရင် ပျံလွန်

Dawei Watch

August 21, 2025

ထားဝယ်မြို့ရှိ အိမ်ရှေ့ပြင်ရပ်ကွက် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင် တပ်သား၏ သေနတ်ကိုယူဆော့ရာမှ သေနတ်ကျည်ဆန်ထွက်ပြီး ဒဏ်ရာရှိသည့်ကိုရင်မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများနှင့် ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ ကိုရင်မှာ ပျံလွန်တော်မူချိန် သက်တော် ၁၅ နှစ်၊ ဝါတော် ၇ ဝါရပြီဖြစ်ပြီး ရှင်သာမဏေ ဘွဲ့အမည် အရှင်ဝါယမ ဖြစ်ကြောင်းသိရသည်။ ကိုရင်သည် ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သား ဈေးဝယ်ထွက်ချိန် ၎င်း၏သေနတ်ကိုယူဆော့ရာမှ ကျည်ဆန်ထွက်သွားပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။ “ကျောင်းဝင်းထဲက ဘုရားရင်ပြင်မှာ ဖြစ်သွားတာ ၊ည‌ နေ ၃ နာရီ လောက်ရှိပြီ သေနတ်ပိုင်ရှင်က ရပ်ကွက်ထဲ ဈေးဝယ်ထွက်သွားတယ်လို့သိရတယ်၊ အဲဒီမှာကိုရင်က သူ့ […]

ထားဝယ်တွင် ဆိုင်ကယ်ဖြင့် ကျောင်းလာကြိုချိန် ဦးထုပ်မဆောင်းသူများ ဖမ်းဆီးအရေးယူခံရ

Dawei Watch

August 20, 2025

ထားဝယ်မြို့ပေါ် မြောင်းပုလဲရပ်ကွက်ရှိ အထက (၆) စာသင်ကျောင်းရှေ့တွင် မော်တော်ဆိုင်ကယ်ဖြင့် ကျောင်းလာကြိုသူများနှင့် ကျောင်းသား၊ ကျောင်းသူများ ဆိုင်ကယ်ဦးထုပ်မဆောင်းလျှင် ယနေ့ ဖမ်းဆီးအရေးယူကြောင်း ကျောင်းသားမိဘများက ပြောသည်။ စစ်အာဏာရှင်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ယနေ့ ဩဂုတ်လ ၂၀ရက် ညနေ ကျောင်းဆင်းချိန်တွင် အထက မြောင်းပုလဲ စာသင်ကျောင်းရှေ့၌ မော်တော်ဆိုင်ကယ်များကိုစစ်ဆေးပြီး ဆိုင်ကယ်ဦးထုပ် မပါလျှင် အရေးယူခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ဆိုသည်။ “အရင် ကျောင်းကြိုဖို့သွားတိုင်း ဒီလိုမရှိဘူး။ အခု ဒီနေ့မှ ကျောင်းရှေ့မှာ ကျောင်းသားလာကြိုတဲ့ ဆိုင်ကယ်ပေါ် ကျောင်းသားက ဆိုင်ကယ်ဦးထုပ် မပါဘဲတက်တာနဲ့ ဖမ်းတာပဲ” ဟု ၎င်းက ပြောဆိုသည်။ ဖမ်းဆီးသည့်အဖွဲ့တွင် စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က တာဝန်ရှိသူများ ပါဝင်ကြောင်း ယနေ့ […]

တနင်္သာရီ၊ ပဝရွာတွင် မြိတ်ခရိုင်တပ်ရင်း- ၂ က ဒလန်ဆိုသူတစ်ဦး၏ နေအိမ်ကိုဖြိုပြီး သစ်များသိမ်းယူ

Dawei Watch

August 20, 2025

တနင်္သာရီမြို့နယ် ပဝကျေးရွာရှိ ဒလန်ဟုဆိုသူ ၃ ဦး၏ နေအိမ်သုံးဆောင်ကို ချိပ်ပိတ်ပြီး ယင်းနေအိမ်များအနက် တစ်ဆောင်ကို ဖြိုချကာ သစ်များသယ်ယူသွားကြောင်း ဒေသခံများထံမှသိရသည်။ ဩဂုတ်လ ၁၇ ရက်နေ့တွင် ပဝရွာရှိ ဦးဌေးနိုင်၊ဦးကြည်ဟုန်နှင့် အခြားသူတစ်ဦးပိုင်သည့် နေအိမ် ၃ ဆောင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း- ၂ က ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ထိုနောက် ဩဂုတ်လ ၁၈ ရက်နေ့ နံနက်စောစောတွင် ဦးဌေးနိုင်၏ နေအိမ်ကို မြိတ်ခရိုင်တပ်ရင်း-၂ တပ်ဖွဲ့ဝင်များက လာရောက်ဖြိုဖျက်ပြီး သစ်သားများကို ကားဖြင့်တင်ဆောင်သွားကြောင်း ၎င်းက ပြောသည်။ “ရဲဘော် ၇ ယောက်ဝန်းကျင်နဲ့လာပြီး အိမ်ကသစ်တွေကို အကုန်ခွာသွားတယ်။ပြီးတော့ သစ်တွေကို ကားနဲ့လာတင်သွားကြတယ်”ဟု အထက်ပါ ဒေသခံက ဆိုသည်။ Dawei Watch က […]

ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ ဝင်းသိင်္ဂီထွန်း အဆင့် ၁၄ ဖြစ်သွားပြီ

Dawei Watch

August 20, 2025

အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းသူ ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့တဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ဟာ ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ အဆင့် ၁၄ နေရာဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ အာဆီယံချန်ပီယံရှစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း သွင်းယူရရှိခဲ့တဲ့ သွင်းဂိုး ၈ ဂိုးအနက် ၇ ဂိုးကို တစ်ဦးတည်းဒိုင်ခံ သွင်းယူပေးခဲ့သူပါ။ လက်ရှိမှာ ဝင်းသိင်္ဂီထွန်းရဲ့ စုစုပေါင်း နိုင်ငံတကာ သွင်းဂိုးအရေအတွက်က ၈၄ ဂိုး ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ မတိုင်ခင်က သွင်းဂိုးစုစုပေါင်း ၇၇ ဂိုးနဲ့ ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ အဆင့် ၁၉ အဖြစ် ရှိနေခဲ့တာပါ။ အခုတော့ သွင်းဂိုး ၇ ဂိုး ထပ်မံရရှိသွားခဲ့ပြီဖြစ်လို့ ဝင်းသိင်္ဂီထွန်းဟာ […]

အိန္ဒိယကို ပွဲကစားဖို့သွားမယ့် စီရော်နယ်ဒို

Dawei Watch

August 20, 2025

စီရော်နယ်ဒို ဟာ လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့ရောက်ရင် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ပွဲကစားဖို့ ရှိနေပြီဖြစ်ပါတယ်။ ပွဲကစားဖို့အတွက် ခရီးဆိုက်ရောက်တာ၊ လေ့ကျင့်ပြင်ဆင်တာတွေကို ထည့်သွင်းတွက်ချက်လိုက်ရင် အောက်တိုဘာလ ၂၀ ရက်နေ့မှာ အိန္ဒိယနိုင်င်ငံဆီကို စီရော်နယ်ဒို ရောက်ရှိလာလိမ့်မယ်လို့ ESPN သတင်းဌာနက ရေးသားထားပါတယ်။ ပြိုင်ပွဲကစားဖို့အတွက် အိန္ဒိယနိုင်ငံဆီကို စီရော်နယ်ဒို ရောက်ရှိလာမယ့်အခွင့်အရေးဟာ သမိုင်းတလျှောက် တစ်ကြိမ်တစ်ခါပဲ ရနိုင်လောက်တဲ့အခွင့်အရေးဖြစ်တယ်လို့ အိန္ဒိယဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ စီရော်နယ်ဒို ဟာ အယ်လ်နတ်စ်ဆာအသင်းကို ကိုယ်စားပြုပြီး အာရှချန်ပီယံလိဂ်-၂ အုပ်စုပွဲကို ကစားဖို့အတွက် အိန္ဒိယနိုင်ငံဆီကို ရောက်ရှိလာမှာပါ။ အာရှချန်ပီယံလိဂ်-၂ ရဲ့အုပ်စု(ဃ)မှာ စီရော်နယ်ဒို ပါဝင်ကစားနေတဲ့ ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာအသင်းက အိန္ဒိယ စူပါလိဂ်ကလပ် အက်ဖ်စီ ဂိုအာ၊ တာဂျစ်ကစ္စတန်ကလပ် အစ္စတစ်ခ်လိုလ်၊ အီရတ်ကလပ် […]