မြိတ်တွင် ရေသတ္တဝါ မွေးမြူရေး သင်တန်းပေး
diz_admin
March 4, 2020မြိတ်တွင် ဘာသာရပ်လေးခုပါဝင် သည့် ရေသတ္တဝါ မွေးမြူရေး သင်တန်း တစ်ခုကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAqP ခေါင်းစဉ်ဖြင့် ဖေဖော် ဝါရီ ၂၅ ရက်မှစတင်ပြီး သင်တန်းပေးခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်တာ သင်တန်းပြုလုပ်ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးသံချောင်းက ပြောသည်။ တိုင်းအတွင်းရှိ ရေထွက်ပစ္စည်း မွေးမြူရေးလုပ်ငန်းများအတွက် ပြုလုပ် ပေးသည့်သင်တန်းဖြစ်ပြီး အစားအစာ ဘေးဥပါဒ်ကင်းစင် လုံခြုံရေး၊ တိရစ္ဆာန်များ ကောင်းစွာရှင်သန်ရေး၊ သဘာ၀ ပတ်ဝန်းကျင် မထိခိုက်အောင် စောင့်ရှောက်ရေး၊ လူမှုစီးပွားဘ၀ ပြည့်စုံဖူလုံရေး စသည့် ဘာသာရပ်များကို သင်ကြားပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေချိုငါးမွေးမြူရေး သုတေသနနှင့် […]


