မြန်မာနိုင်ငံ တောင်ပိုင်းဒေသသို့ ယခုနှစ် မုတ်သုန်အဝင်စောမည်
Dawei Watch
April 30, 2025မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသသို့ နှစ်စဥ် ပုံမှန်မုတ်သုန်ဝင်လေ့ရှိသည့် မေလ ၁၉ ရက် ထက် အနည်းငယ်စော၍ မုတ်သုန်ဝင်နိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူများနှင့် မိုးဇလဌာနတို့က ခန့်မှန်းထားသည် ။ မေလ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းသို့ မုတ်သုန်စတင် ဝင်ရောက်ကာ မေလ ၂၁ ရက် မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း ၊ မေလ ၂၆ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့လည်းကောင်း ၊ ဇွန်လ ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းသို့ လည်းကောင်း မုတ်သုန်ဝင်ရောက်မည်ဟု စစ်ကောင်စီ လက်အောက်ရှိ မိုးဇလဌာန၏ ၂၀၂၅ ခုနှစ် မုတ်သုန်လေ ဝင်ရောက်နိုင်မှု […]


