ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဇွန်လ ၂ ရက်ကို ဗထူးနေ့အဖြစ်သတ်မှတ်

diz_admin

June 2, 2022

ဇွန်လ ၂ ရက်နေ့ကို ဗထူးနေ့အဖြစ်သတ်မှတ်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့‌‌ထုတ်ပြန်ကြေညာလိုက်သည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၂ ခုနှစ်မှစကာ ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ထဲ ဝင်ရောက်ခဲ့ပြီး ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တယ်လူးစခန်းတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့်နေ့ကို “ဗထူးနေ့” အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ခဲ့သော စစ်တိုင်းမှူးတစ်ဦး ဖြစ်သည်။ စစ်ရေးနည်းဗျူဟာ ကျွမ်းကျင်မှုရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ နှလုံးရည်ပြည့်ဝခြင်းတို့ကြောင့် ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ဖက်ဆစ်ဂျပန်များကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေစဉ် ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့ ရက်စွဲဖြင့် […]

ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးရမိသော မြန်မာလုပ်သားများ လူသတ်မှုဖြင့် စစ်ဆေးမည်

diz_admin

June 2, 2022

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားများကို ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးရမိပြီး လူသတ်မှုနှင့်သက်ဆိုင်ခြင်းရှိမရှိ စတင်စစ်ဆေးသွားမည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်လိုက်သည်။ စွန်ခရာခရိုင် ဟတ်ယိုင်မြို့အနီး ဂေါက်ကွင်းလမ်းနဘေး တောထဲတွင် မြေမြှုပ်ထားသော အသက် ၄၀ အရွယ် Mr. Maddol Binson အမည်ရှိ လျှပ်စစ်ဝန်ထမ်းတစ်ဦး၏ အလောင်းကို  ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့သည်။ သေဆုံးသူ၏ လက်နှင့်ခြေထောက်ကို ချည်နှောင်ခံထားရပြီး ခေါင်းရိုက်ခံရသော ဒဏ်ရာဖြင့် သေဆုံးလျက်ရှိနေကာ သူ့ဆိုင်ကယ်ကို ရေအိုင်ထဲစွန့်ပစ်ထားကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။ အနီးအနားတွင် ခိုက်ရန်ဖြစ်ပွားမှုအခြေအနေ လက္ခဏာများလည်း တွေ့ရှိရသည်ဟုဆိုသည်။ ထိုင်းရဲတပ်ဖွဲ့များက အနီးပတ်ဝန်းကျင်သို့ ညပိုင်းတွင် စစ်ဆေးသောအခါ အလောင်းနှင့် ၇ ကီလိုမီတာအကွာတွင် ပစ်ကပ်ကားတစ်စီးသည် အရှိန်မထိန်းနိုင်ပဲ သစ်ပင်ကို ဝင်တိုက်လျက်အနေအထားဖြင့် တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ […]

လောင်းလုံးက CDM ဝန်ထမ်းတစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ

diz_admin

June 2, 2022

လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာရှိ CDM ဝန်ထမ်းတစ်ဦး၏နေအိမ် ဇွန်လ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နှာခေါင်းစည်းတပ်ကာ ဦးထုပ်ဆောင်းထားသည့် လူငယ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အိမ်ထဲဝင်လာပြီးတာနဲ့ နင်တို့အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲဆိုပြီး မေးတယ်တဲ့။ အဲဒီကျမှ သေနတ်ကို မြင်လိုက်ရတာတဲ့။ သူတို့စီးလားတဲ့ ဆိုင်ကယ်ကိုက အိမ်ရှေ့မှာ ရပ်ထားခဲ့တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဓားပြတိုက်ခံရသည့်နေအိမ်ရှိ အမျိုးသမီးတစ်ဦးမှာ လောင်းလုံးမြို့နယ် ရုံးတစ်ရုံးက ဝန်ထမ်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဓားပြတိုက်ချိန်တွင် နေအိမ်အတွင်း အခြားမိန်းကလေးများလည်း ရှိနေသည်ဟု ဒေသခံအချို့က ပြောဆိုသည်။ “အံဆွဲထဲမှာရှိတဲ့ ပိုက်ဆံတွေအကုန်ယူသွားတယ်။ ကိုယ်ထဲက […]

လောင်းလုံးတွင် စစ်ကောင်စီတပ်ကား မိုင်းခွဲတိုက်ခိုက်ခံရ

diz_admin

June 2, 2022

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်ကားနှစ်စီးကို ဒေသတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့နှစ်ခု ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ လောင်းလုံးမြို့မရဲစခန်းက အင်အား ၁၅ ဦးပါ ကင်းလှည့် စစ်ကောင်စီတပ်ကား နှစ်စီးကို ယနေ့ (ဇွန် ၂) နံနက် ၉ နာရီဝန်းကျင်တွင် မိုင်းလေးလုံး ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းဖောက်ခွဲမူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Dawei Defense Team (DDT) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေအနေကို အတည်မပြု နိုင်သေးကြောင်း ထုတ်ပြန်တွင် ရေးသားထားသည်။ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေရာအတိအကျကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိဘဲ လောင်းလုံးမြို့နယ်အောက်ပိုင်းတစ်နေရာဟုသာ ဖော်ပြထားသည်။ ‌ဒေသခံအချို့ကမူ လောင်းလုံး စစ်ပြဲသွား လမ်းပိုင်းတွင် […]

ပုလောအရှေ့ခြမ်းရှိ ရွာတစ်ဆယ်ကျော် ဆန်နှင့် စက်သုံးဆီ သယ်ခွင့်ကန့်သတ်ခံရ

diz_admin

June 2, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတစ်ဆယ်ကျော်သို့ ဆန်၊ စက်သုံးဆီနှင့် စားသုံးဆီများ သယ်ယူခွင့် စစ်ကောင်စီတပ်ဖွဲ့က ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။ နန်းတောင်ကျေးရွာအုပ်စု၊ ပုလောကုန်းကျေးရွာအုပ်စုနှင့် ရေရှမ်းကျေးရွာအုပ်စုများရှိ ရွာပေါင်း တစ်ဆယ် ကျော်ကို ပြီးခဲ့သည့် တစ်ပတ်ကျော်မှစတင်ပြီး ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းကျေးရွာများသို့ သွားသည့် ပုလောမြို့လမ်းခွဲ နန်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်ကာ ကုန်စည်များကို ရှာဖွေစစ်ဆေးလျှက်ရှိကြောင်း ဒေသခံများက ပြောပြသည်။ “ပေးတော့ ပေးသယ်တယ်။ အများကြီးသယ်လို့တော့ မရဘူး” ဟု ပုလောကုန်းကျေးရွာအုပ်စု၊ ကျောင်းနိမ့်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၀ ပြည်၊ စက်သုံးဆီ ၅လီတာသာ သယ်ယူခွင့်ရပြီး စားသုံးဆီကိုလည်း သုံးလီတာသာ သယ်ခွင့်ရကြောင်း ဟုနန်းတောင်ကျေးရွာအုပ်စု၊ ဂျက်ဂါရွာနေ အမျိုးသား […]

ထားဝယ်‌အရှေ့တောနယ်မှ အရေးပေါ်ကူညီရေးအဖွဲ့တစ်ဖွဲ့ လုပ်ငန်းရပ်နား

diz_admin

June 2, 2022

တိုက်ပွဲဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောနယ် ကျေးရွာများတွင် အကူအညီပေးနေသော TTL အာယုဒါန အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမူအထောက်အကူပြုအဖွဲ့က လုပ်ငန်းရပ်နားလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။ စက်သုံးဆီစျေးမြင့်တက်မှုအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားအခက်အခဲများကြောင့် ဧပြီလ ၃၀ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လတ်တလောတွင် အဖွဲ့အတွင်း ရန်ပုံငွေနည်းပါးလာပြီး တစ်ဖက်တွင် နေ့ဖက် ဖုန်းဆက်သွယ်ရေး အခက်အခဲနှင့် စက်သုံးဆီဈေးကြီးသည့် အခက်အခဲတို့ကြောင့် လူနာကူညီသယ်ဆောင်ပေးခြင်းကို ယာယီရပ်နားရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရှမ်းပြည်(ထိုင်းနိုင်ငံ) မှာရှိတဲ့သူတွေဆီအလှူခံပြီးရင်တော့ တစ်ပတ် နှစ်ပတ်အတွင်းပြန်ပြီလည်ပတ်ဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။ TTL အဖွဲ့သည် ဧပြီလကတည်းက တိုက်ပွဲများစတင်ဖြစ်ပွားနေသည့် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ တောင်သုံး‌ကျေးရွာအခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ၏ အလှူငွေဖြင့် ရပ်တည်လည်ပတ်နေသည့် အဖွဲ့ဖြစ်သည်။ မေလ ၁၀ ရက်က တောင်သုံးလုံးရွာ၌ ဖြစ်ပွားခဲ့သည့် လက်နက်ကြီးပစ်ခတ်ခံရမူတွင် သေဆုံးလူနာနှင့် […]

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား ဗုံးပေါက်

diz_admin

June 2, 2022

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား လူပြတ်သည့် လမ်းပိုင်းတစ်နေရာတွင် ယနေ့ (ဇွန် ၂) နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၆ နာရီဝန်းကျင်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမူကြောင့် ထိခိုက်မူအခြေအနေကိုမူ ကြားသိရခြင်း မရှိကြောင်း ဒေသခံအချို့ကပြောသည်။ “ပေါက်ကွဲသံကတော့ တော်တော်ပြင်းတယ်။ ဗုံးပေါက်ပြီးတာနဲ့ မီးခိုးလုံးကြီးတွေ တက်လာလို့ ဘာဖြစ်တာလဲမသိဘူးဆိုပြီး သွားကြည့်ကြည့်တာ။ ကားတစ်စီးနောက်ပြန်ဆုတ်ပြီး လာနေတာ တွေ့ရတယ်။ ကျန်တာတော့ ဘာမှ မတွေ့ရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား လောင်းလုံးမြို့ဆိုင်းဘုတ်နှင့် မနီးမဝေး ကားလမ်းမဘေးနှင့် ကပ်လျက်နေရာတွင် ဗုံးပေါက်သည်ဟုယူဆရသည့် တွင်း ၂နှစ်ခုကို တွေ့ရကြောင်း ယင်းလမ်းပိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖြန်သန်းသွားလာခဲ့သူတစ်‌ဦးက ဆိုသည်။ ယင်းဗုံးပေါက်ကွဲမူကို မည်သူတို့က […]

အမေရိကတွင် သေနတ်သမားတစ်ဦး ဆေးရုံထဲဝင်ပစ်၍ လေးဦးသေဆုံး

diz_admin

June 2, 2022

အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ ဆေးရုံတစ်ရုံသို့ လက်နက်ကိုင် သေနတ်သမား တစ်ဦးက ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ရာ အဆိုပါ သေနတ်သမား နှင့် အခြားလူ လေးဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြထားသည်။ တရားခံသည် ရိုင်ဖယ်သေနတ်တစ်လက်၊ လက်ကိုင် သေနတ်တို တစ်လက်တို့ဖြင့် စိန့်ဖရန်စစ် ဆေးရုံကို ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ လူ လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ရှိသော်လည်း သေဆုံးသူ ဦးရေ ထပ်တိုးလာရန် မရှိသေးကြောင်း ရဲအရာရှိများက အတည်ပြုဖော်ပြထားသည်။ မည်သည့်အတွက်ကြောင့် ယင်းသို့ ဆေးရုံကို သေနတ်ဖြင့် ဝင်ပစ်ရသည်ကို မသိသေးသလို၊ တရားခံမည်သူ မည်ဝါ ဆိုသည်ကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အခင်းဖြစ်ချိန် ညနေ ၅နာရီထိုးခါနီးတွင် သတင်းပေးတိုင်ကြားမှုရရှိခဲ့ပြီး ၃ မိနစ်အတွင်း ပြန်လည်တုန့်ပြန် နိုင်ခဲ့သည်ဟု […]