ပုဂေါဇွန်းတိုက်ပွဲပြီးနောက် ထားဝယ်အထူးစီးပွါးရေးဇုန်ဒေသ လျှပ်စစ်ဓာတ်အားပြတ်တောက်
Dawei Watch
February 13, 2026ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ တိုက်ပွဲ ဖြစ်ပြီးနောက် ထားဝယ်အထူးစီးပွါးရေးဇုန်ဒေသတစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်အထူးစီးပွါးရေးဇုန်အတွင်းရှိ ပုဂေါဇွန်းကျေးရွာ ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ က ဖေဖော်ဝါရီလ ၃ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်ပစ်ခတ်မှုများကြောင့် ရလိုင်နှင့် ပုဂေါဇွန်းကျေးရွာကြား သွယ်တန်းထားသည့် လျှစ်စစ်ဓာတ်အားတိုင်နှင့် လိုင်းကြိုးများ ပျက်စီး ပြီး မီးလောင်ကျွမ်းကာ ယနေ့အထိ လျှပ်စစ်ဓာတ်အားပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းကြောင့် အထူးစီးပွါးရေးဇုန်အတွင်းရှိ နဘုလယ် ဒေသအပါအဝင် ရေဖြူမြို့နယ်အနောက်ကမ်းရှိ ကျေးရွာ တစ်ဆယ်ကျော်တွင် လျှပ်စစ်ဓာတ်အားများရက်ရှည်ပြတ် တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ကြောင့် ဆက်သွယ်ရေးနှင့် လျှစ်စစ်အသုံးပြုစီးပွားရေးလုပ်ငန်းများ အခက်အခဲ့ကြုံနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဖုန်းအားတစ်ခါသွင်း ကျပ်တစ်ထောင်ပေးရတယ်။ အချို့လည်း […]


