ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

LGBT သက်ကြီးပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲ ပြုလုပ်မည်

diz_admin

February 19, 2020

တတိယအကြိမ်မြောက် LGBT သက်ကြီးပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲကို မြိတ်မြို့ရှိ Hotel Grand Jade တွင် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့၌ ပြုလုပ်မည် ဖြစ်ကြောင်း လိင်တူချစ်သူများအဖွဲ့ LGBT တာဝန်ခံ ရင်ခွင်ဦးထံမှ သိရသည်။ မြိတ်ခရိုင်အတွင်းရှိ လိင်တူချစ်သူများအနက် အသက် ၆၀ နှစ်အထက်ရှိသူ တစ်ဆယ်ကျော်အား ကန်တော့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ Dawei Watch

တနင်္သာရီမြို့တွင် လူထုရှင်းသန့်အဖွဲ့က လုပ်မည့် သင်တန်းများ

diz_admin

February 19, 2020

တနင်္သာရီမြို့နယ် တကူတိုက်နယ်၊ တကူသံတိုက်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်မှ မေလအထိ အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စက်ချုပ်နှင့် မြန်မာ့သိုင်းသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း လူထုရှင်းသန့်အဖွဲ့မှ သိရသည်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် မြန်မာ့သိုင်းသင်တန်းအတွက် သင်တန်းကာလမှာ တစ်လခွဲနှင့် စက်ချုပ်သင်တန်းအတွက် အချိန်သုံးလကြာမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း-၀၉၄၂၂၅၅၀၇၂၂၊ ၀၉၇၇၇၉၀၈၉၂၂ တို့ထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ Dawei Watch

တိုင်းအတွင်း ကလေးအလုပ်သမား စစ်တမ်းကောက်ရန် စီစဉ်

diz_admin

February 17, 2020

ကလေးအလုပ်သမား ပပျောက်ရေးစီမံချက်၏ ကနဦး လုပ်ငန်းဖြစ်သည့် ကလေးလုပ်သား စစ်တမ်းကောက်ယူ နိုင်ရေးစီစဉ်နေကြောင်း တနင်္သာရီတိုင်း ကလးလုပ်သား စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်စုစုနွယ်က ပြောသည်။ ကနဦးအနေဖြင့် အစားအစာထုတ် လုပ်ခြင်းလုပ်ငန်း၊ လက်လီ၊ လက်ကား ရောင်းဝယ်ရေးလုပ်ငန်းနှင့် မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် ကလေးအလုပ်သမားများ အလုပ်ဝင် ရောက်နေခြင်း ရှိ၊ မရှိကို စစ်တမ်းကောက် ယူမည်ဖြစ်ကြောင်း ဒေါ်စုစုနွယ်က ပြောသည်။ ၂၀၁၈ ခုနှစ်တွင် ကောက်ခံထားသည့် စာရင်းအရ တိုင်းအတွင်းတွင် အထက်ပါလုပ်ငန်း လုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဈေးဆိုင်စုစုပေါင်း လေးထောင်ကျော် (၄၅၀၁) ရှိသည့်အနက် နမူနာအနေဖြင့် ဆိုင်နှစ်ထောင်နီးပါး(၁၈၉၁ ဆိုင်) တွင် ကောက်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းကဲ့သို့ ကောက်ယူနိုင်ရန် […]

မလေးရှားပို့မည့် သစ်တန်ခြောက်ဆယ်နီးပါး တင်ဆောင်ထားသည့် လှေတစ်စီး ဖမ်းမိ

diz_admin

February 17, 2020

မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ ပို့ ဆောင်မည့် ပိတောက်အမျိုးအစား သစ်တန်ခြောက်ဆယ်ခန့်တင်ဆောင်ထားသည့် လှေတစ်စီးကို မြန်မာ-အိန္ဒိယ နယ်နိမိတ်မျဉ်းမှ ငါးမိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါလှေပေါ်တွင် လှေပဲ့နင်း အပါအဝင် လှေသား ၇ ဦးကို ဖေဖော်ဝါရီလ ၃ ရက်တွင် တပ်မတော်စစ်ရေ ယာဉ်က ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။ လှေပေါ်ပါသူများကို စစ်မေးရာ အဆိုပါသစ်များကို ကော့သောင်းမြို့တွင် သစ်တောရုံးချုပ်၏ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူထားပြီး အဆိုပါသစ်များကို ကော့သောင်းမြို့မှ ဧရာ၀တီတိုင်း မြောင်းမြမြို့သို့ သယ်ဆောင်ခွင့်မျှောစာ ဖြင့် သယ်ဆောင်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ မြောင်းမြမြို့သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် ဆင်ကျွန်းနှင့် လငန်းကျွန်းအကြားရေပြင်သို့ရောက်ရှိချိန်တွင် လှေပိုင်ရှင်ဖြစ်သူက ပီနန်မြို့သို့ ပို့ဆောင် ရန် […]

မောတောင်နယ်စပ်တွင် တောမီးလောင်

diz_admin

February 17, 2020

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်(မောတောင်မြို့)အမှတ် ၁ ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၃ ရက်က လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် နှစ်ရှည်ပင် အပါအဝင် သီးနှံအပင် တစ်ထောင်နီးပါး ဆုံးရှုံးခဲ့ရကြောင်း မောတောင်နယ်မြေ မီးသတ်စခန်း တာဝန်ခံ ဦးစည်သူထံမှ သိရသည်။ တောမီးမှာ ဥယျာဉ်ခြံများအား ကူးစက်ခဲ့သဖြင့် နှစ်နှစ်သားအရွယ်ကွမ်းသီးပင် ၄၀၀၊ လေးနှစ်သားအရွယ် ရော်ဘာပင် ၁၀၀၊ သီဟိုသုံးနှစ်သား ၁၅၀ နှင့် (ရခိုင်ငှက်ပျော)ငှက်ပျောပင် ၃၀၀ ခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း မောတောင်နယ်မြေ မီးသတ်စခန်း တာဝန်ခံ ဦးစည်သူက ပြောသည်။ “မီးက လျှိုကြီးထဲမှာ။ ကားလည်း ဝင်လို့ မရဘူး။ လူသွားလမ်းလည်း မရှိဘူး”ဟု နယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးစည်သူက ပြောသည်။ အဆိုပါ တောမီးမှာ မွန်းတည့်ဆယ့်နှစ်နာရီကျော်မှ စတင်လောင် ကျွမ်းခဲ့ရာ […]

တိုင်းအစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ထားမည်

diz_admin

February 17, 2020

သတင်းမီဒီယာသမားများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရန် တိုင်းအစိုးရ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦး ခန့်အပ်မည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ ယင်းသည် တနင်္သာရီတိုင်း၏ ပထမဆုံးသော တိုင်းအစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဖြစ်လာမည် ဖြစ်သည်။ “ထားဖို့တော့ ဆုံးဖြတ်ပြီးပြီ။ စာထွက်မယ်။ ဖြစ်နိုင်ချေရှိသူကတော့ အစိုးရအဖွဲ့ ဝန်ကြီးထဲကပါပဲ”ဟု ဦးမြင့်မောင်က ပြောသည်။ ယခင်က ပြန်ကြားရေးတာဝန်ခံ သီးခြားခန့်ထားခြင်းမရှိဘဲ တိုင်းအစိုးရ အဖွဲ့မှ သတင်းများထုတ်ပြန်ရာတွင် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများက အလျဉ်းသင့်သလို ထုတ်ပြန်လေ့ရှိသည်။ တိုင်းအစိုးရအဖွဲ့၏ လုပ်ဆောင်မှုနှင့် ကြေညာချက်အချို့ကို Tanintharyi Region ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လေ့ရှိပြီး တိုင်းအစိုးရ ဝက်ဘ်ဆိုက်စာမျက်နှာရှိသော်လည်း အသက် မဝင်လှပေ။ Dawei Watch

မိုးရာသီအတွင်း ပျက်စီးလမ်းများအတွက် သန်းတစ်ထောင်ကျော် ရရှိထား

diz_admin

February 17, 2020

မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် တိုင်းအတွင်းရှိ လမ်းများပြုပြင်ရန် ဘဏ္ဍာ ငွေကျပ်သန်းတစ်ထောင်ကျော် ရရှိထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။ ယမန်နှစ် မိုးရာသီက မိုးသည်းထန် စွာရွာသွန်းပြီး မြေပြိုမှုများကြောင့် ပြည် ထောင်စုလမ်းမပေါ် ပျက်စီးဆုံးရှုံးမှုများကို အပြီးသတ် ပြုပြင်နိုင်ရန် လမ်းဦးစီး ဌာနရုံးချုပ် (ဆောက်လုပ်ရေးဝန်ကြီး ဌာန)ထံ ငွေကျပ် ၄ ဒသမ ၈ ဘီလီယံ တောင်းခံထားကြောင်း အထက်ပါဌာန ထံမှ သိရသည်။ တောင်းခံထားသည့် ငွေကြေး အနက်မှ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် လုပ်ငန်း ၅ ခုအတွက် ငွေကျပ် ၁၀၃၂.၅ သန်းကို ချထားပေးခဲ့ကြောင်း ယင်းဌာန စာရင်းအရ သိရသည်။ အဆိုပါ ငွေများအနက် မလွှဲတောင် လမ်းပိုင်းအတွက် […]

ရွှေ၊ သတ္တု ခိုးတူးသူတွေကို ဝင်ဖမ်း၊ လူမမိ

diz_admin

February 17, 2020

ကလိန်အောင်မြိုနယ်ခွဲ ဇင်းဘာရွာအနီး ဇင်းဘာချောင်း၏ ချောင်းလက် တက်များတွင် တရားမဝင်ရွှေတူးသူများနှင့် ပုလောမြို့နယ် ပုဒေါရွာအနီး တရားမဝင် သတ္တုခိုးတူးသူများကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ဇန်နဝါရီ ၁၇ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သတ္တုတူးသည့် ဆက်စပ်ပစ္စည်းများသာ သိမ်းဆည်းနိုင်ခဲ့ပြီး လူတစ်ဦးမျှ ဖမ်းမမိဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ “ရွှေကျင်ဖောင်တွေ တွေ့တယ်။ ဘက်ဟိုးတွေ တွေ့တယ်။ လူတွေကတော့ ပြေးကုန်တာပေါ့”ဟု ၎င်းက ဆိုသည်။ ၎င်းဆက်စပ်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး လူနေတဲများကို ဖျက်ဆီးခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ဇင်းဘာတွင် ဝင်ဖမ်းသည်မှာ ရွာသား တို့က ဓာတ်ပုံအထောက်အထားနှင့်တကွ ဝန်ကြီးချုပ်ထံ လိပ်မူတိုင်ကြားမှုအရဖြစ်ပြီး ပုဒေါတွင် ဝင်ဖမ်းသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သတင်းပို့မှုကြောင့်ဖြစ်ကြောင်း ဗိုလ်မှူး […]