ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆန္ဒပြပွဲများကြောင့် မဒါဂတ်စကားနိုင်ငံ မြို့တော်တွင် ညမထွက်ရအမိန့်ထုတ်

Dawei Watch

September 26, 2025

လျှပ်စစ်မီးနှင့် ရေ မကြာခဏပြတ်လပ်မှုများကြောင့် မာဒါဂတ်စကားနိုင်ငံ မြို့တော် အန်တနားနာရီဗိုတွင် စက်တင်ဘာလ ၂၅ ရက်က ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများ ပါဝင်လာပြီးနောက် ယင်းသို့ အမိန့်ထုတ်ထားခြင်း ဖြစ်ကြောင်း နိုင်ငံ့ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။ ဆန္ဒပြသူများက အစိုးရကို အပြစ်တင်ဝေဖန်ခဲ့ကြပြီး နိုင်ငံအနှံ့တွင် သန့်ရှင်းသည့် သောက်သုံးရေနှင့် လျှပ်စစ်မီး ပုံမှန်ရရှိရန် တောင်းဆိုခဲ့ကြသည်။ ကြာသပတေးနေ့က မြို့တော်အန်တနားနာရီဗိုတွင် လူငယ်အများစုပါဝင်သည့် ထောင်နှင့်ချီသော ဆန္ဒပြသူများကို လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ပစ်ခတ်ခဲ့သည်။ “ကံမကောင်းစွာနဲ့ပဲ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူများတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးဖို့ ကြိုးစားကြသူတွေလည်း ရှိနေတယ်” ဟု နိုင်ငံ့ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက ကြာသပတေးနေ့က ပြောကြားခဲ့သည်။ ပြည်သူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် […]

ပတ္တယားကမ်းခြေတွင် မြန်မာတစ်ဦး ရေနစ်သေဆုံး

Dawei Watch

September 26, 2025

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားကမ်းခြေတွင် မြန်မာအမျိုးသားတစ်ဦး ရေနှင့်မျောပါသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်က ကမ်းခြေတွင် သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၃၄ နှစ်အရွယ် ကိုမြတ်ထက်သူဖြစ်ပြီး သေဆုံးချိန် ၂ နာရီခန့် ကြာပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိချက်အရ သိရသည်။ ကိုမြတ်ထက်သူသည် သူငယ်ချင်းများနှင့်အတူ ကမ်းခြေတွင် အရက်သောက်ခဲ့ကြပြီးနောက် တစ်ဦးတည်း ကမ်းခြေဘက်သို့ ထွက်သွားခဲ့ကြောင်း မျက်မြင်သက်သေ၏ ဖြေကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။ ယင်းနောက် သူသည် ပင်လယ်ထဲ ရေကူးဆင်းသွားခဲ့သည်ဟု ယူဆရပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သက်သေများကဆိုသည်။ အလောင်းကို တွေ့ရှိချိန်တွင် ပြင်ပဒဏ်ရာများ မတွေ့ရသဖြင့် ရေနစ်သေဆုံးသည်ဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။ […]

အငြင်းပွားနယ်မြေဖြစ်သော အနောက်ဘက်ကမ်းကို အစ္စရေးအား သိမ်းခွင့်မပြုဟု ထရမ့်ပြော

Dawei Watch

September 26, 2025

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း အငြင်းပွားနယ်မြေဖြစ်သည့် အနောက်ဘက်ကမ်း (West Bank) ကို အစ္စရေးက သိမ်းပိုက်လိုက်တာမျိုး ခွင့်ပြုမည်မဟုတ်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် အာရပ်နှင့် မွတ်စလင်အများစုနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ထရမ့်က ယင်းသို့ အာမခံပြောကြားလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ အဆိုပါဧရိယာကို အစ္စရေးပိုင်နက်အတွင်း ထည့်သွင်းလိုသည့် လက်ယာစွန်းအစ္စရေး နိုင်ငံရေးသမားများ၏ လှုံ့ဆော်မှုများကို ထရမ့်က ငြင်းဆန်ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် အနောက်ဘက်ကမ်း (West Bank) ကို သိမ်းပိုက်ရန် ၎င်း၏ လက်ယာယိမ်းမဟာမိတ်များထံမှ ဖိအားနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ယင်းအခြေအနေက အာရပ်ခေါင်းဆောင်များအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့ပြီး အဆိုပါ အာရပ်ခေါင်းဆောင်အချို့သည် […]

ဘန်ကောက်တွင် မြန်မာကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး အငှားယာဉ်ပေါ် ကလေးမွေး

Dawei Watch

September 26, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးရုံသို့ ကလေးမွေးရန်လာသော မြန်မာကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသည် အငှားယာဉ် (တက္ကစီ) ပေါ်တွင် ကလေးမွေးဖွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းက မြန်မာအမျိုးသမီးသည် ဗဂျီရာဆေးရုံသို့ ကလေးမွေးရန်လာစဉ် အငှားယာဉ်ပေါ်တွင် ဗိုက်နာလာပြီး ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ ၂၄ရက်က ဗဂျီရာဆေးရုံရှေ့ မြေပြိုထားသဖြင့် လမ်းကြောင်းပိတ်နေသည့်အတွက် မြန်မာကိုယ်ဝန်သည်အမျိုးသမီး လိုက်ပါလာသည့် အငှားယာဉ်ကို လမ်းကြောင်းရှင်းပေးရန် ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဖော်ပြသည်။ အငှားယာဉ် ဆေးရုံသို့ အမြန်ရောက်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က လမ်းကြောင်းရှင်းပေးခဲ့သော်လည်း မြန်မာအမျိုးသမီးသည် လမ်းပေါ်တွင်ပင် ဗိုက်နာလာခဲ့ပြီး ဆေးရုံသို့ ဆက်သွားရန် မဖြစ်နိုင်တော့ဟုဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအမျိုးသမီးသည် ယာဉ်ထိန်းရဲများ၏ အရေးပေါ်အကူအညီဖြင့် အငှားယာဉ်ပေါ်တွင်ပင် ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း ဆိုသည်။ အရေးပေါ်ကား […]

လုပ်ငန်းပိတ်သိမ်းရန် ကြေညာထားသော ကံပေါက်သတ္တုလုပ်ကွက်များ ငွေပေး၍ ပြန်လည်ပတ်

Dawei Watch

September 26, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် သတ္တုလုပ်ကွက်များ ပိတ်သိမ်းရမည်ဟု ကြေညာထားသော်လည်း စစ်ကော်မရှင် လက်အောက်ခံအဖွဲ့များက လာဘ်ယူပြီးခွင့်ပြုနေသဖြင့် ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်သည်။ စစ်ကော်မရှင်၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လနောက်ဆုံးအပတ်က တရားမဝင်သတ္တုလုပ်ကွက်များ ရပ်နားရန် ကျေးရွာအတွင်း လော်စပီကာဖြင့် ကြေညာခဲ့ပြီးနောက် ရက်သတ္တပတ်အကြာ စက်တင်ဘာလဆန်းတွင် ရပ်နားထားသည့်သတ္တုလုပ်ကွက်များ ပြန်လည်ပတ်နေကြောင်း ဒေသခံတို့ကဆိုသည်။ ယင်းသို့ ပြန်လည်ပတ်ရန် စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်၊ ရဲတပ်ဖွဲ့နှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တို့ထံ ငွေပေးခဲ့ရကြောင်း ကံပေါက်ရွာ၊ စက်ကုန်းရပ်ကွက်ရှိ သတ္တုလုပ်ကွက်တစ်ခုက အလုပ်သမားတစ်ဦးကပြောသည်။ ” လော်စပီကာနဲ့ကြေညာပြီး နှစ်ရက်လောက်နေတာနဲ့ အဖွဲ့လိုက် ရောက်လာကြတာပဲ။ (ကျပ်သိန်း)နှစ်ဆယ် ပေးလိုက်ရတယ်။ ပြီးတော့ ပြန်လုပ်နေတာအခုထိပဲ။ အရင်တစ်ခေါက် မိုင်းက တစ်ယောက်ကို ဖမ်းသွားတုန်းကလည်း ငွေနဲ့လိုက်ထုတ်ခဲ့ရတာပဲ ” ဟု ၎င်းကပြောသည်။ ကံပေါက်ရွာရှိ မဂ္ဂင်ရပ်ကွက်၊ လှည်းကုန်းရပ်ကွက်၊ မိကျောင်းအိုင်ရပ်ကွက်၊ […]

ထားဝယ်တွင် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ်တရားဟောသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

September 25, 2025

ထားဝယ်မြို့ပေါ်တွင် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ် တရားဟောလေ့ရှိသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထားဝယ်ဒေသခံ သံဃာအသိုင်းအဝိုင်းထံမှ သိရသည်။ ဝဲကျွန်းရပ်ကွက် လေယာဥ်ကွင်းလမ်းတွင် တည်ထောင်ဖွင့်လှစ်ထားသည့် ယထာဘူတ ပဋိပတ္တိသာသနာ့ရိပ်သာ ဦးဆောင်သူ အသက် ၅၀ ဝန်းကျင်အရွယ် ဦးရည်ချင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သံဃာအချို့က မိန့်သည်။ ဦးရည်ချင်းကို ယနေ့ စက်တင်ဘာလ ၂၅ ညနေ ၄ နာရီခန့်တွင် သာသနာရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က ရိပ်သာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သာသနာဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က)ဖြင့် ကနဦး တရားစွဲဆိုထားကြောင်း ထားဝယ်မြို့ခံ ရဟန်းတစ်ပါးက မိန့်ကြားသည်။ “ရဟန်းသံဃာတော်တွေကိုင်တဲ့ ယပ်တောင်ကို ကိုင်ပြီးတရားဟောတယ်။ သာသနာတော်ရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ ထီးဖြူမိုးပြီး တရားဟောတယ်။ရဟန်းသံဃာတော်တွေ အသုံးပြုတဲ့ ပလ္လင်ပေါ်ထိုင်ပြီး တရားဟောတယ်။ ရဟန်းအသွင် အယောင်အဆောင် အတုခိုးတယ်။ […]

တနင်္သာရီ တကူ‌ရွာဒေသခံ ခဲမိုင်းလုပ်သားတစ်ဦး ကျောက်လုံးပြုတ်ကျပြီး ထိခိုက်သေဆုံး

Dawei Watch

September 25, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာနှင့် ဇဝဲကျေးရွာလမ်းပိုင်းရှိ ကွမ်းတစ်ပင်ခဲမိုင်းတွင် ခဲရှာဖွေသူဒေသခံတစ်ဦး တောင်ကမ်းပါးကို ရေပန်းဖြင့်ထိုးစဥ် ကျောက်လုံးလိမ့်ကျလာပြီး ထိခိုက်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၂၄ရက် နံနက်တွင် အဆိုပါခဲမိုင်း၌ တောင်ကမ်းပါးကို ရေပန်း (ရေပိုက်ကြီး) ဖြင့် ထိုးစဥ် ကျောက်လုံး လိမ့်ကျလာပြီး ‌ရေပန်းထိုးနေသည့် ဦးအေးကို၏ ခန္ဓာကိုယ်ကိုထိပြီးနောက် အောက်ဘက်ရှိ အမျိုးသားတစ်ဦးလည်း ထိသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသူနှစ်ဦးကို ခဲမိုင်းမှ ရွာသို့ထမ်း၍ ပြန်သယ်ထုတ်လာစဥ် လမ်းပိုင်းရှိ တရုတ်ဂိတ်အနီးအရောက်တွင် ဦး‌အေးကို သေဆုံးကြောင်း ၎င်းက ဆိုသည်။ “တစ်ယောက်က နာသွားတယ်။ အခုဆုံးတဲ့သူ အရင်ထိပြီးမှ ကျောက်လုံးက အောက်ဘက်လူး(လှိမ့်)လာပြီး သူပါ ထပ်ဖိတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ သေဆုံးသွားသည့် ဦးအေးကိုမှာ အသက်၃၅နှစ်အရွယ်ဖြစ်ပြီး ဒဏ်ရာရသူကိုမူ […]

သရက်ချောင်း ကနက်သီရိရွာသားနှစ်ဦး ဝင်းဝတံတားဂိတ်အနီးတွင် ဖမ်းဆီးခံရ

Dawei Watch

September 25, 2025

သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာသားနှစ်ဦး ဝင်းဝတံတား စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်အနီးတွင် စက်တင်ဘာလ ၂၃ရက် ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ဒေသခံအချို့က ပြောသည်။ ကနက်သီရိရွာမှ စုံစင်ရွာဘက်သို့သွားပြီး ပြန်လာစဉ် ညနေ ၆ နာရီကျော်သွားသည်ဆိုပြီး ဝင်းဝတံတားစစ်ဆေးရေး ဂိတ်အနီး ဝင်းဝသင်္ချိုင်းနားတွင် ဂိတ်ချထားသည့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “သူတို့ပြန်လာတာ နည်းနည်း နောက်ကျနေပြီ။ ညနေ ၆ နာရီလောက်ဆို ဒီလမ်းတွေက ကားရောလူရော မထွက်ကြတော့ဘူး၊ မသွားကြတော့ဘူး။ သူတို့ပြန်လာချိန် နည်းနည်းမှောင်စ ပြုနေပြီဆိုတော့ ဖမ်းထားလိုက်တယ် ပြောတယ်” ဟု ကနက်သီရိကျေးရွာမှ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူနှစ်ဦးမှာ ကနက်သီရိရွာ ပိန္ဒဲရပ်ကွက်က အသက် ၃၀ အရွယ်လူငယ်နှစ်ဦးဖြစ်ပြီး မိဘများက လိုက်လံစုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မင်းဒပ်ရွာသားတစ်ဦး […]