ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကလွင်ကျေးရွာရေတားတမံ မိုးရာသီကုန်လျှင် စလုပ်မည်

diz_admin

May 19, 2020

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စုအတွင်းရှိ ပင်လယ်ရေငန်တားတမံအား ယခုနှစ်မိုးရာသီကုန်လျှင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြောကြားသည်။ ရေငန်တားတမံ (ပင်လယ်ဝတာတမံ ဟောင်း) အပါအဝင် အပိုင်းသုံးပိုင်းခွဲကာ ပြုလုပ်သွားရန်လာမည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ငွေကျပ်သန်း ၁၇၀ တောင်းခံထားသည်ဟု ၎င်းက ဆိုသည်။ အပိုင်းသုံးပိုင်းတွင် ပတ္တာတည်ဆောက်ခြင်း၊ ရေတံခါးတည်ဆောက်ခြင်းနှင့် လှိုင်းကာကျောက်တန်းတည်ဆောက်ခြင်းစသည့် လုပ်ငန်းများပါဝင်မည်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။“လာမဲ့မိုးရာသီ ကုန်ဆုံးချိန်ကစပြီး လုပ်မယ်။ တတ်နိုင်သမျှစောနိုင်သမျှ စောပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဦးကျော်သူက ပြောသည်။ ကလွင်ကျေးရွာအုပ်စု၊ ကလွင်မော်အရပ်တွင် ပြီးခဲ့သည့်နှစ်ကစပြီး တာတမံကျိုးကျမှုကြောင့် လယ်ဧကတစ်ရာကျော်ရှိ စပါးများဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်တွင် တာတမံတစ်စတစ်စ ကျိုးပေါက်လာမှုကြောင့် လယ်ဧကသုံးရာကျော် ရေလွှမ်းခံနေရသည်။ ယင်းအပြင် တာတမံအနီးအိမ်ခြေတစ်ရာကျော်နှင့် လူဦးရေလေးရာကျော် နေထိုင်သည့် ကျေးရွာမှာ တာတမံကျိုးကျမှုကြောင့် ယခုနှစ်မိုးရာသီတွင်ရေလွှမ်းမည်ကို ရွာသားများက စိုးရိမ်လျက် […]

ကျူ ဝင်နေသူများကို အကဖြင့် ဖျော်ဖြေမည်

diz_admin

May 19, 2020

ထားဝယ်မြို့ပေါ်တွင် ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့် စခန်းဝင်နေသူများကို မြူးကြွသည့် တေးသီချင်းဖြင့်သီဆိုကာ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးဖြစ်သော Physical Fitness Dance ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ယင်းအစီအစဉ်ကို ထားဝယ်မြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် တစ်လတာ အလှည့်ကျစနစ်ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။ “ဒီအထဲမှာ ၂၁ ရက်လုံး နေနေတဲ့သူတွေဆိုတော့ သူတို့ရဲ့ စိတ်ပျော်ရွင်မှုအတွက် ကိုယ်လက်လှုပ်ရှားမှုဖြစ်အောင်ဆိုပြီးတော့ လိုက်လုပ်ပေးတာ။ စိတ်လက်ပျော်ရွှင်ပြီး ခန္ဓာကိုယ် လန်းလန်းဆန်းဆန်းဖြစ်အောင် လုပ်ပေးတဲ့သဘောပေါ့” ဟု ဦးမောင်မောင်မြင့်က ပြောသည်။ မေလ ၁၃ ရက်က ထားဝယ်တက္ကသိုလ်တွင် အသွားအလာကန့်သတ်ထားသူများကို ဖျော်ဖြေခဲ့ပြီး မေလ ၁၄ ရက်တွင် သီတဂူဆေးရုံတွင်ဖျော်ဖြေခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ အသွားအလာကန့်သတ် […]

ထားဝယ်မြို့သစ် စီမံကိန်းမြေသိမ်းဆည်းခံ စာရင်းမဝင်သူများကို စတင် စိစစ်

diz_admin

May 19, 2020

ထားဝယ်မြို့သစ်စီမံကိန်းအတွက် မြေသိမ်းဆည်းခံခဲ့ရသော်လည်း တိုင်းအစိုးရစာရင်းတွင် မပါဝင်သူ ၃၀ ဦးကို မေလဒုတိယအပတ်မှစပြီး စတင်စိစစ်နေကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေနှင့် အခြာမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီထံမှ သိရသည်။ ထားဝယ်မြို့သစ်စီမံကိန်းအတွက် မြေသိမ်းဆည်းခံရသူ စုစုပေါင်း ခုနစ်ဆယ်ရှိသော်လည်း အစိုးရ၏ အသိအမှတ်ပြုခြင်းမခံရသူ သုံးဆယ်ဦးကျန်နေကြောင်း ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။ အဆိုပါ သုံးဆယ်ဦးသည် အမှန်တကယ် မြေသိမ်းဆည်ခံခဲ့ရခြင်း ရှိ/မရှိ၊ လျော်ကြေးရရှိခဲ့ခြင်း ရှိ/မရှိ တို့ကို ထွက်ချက်ယူခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ပြောသည်။ “သူတို့ရဲ့ထွက်ချက်ကိုယူပြီး ခရိုင်ကို ဆက်တင်ပေးရမှာပေါ့။ နောက်ဆုံးဖြတ်ချက်ကတော့ တိုင်းမြေစစ်က ဆုံးဖြတ်မှာပေါ့။ တကယ် အသိမ်းခံရတယ်ဆိုတာလည်း မှန်တယ်၊ လျော်ကြေးလည်း မရဘူးဆိုရင်တော့ ရမှာပေါ့လေ” ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။ မြေသိမ်းခံခဲ့ရသည်ဟုဆိုသူများသည် ယင်းကိစ္စအတွက် […]

၁၄ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်သူကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ် အမိန့်ချ

diz_admin

May 19, 2020

ထားဝယ်မြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်ခဲ့သည့် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။ ယမန်နှစ် ဇူလိုင်လတွင် မုဒိမ်းမှု၊ လူခိုးမှုဖြင့် စတင်တရားစွဲဆိုခဲ့သည့် ယင်းအမှုတွင် တရားခံဖြစ်သူ ဦးထွန်းမင်းကို ယခုနှစ် မေလ ၁၅ ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်သည်။ ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်တွင် ဇွန်လ ၁၅ ရက်က အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးကို အထက်ပါအမျိုးသားက မိန်းကလေးငယ်နေထိုင်သည့် အိမ်အောက်တွင် မုဒိမ်းကျင့်ခဲ့သည့်အမှု ဖြစ်သည်။ အဆိုပါအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု) ပထမအပိုဒ်အရ ထောင်ဒဏ် ၂၀ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် […]

မွန်ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း

diz_admin

May 19, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း၈၀ ရာခိုင်နှုန်း ခန့်ရပ်ဆိုင်းထားရကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ထံမှ သိရသည်။ မွန်ပြည်နယ်မှ ထွက်ရှိသည့်ငါးများကို တရုတ်ဈေးကွက်သို့ ၈၀ရာခိုင်နှုန်းကျော်တင်ပို့ရောင်းချနေပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံက ငါးအဝယ်လျော့ကျသွားခဲ့သည်။ “တရုတ်ပြည်နယ်အနေနဲ့က အရင်တုန်းကငါးတွေကို ဈေးကောင်းပေးဝယ်ခဲ့တာမှန်ပေမယ့် အခုလိုအချိန်မျိုးမှာ ဈေးသက်သာတဲ့နေ့စဉ်စားသုံးတဲ့ ငါးမျိုးဝယ်တာမျိုးတွေဖြစ်သွားတော့ လုပ်ငန်းတွေအတော်များများဟာ ရပ်ဆိုင်းသွားရတယ်” ဟု မွန်ပြည်နယ်ငါးလုပ်ငန်း အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးအောင်သက်ဌေးက ပြောသည်။ လက်ရှိအနေအထားအရ မွန်ပြည်နယ်မှငါးတန်ချိန် ရာနှင့်ချီပြီးအအေးခန်းနှင့် ကွန်တိန်နာပေါ်တွင်ပိတ်မိနေကြောင်း ဦးအောင်သက်ဌေးက ဆက်ပြောသည်။ ပြည်နယ်အတွင်းမှထွက်သည့် ငါးများပြည်ပသို့တင်ပို့ ရောင်းချနိုင်ခြင်းမရှိသည့်အတွက် ငါးဈေးနှုန်းလည်း ထက်ဝက်ခန့်ကျဆင်းသွားသည်ဟု ငါးလုပ်ငန်းရှင်တို့က ပြောသည်။ လတ်တလောဖြစ်ပွားနေသည့် ကူးစက်ရောဂါကြောင့် အလှူအတန်းများ၊ ပွဲလမ်းသဘင်များ ကျင်းပခွင့်မရှိတော့အတွက်ကြောင့် ပြည်တွင်းငါးဈေးကွက်တွင်လည်း ငါးအရောင်းအဝယ်ကျဆင်းသွားကြောင်း မော်လမြိုင်အခြေစိုက် ငါးဒိုင်တို့ထံမှသိရသည်။ တရုတ်နိုင်ငံအနေဖြင့် မွန်ပြည်နယ်မှထွက်ရှိသည့် ငါးတန်ချိန်ထောင်ချီ နှစ်စဉ်နှစ်တိုင်း ဝယ်ယူလေ့ရှိပြီး ငါးသလောက်၊ […]

မွန် ရေရှားပါးမှု ပြဿနာ ပိုဆိုးလာ

diz_admin

May 19, 2020

မွန်ပြည်နယ်အတွင်း ရေရှားပါးမှု ဖြစ်ပွားနေသည့်အနေအထားသည် မေလပထမအတွင်း အခြေအနေပိုဆိုးလာကြောင်း ရေလိုက်လံဖြန့်ဝေပေးလှူနေသူတို့နှင့် ဒေသခံတို့ထံမှ သိရသည်။ မွန်ပြည်နယ်အတွင်း၌ မတ်လဆန်းမှစကာ ရေရှားပါးမှု စတင်ကြုံတွေ့လာခဲ့ရပြီး မေလ ပထမအပတ်အတွင်းတွင် ရေအဓိကရယူနေရသည့် အဝီစိတွင်း၊ ဆည်တို့တွင်လည်း ရေခန်းခြောက်ကုန်သည်အထိ ရေခက်ခဲမှုရှိလာသည်ဟု ရေလိုက်လံဖြန့်ဝေပေးလှူနေသူတို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က ရေယူနေသည့်ကန်တွင် ယခုနှစ်ရေခန်းသွားပြီး ယမန်နှစ်က ရေမရှားသည့် ရပ်ကွက် ရေရှားလာကြောင်း ဘိုဘိုဝင်းလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။ “တော်တော်လေးကို အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရတယ်” ဟု ကိုဘိုဘိုဝင်းက ပြောသည်။မော်လမြိုင်မြို့တွင် မြို့ပေါ်ရပ်ကွက် အားလုံးရေရှားနေကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်စလုံးရှိ ရပ်ကွက်ကျေးရွာအများစုတွင် ရေရှားနေပြီး မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်မြို့နယ်တို့တွင် ရေရှားပါးမှု ဆိုးဆိုးဝါးဝါးကြုံနေကြောင်း […]

မွန်တွင် လူစုလူဝေးလုပ်သူကို ထောင်ဒဏ် ၉ လထိ ပြစ်ဒဏ်ချမှတ်

diz_admin

May 19, 2020

လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို ထောင်ဒဏ် ၉ လ ကျခံစေရန် ကျိုက်မရောမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်က တရားစွဲဆိုခဲ့ပြီး မေလ ၁၂ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ ဖောက်ဖျက်လျှင် ပုံမှန်အားဖြင့်ချက်ချင်း ပြစ်ဒဏ်ချမှတ် အရေးယူလေ့ရှိသော်လည်း ယခုဖြစ်စဉ်တွင်ဦးဇော်မင်းက ရှေ့နေငှားပြီးအမှုရင်ဆိုင်ခဲ့သည့်အတွက် တစ်လကျော်ကြာဖြစ်သွားသည်ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။ “အဲဒါကြောင့် (အမှုက) ကြာသွားတာ သက်သေတွေလည်း များတယ်” ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က ပြောသည်။ […]

တပ်မဲရုံ လျော့ အရပ်သား မဲရုံ တိုး

diz_admin

May 19, 2020

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် တပ်မဲရုံ လျော့နည်းသွားပြီး အရပ်သားမဲရုံ ထပ်တိုးလာကြောင်း တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ တိုင်းအတွင်းလျာထားသည့် မဲရုံစုစုပေါင်း တစ်ထောင်ကျော် (၁၁၂၁)ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲထက် အရပ်သားမဲရုံ ၅၀ ရုံခန့်တိုးလာကာ တပ်မဲရုံမှာ ၂၀ ဝန်းကျင်ခန့် လျော့နည်းလျာထားကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက ပြောသည်။ တိုင်းအတွင်း မဲဆန္ဒရှင်ဦးရေ တိုးလာခြင်း၊ လူများသည့် မဲရုံအချို့ကို နှစ်ခုခွဲလိုက်ခြင်းကြောင့် အရပ်သားမဲရုံများတိုးလာခြင်းဖြစ်ပြီး တပ်မဲရုံလျော့ကျလာခြင်းမှာ အရပ်သားမဲရုံအချို့နှင့် တပ်မဲရုံအချို့ကို ပေါင်းလိုက်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “တပ်မဲရုံတွေကတော့ တပ်အဝန်းအဝိုင်းထဲမှာ ရှိမှာမဟုတ်ဘူး။ တပ်ဧရိယာပြင်ပမှာပဲ ရှိမယ်။ တပ်ဧရိယာပြင်ပမှာမှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်နေတဲ့ နေရာမျိုးဆိုရင်တော့ အများပြည်သူ […]