ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တိုင်းလွှတ်တော်တွင် ကိုဗစ်အကြောင်း လုံးဝမပြော

diz_admin

May 25, 2020

ကိုဗစ်ကပ်ရောဂါအကြားတွင် ကျင်းပနေသည့် တိုင်းလွှတ်တော်အစည်းအဝေး လေးရက်စလုံးတွင် ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်ပြီး တိုင်းအစိုးရက ကိုင်တွယ်ဖြေရှင်းနေသည့်ကိစ္စအကြောင်းကို ဆွေးနွေးပြောဆိုခြင်း မရှိပေ။ မြေပြင်တွင်မူ တိုင်းအစိုးရ၏ ကိုဗစ်ကပ်ရောဂါကိုင်တွယ် လုပ်ဆောင်ပုံကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသည်။ လက်ရှိတွင် တိုင်းအစိုးရသည် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနေဆဲအခြေအနေသာဖြစ်သောကြောင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ မေးခွန်းထုတ်ရန်မဖြစ်နိုင်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ လွှတ်တော်အနေဖြင့် အစိုးရထံ ကိုဗစ်ကပ်ရောဂါကိစ္စနှင့်ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ကို ပို့ထားပြီးဖြစ်ကာ နှစ်ဘက်ဆွေးနွေးလုပ်ဆောင်နေကြောင်း ဦးခင်မောင်အေးက ပြောသည်။ “လုပ်နေဆဲကာလ ဖြစ်တယ်။ လုပ်လည်း လုပ်ထားတာကို သိထားပြီး ဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်မှာ မေးခွန်းမေးလို့ မရဘူး။ လွှတ်တော် ဥပဒေအရ။ အဲဒါကြောင့် လွှတ်တော်မှာတော့ မေးခွန်း မမေးတော့ဘူး” ဟု ဦးခင်မောင်အေးက ပြောသည်။ ကိုဗစ်ကြားက တိုင်းလွှတ်တော် တိုင်းလွှတ်တော်အစည်းအဝေးကို […]

လွှတ်တော်တွင် ကတိကဝတ် သက်ရောက်ပြီး တိုင်းအစိုးရက မလုပ်သေးသည့်လုပ်ငန်း သုံးဆယ်ကျော် ရှိ

diz_admin

May 25, 2020

တိုင်းလွှတ်တော်တွင် ကတိကဝတ်သက်ရောက်ခဲ့သည့် အဆိုနှင့် မေးခွန်းများအနက် ၃၃ ခုကို လက်ရှိအချိန်အထိ တိုင်းအစိုးရက ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း တိုင်းလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်သွင်းသည့်အစီရင်ခံစာအရ သိရသည်။ ဒုတိယအကြိမ် တိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ လေးနှစ်ကျော်အတွင်း ကတိကဝတ်သက်ရောက်သည့် မေးခွန်းနှင့်အဆို ၂၂၈ ခု ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအနက် တိုင်းအစိုးက အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် လုပ်ငန်း ၃၃ ခုရှိပြီး ဆောင်ရွက်ဆဲ ၁၁၄ ခုနှင့် ဆောင်ရွက်ပြီး လုပ်ငန်း ၈၁ ခုရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၆ ခုနှစ်က […]

စောင့်ကြည့်စခန်းပို့နေသည့်ကိစ္စ ညွှန်ကြားချက်လိုက်နာရန် တိုင်းအစိုးရ မေတ္တာရပ်ခံ

diz_admin

May 25, 2020

အခြားတိုင်းနှင့်ပြည်နယ်မှ လာရောက်သူများကို စောင့်ကြည့်စခန်းသို့ ပို့ဆောင်နေသည့်ကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားချက်အတိုင်းလိုက်နာကြရန် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူက မေတ္တာရပ်ခံလိုက်သည်။ အခြားတိုင်း/ ပြည်နယ်ရှိ ကိုရိုနာရောဂါပိုးမတွေ့သေးသည့်မြို့နယ်မှ လာရောက်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ပါရမည်ဖြစ်ကြောင်း တိုင်းအစိုးရက မေလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်နှင့် ကျန်းမာရေး ထောက်ခံချက်ပါရမည်ဟု ဖော်ပြသည်။ ထို့နောက်တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးကာ လိုအပ်မှသာ စောင့်ကြည့်စခန်းတွင် နေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် ထားဝယ်ခရိုင်ရှိ ရပ်ကျေးအချို့နှင့် ထားဝယ်လေယာဉ်ကွင်းတို့တွင်မူ ရန်ကုန်တိုင်းသို့ အခြားတိုင်းနှင့် ပြည်နယ်မှလာရောက်ပါက မည်သည့်မြို့နယ်ဖြစ်စေ စောင့်ကြည့်စခန်းတွင်နေရမည်ဟုဆိုကာ စခန်းသို့ပို့ဆောင် နေသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကျေးတာဝန်ရှိသူများက စေတနာလွန်ကဲကာ အစိုးရလမ်းညွှန်ချက်နှင့် မကိုက်ညီဘဲ လုပ်ဆောင်နေသည့် အနေအထားဖြစ်သွားသည်ကိုတွေ့ရကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ […]

ကမ်းဝေးလှေများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင်ရပ်နားက စောင့်ကြည့်စခန်းဝင်ရန် မလို

diz_admin

May 25, 2020

ကမ်းဝေးငါးဖမ်းလှေလုပ်ကိုင်နေသည့် ရေလုပ်သားများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင် ရပ်နားကာလုပ်ငန်းခွင်သိမ်းပြီး နေရပ်ပြန်လာပါက စောင့်ကြည့်စခန်းတွင် နေထိုင်ရန်မလိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ လက်ရှိတွင် ငါးဖမ်းရာသီကုန်ဆုံးတော့မည်ဖြစ်သဖြင့် ကမ်းဝေးငါးဖမ်းလှေများက ၎င်းတို့အခြေစိုက်ရာမြို့တွင် လှေရပ်နားကာ လုပ်ငန်းခွင်သိမ်းကြတော့မည် ဖြစ်သည်။ဝါးတန်းလှေဟုခေါ်သည့် ဝိုင်းကြီးချုပ်လှေအများစုက ရန်ကုန်မြို့တွင်အခြေစိုက်ပြီး ၎င်းတို့လည်း လုပ်ငန်းခွင်သိမ်းရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ဥပမာ ရန်ကုန်တိုင်းအတွင်းရှိ ကြည့်မြင်တိုင်မြို့နယ်တွင် လှေရပ်နားပြီး လုပ်ငန်းခွင်သိမ်းပါက ယင်းရေလုပ်သားများ နေရပ်ပြန်ချိန်တွင် စောင့်ကြည့်စခန်းတွင် နေရန်မလိုအပ်ပေ။ သို့ရာတွင် ငါးဖမ်းလှေရပ်နားသည့် မြို့နယ်ရှိသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ယူရန်လိုအပ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ အဆိုပါ ငါးဖမ်းလှေများလုပ်ငန်းခွင်နားရန် တနင်္သာရီတိုင်းအတွင်းရပ်နားပါက ယင်းလှေပေါ်ရှိရေလုပ်သားများ စောင့်ကြည့်စခန်းတွင် နေရန်မလိုအပ်ကြောင်း ဦးကျော်မင်းက ဆိုသည်။ ရေယာဉ်မှတ်ပုံတင်ရရှိပါက ကမ်းနီးငါးဖမ်းလိုင်စင် ထုတ်ပေးမည် ရောဂါဖြစ်ပွားနေသည့်ဒေသတွင် လှေရပ်နားပြီး လုပ်ငန်းခွင်သိမ်းသည့် […]

မိုးစပါးချေးငွေ လူခွဲထုတ်ချေးနေရသဖြင့် ကြန့်ကြာနိုင်

diz_admin

May 25, 2020

နှစ်စဉ်ထုတ်ချေးပေးနေသည့် မိုးစပါးချေးငွေများအား ယခုနှစ်တွင် ကိုဗစ်ကြောင့်လူစုခွဲကာ ထုတ်ချေးပေးနေရသည်။ ယင်းကြောင့် အချိန်ကြန့်ကြာနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။ မြိတ်ခရိုင်အတွင်း မိုးစပါးချေးငွေများအား မေလ ၂၁ ရက်မှစကာ ထုတ်ချေးပေးနေပြီး တစ်နေ့လျှင် တောင်သူဦးရေ တစ်ရာသာအကန့်အသတ်ဖြင့် ထုတ်ချေးပေးနေရကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးသန်းစိုးက ပြောသည်။ “လူသုံးရာလောက်ရှိတဲ့ရွာ အရင်ကတစ်ရက်တည်း ထုတ်ချေးနေရာက အခုဆိုသုံးရက်လောက် လူစုခွဲပြီး ထုတ်ချေးနေရတယ်။ ဒါကြောင့် နည်းနည်းလေး ပိုပြီးကြန့်ကြာသွားမယ့် သဘောရှိတယ်” ဟု ၎င်းက ပြောသည်။ ထုတ်ချေးရာတွင်လည်း တောင်သူတစ်ရာလျှင် နံနက်နှင့် ညနေ နှစ်သုတ်ခွဲကာ ထုတ်ချေးပေးနေရကြောင်း သိရသည်။ ယခင်က မိုးစပါးချေးငွေကို ရုံးတွင်ထုတ်ပေးခဲ့သော်လည်း ကိုဗစ်ကြောင့် ယခုနှစ်တွင် ကျယ်ဝန်းသည့် ဘုန်းတော်ကြီးကျောင်းများတွင် ပြုလုပ်နေရသည်။ မြိတ်ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ […]

ပြဒါးပါ တားမြစ်အလှကုန် ရေဖြူဈေးကွက်တွင် တွေ့ရှိ

diz_admin

May 25, 2020

ပြဒါးပါဝင်သဖြင့် တားမြစ်ထားသည့် အလှကုန်တစ်မျိုးကို ရေဖြူဈေးကွက်တွင် တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ထံမှ သိရသည်။ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် FDA ဌာနနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် အလှကုန်ဘူး ၄ ဘူးကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းကာ ရောင်းချနေသည့်ဆိုင်ရှင်ကို ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း အထက်ပါဌာနမှ သိရသည်။ တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် QIANLI Acarus Removed & Spots Removing Cream အလှကုန်တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်နိုင်သည့် တားမြစ်ဓာတုပစ္စည်းပြဒါးနှင့် Metronidazole ပါဝင်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူးဒေါ်မေသန်းနိုင်က ပြောသည်။ အဆိုပါ အလှကုန်တွင် တားမြစ်ဓာတုပစ္စည်းပါဝင်ကြောင်း ပြီးခဲ့သည့် ၂ နှစ်ကျော်ကတည်းက […]

ရေယာဉ်မှတ်ပုံတင်ရရှိပါက ကမ်းနီးငါးဖမ်းလိုင်စင် ထုတ်ပေးမည်

diz_admin

May 25, 2020

ရေယာဉ်မှတ်ပုံတင် (ခရိုင်ဂရန်) ရရှိပါက တနင်္သာရီတိုင်းအတွင်း ကမ်းနီးငါးဖမ်းလိုင်စင် မရှိသဖြင့် လုပ်ငန်းမစတင်နိုင်သေးသော လုပ်ငန်းရှင်များကို ကမ်းနီးငါးဖမ်းလိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောသည်။ မေလ ၁၉ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် လောင်းလုံးမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးမေးမြန်းသော ကမ်းနီးငါးဖမ်းလိုင်စင်ကို မည်သည့်အချိန်တွင် မည်ကဲ့သို့ထုတ်ပေးမည်ကို သိရှိလိုကြောင်းမေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အလျား ပေလေးဆယ်အောက်၊ စက်အား မြင်းကောင်ရေ ၅၀ အောက်၊ ငါးတန်အောက် အရွယ်အစားရှိသော ကမ်းနီးငါးဖမ်းလှေငယ်များအတွက် ရေယာဉ်မှတ်ပုံတင် (ခရိုင်ဂရန်) အား သက်ဆိုင်ရာခရိုင်ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ဦးမြင့်စန်းက ပြောသည်။ ယင်းမှတ်ပုံတင် ရရှိပြီးသော ကမ်းနီးငါးဖမ်းလှေငယ်များအား ငါးလုပ်ငန်းဦးစီးဌာနမှ ကမ်းနီးငါးဖမ်းလိုင်စင်ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်စန်းက ပြောသည်။ […]

တိုင်းတွင်းယာဉ်လိုင်းများ လူ တစ်ဝက်တင်၊ ဈေးတိုးကောက်စနစ်ဖြင့် ပြေးဆွဲခွင့်ပြု

diz_admin

May 25, 2020

တိုင်းတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်းများကို ခရီးသည်လျှော့တင်ပြီး ဈေးတိုးကောက်သည့်စနစ်ဖြင့် ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနထံမှ သိရသည်။ ယာဉ်တစ်စီးလျှင် ခရီးသည်တစ်ဝက် တင်ဆောင်ခွင့်ရမည်ဖြစ်ပြီး ဈေးနှုန်းမှာ ခရီးအနီး/အဝေးပေါ်မူတည်ပြီး တစ်ဦးလျှင် ကျပ် ၅၀ဝ မှ ကျပ် ၂၅၀ဝ အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ တိုးမြှင့်လိုက်သည့် ဈေးနှုန်းများမှာ သက်ဆိုင်ရာခရိုင် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး၊ လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယကက) အဖွဲ့ဝင်များက အဆိုပြုထားသော ဈေးနှုန်းများဖြစ်ကြောင်း အထက်ပါဌာနတိုင်းဦးစီးမှူး ဒေါ်သက်သက်ဦးက ပြောသည်။ “ခရီးသည်ကတော့ အရင်ဆယ်ယောက်ဆိုရင် ငါးယောက်တင်ရမယ်။ နှုန်းထားကတော့ အများကြီး တက်မသွားပါဘူး။ ယကက တွေက အဆိုပြုထားတဲ့ နှုန်းထားတွေပဲပေါ့” ဟု ၎င်းက ပြောသည်။ ရန်ကုန်-ထားဝယ် တိုင်းပြင်ပ ယာဉ်လိုင်းများကိုမူ မေလကုန်အထိ ပြေးဆွဲခွင့် ပိတ်ထားဆဲဖြစ်သည်။ […]