မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ သုံးရာကျော်အထိရှိလာ
diz_admin
June 1, 2022မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြားလာပြီး မေလ နောက်ဆုံးပတ်အထိဖြစ်ပွားသူ ၃၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါမှာ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့ပြီး မေလအတွင်း အဖြစ်များလာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ ယခင်လတို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ပတ်လျှင် ၁၀ ဦးကျော်ရှိရာမှ မေလတွင် တစ်ပတ်လျှင် ၃၀ ကျော်အထိ မြင့်တက်လာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူအများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။ “သွေးလွန်တုပ်ကွေးက ဇွန်၊ ဇူလိုင်လမှာဆိုရင် ပိုပြီး အဖြစ်များလာနိုင်တယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ်ကြိမ် […]


