တနင်္သာရီ ဘန်းလမွတ်ရွာတွင် စစ်ကောင်စီတပ်လမ်းကင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
Dawei Watch
April 4, 2025တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဧပြီလ ၃ ရက်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းရွာတွင် အင်အား ၅၀ ဝန်းကျင်ဖြင့် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ မြိတ်ဘက်မှလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် တနင်္သာရီဘက်မှ လာမည့် စစ်ကောင်စီယာဉ်တန်းအတွက် လမ်းကင်း လာယူထားသည့် စစ်ကောင်စီတပ်သားများဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “စကစဘက်က စစ်ရေးလှုပ်ရှားမှုတွေက ရှိနေလို့ ကျွန်တော်ဘက်ကလည်း နေ့တိုင်းလိုလို ကင်းထောက်လိုက် ဗုံးချတိုက်ခိုက်လိုက် လုပ်တယ်။ သူတို့ (စကစ) တွေကလည်း ပြည်ထောင်စုလမ်းပိုင်းတစ်လျှောက်စိုးမိုးနိုင်ဖို့ အမြဲကြိုးစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများတွင် စစ်ကောင်စီသားများ […]


