ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအတွက် ကျပ်သန်းပေါင်း ခုနစ်သောင်းနီးပါး လျော်ကြေးပေးရန်ကျန်
diz_admin
February 17, 2020ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းအတွက် ကျပ်သန်းပေါင်း ခုနစ်သောင်းနီးပါး လျော်ကြေးပေးရန် ကျန်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးအောင်ထူးက ပြောသည်။ ကနဦးစီမံကိန်းတွင် စုစုပေါင်း ဧရိယာ ၆၉၂၈ ဧကရှိသည့်အနက် ၆၆၂၄ ဧကအတွက် လျော်ကြေးပေးရန် ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။ ထိုဧရိယာအတွက် ပေးရန်ကျန်သည့် လျော်ကြေးငွေမှာ ငွေကျပ်သန်းပေါင်း ၆၈၂၆၃ ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ယင်းကဲ့သို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ လျော်ကြေးငွေပေးသည့်အချိန်နှင့် ပြန်လည်နေရာချထားရေးကိစ္စများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်နိုင်ရန် လျော်ကြေးပေးချေရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ဆိုသည်။ အဆိုပါကော်မတီတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ “အဆိုပါလျော်ကြေးငွေများကို လုပ်ငန်းလုပ်ဆောင်သူက ပေးချေရမှာ […]


