ဇလွန်းတောရဘုန်းကြီးကျောင်း အမည်ကိုသုံးပြီး ထားဝယ်မြို့ပေါ်တွင် လိမ်လည်အလှူခံ
Dawei Watch
September 25, 2025ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာတွင်ရှိသော ဇလွန်းတောရဘုန်းကြီးအမည်ကို အလွဲသုံးစားပြုလုပ်ပြီး ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လိမ်လည်အလှူခံမှုများရှိနေကြောင်း ဇလွန်းတော်ရဆရာတော်၏ တပည့်ဒါယာကာများက ပြောသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကစပြီး ယင်းသို့အလှူခံနေသည်ကို ကြားသိရခြင်းကြောင့် စောင့်ကြည့်နေရာမှ ယနေ့ စက်တင် ဘာလ ၂၅ ရက် နံနက် ၉ နာရီခန့်တွင် မြို့ပေါ်အလှူခံနေသည်ကို တွေ့ရှိကြောင်း တပည့်ဒါယာကာ တစ်ဦးက ဆိုသည်။ ထားဝယ်မြို့၊ မြို့သစ် ၈ လမ်းအတွင်း အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးနှစ်ဦးသည် ဇလွန်းတောရ ဘုန်းကြီးကျောင်း၏ အလှူခံဟုပြောဆိုကာ တစ်အိမ်ဝင် တစ်အိမ်ထွက် အလှူခံနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “တွေ့လို့ ခေါ်မေးလိုက်တော့ ဇလွန်းတောရကျောင်းကလို့ ပြောတယ်။ ဒီကျောင်းမှာ ဘာလုပ်နေလည်းလို့မေးတော့ တရားစခန်းတွေ၊ ကျောင်းတွေ ဆောက်နေတယ်၊ ဒါ့ကြောင့် အလှူခံတယ်” […]


