ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုဗစ်လှိုင်းမိ သမ္ဗန်သမားများ

diz_admin

May 25, 2020

မြိတ်မြို့ ကမ်းနားတစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် သမ္ဗန်အစီးရေ နှစ်ရာနီးပါးခန့်ရှိသည့်အနက် အားလုံးသည်ကိုဗစ်ကြောင့် မကြုံဖူးသည့် အကျပ်အတည်းကာလနှင့် ရင်ဆိုင်စီးချင်းထိုးနေကြရသည်။ တစ်နေ့လျှင် ကျပ်တစ်သောင်းမှ ကျပ်နှစ်သောင်းအထိနေ့စဉ် ဝင်ငွေရှိနေကြသည့် မြိတ်မြို့မှ သမ္ဗန်မောင်းသူများ ယခုအခါဝင်ငွေ သုံးပုံနှစ်ပုံအထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ မြစ်အတွင်းသို့ လာရောက်ဆိုက်ကပ်နေသည့် ငါးဖမ်းလှေများဝင်ရောက်မှု နည်းပါးလာခြင်း၊ မြိတ်တစ်ဖက်ကမ်းရှိ ဘုရားများသို့ ဧည့်သည်များနှင့် ဒေသတွင်း ဘုရားဖူးများ သွားရောက်မှု ယခုအခါမရှိတော့သလောက် နည်းပါးသွားခြင်း၊ အနီးအနားကျွန်းများသို့ လာရောက် လည်ပတ်ကြသူများ မရှိတော့ခြင်း၊ ပထော်နှင့်ပထက်ကျေးရွာနေ ရွာသူ ရွာသားများ သွားလာသူနည်းပါးလာခြင်းတို့ကြောင့် ယင်းတို့တွင် ဝင်ငွေနည်းသွားကာ ရသလောက်ဝင်ငွေဖြင့် စားသောက်နေကြရကြောင်း ၎င်းတို့က ဆိုသည်။ “တစ်နေ့လုံးမောင်းမှ သုံးလေး ထောင်ပဲရတော့တယ်။ အခြေအနေက မိသားစုထမင်းမငတ်အောင် မနည်းရှာ ဖွေနေရတယ်” ဟု သမ္ဗန်မောင်းသက် ဆယ်နှစ်ကျော်ပြီဖြစ်သည့် […]

မြိတ်ဒေသထွက် ငှက်သိုက် ရောင်းအား ထိုးကျ

diz_admin

May 25, 2020

ကိုဗစ်ရောဂါဂယက်ကြောင့် မြိတ်ဒေသတွင် လုပ်ငန်းရှင်အများစု ငှက်သိုက်ရောင်းအား ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြိတ်ငှက်သိုက်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်ပင်ရင်းတွင် ရောင်းအားထက်ဝက်ကျော်ကျသွားသကဲ့သို့ ရန်ကုန်ရှိ ဆိုင်ခွဲတွင်လည်း ထက်ဝက်ကျော်ကျဆင်းခဲ့ရကြောင်း မြိတ်ကမ်းနားလမ်းရှိ သဘာဝငှက်သိုက်လုပ်ငန်းမှ သိရသည်။ ကိုဗစ်ရောဂါဂယက် စတင်မရိုက်ခတ်မီက ငှက်သိုက်ကို ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ကြီးများမှ မှာယူသူ အများအပြားရှိခဲ့သော်လည်း လက်ရှိတွင် ပုံမှန်ရောင်းအား၏ ၃၀ ရာခိုင်နှုန်းသာ ရောင်းချရတော့ကြောင်း မြိတ်မြို့၊ ဗန္ဓုလလမ်းရှိ မီမီ သဘာဝငှက်သိုက် လုပ်ငန်းပိုင်ရှင် ကိုပြည့်ဖြိုးခန့်က ပြောသည်။ “တစ်ကျပ်သား နှစ်ကျပ်သားပဲ ဝယ်ယူသူက များတယ်။ အများကြီး မရောင်းရတော့ဘူး” ဟု ၎င်းက ပြောသည်။ လတ်တလော အခြေအနေအရ ငှက်သိုက်များစားသုံးသူထံ ပို့ဆောင်ရေးခက်ခဲသည့်အတွက် ၇၀ ရာခိုင်နှုန်းခန့် […]

သားရှိနွားမကြီးအား ခိုးယူသတ်စားသူများကို ဖမ်းမိ

diz_admin

May 25, 2020

ရေဖြူမြို့နယ်တွင် သားပေါက်ရှိသည့်နွားမကြီးကို ခိုးယူပြီး သတ်ဖြတ်စားသောက်သူ လေးဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်ပါမြို့နယ် ကျောက်ထောင့်ကျေးရွာ ဥယျာဉ်ခြံအတွင်းရှိ နွားတင်းကုပ်တွင် အသက် ၁ နှစ်အရွယ် နွားသားပေါက်နှင့် မိခင်နွားမကို ချည်နှောင်ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ထိုသို့ချည်ထားစဉ် မေလ ၁၅ ရက်တွင် မိခင်နွားမကြီးမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ နွားမကြီး ပျောက်ဆုံးနေသဖြင့် ပိုင်ရှင်အမျိုးသားက လိုက်လံစုံစမ်းရာ ကျောက်ဝှက်ကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးထံ မေလ ၁၇ ရက်နေ့က နွားမဦးခေါင်းကို အမျိုးသားနှစ်ဦးက လာရောင်းခဲ့သည်ကိုသိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ နွားမဦးခေါင်း လာရောင်းသည့် အဆိုပါအမျိုးသားနှစ်ဦးမှာ ချခတ္တပင်အင်းကျေးရွာနေ အသက် ၂၅ နှစ်နှင့် ၂၇ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့စုံစမ်းသိရသဖြင့် ဆက်လက်စုံစမ်းရာ […]

ဆန်းချီလမ်းဆုံ ဆိုင်ကယ်တိုက်မှု အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေ

diz_admin

May 25, 2020

အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည့် ဆိုင်ကယ်တိုက်မှုတစ်ခု ထားဝယ်မြို့၊ ဆန်းချီလမ်းဆုံအနီး ကမြောကင်းလမ်းတွင် မေလ ၂၁ ရက်ညက ဖြစ်ပွားခဲ့သည်။ တိုက်မိသည့် ဆိုင်ကယ်နှစ်စီးစလုံးမှာ ဆိုးရွားစွာပျက်စီးသွားပြီး မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးလည်း ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။ “နှစ်ယောက်လုံးက အမှန်မှာ ဒီနေရာမှာ တစ်ခါတည်း ပွဲချင်းပြီးနေတာ။ ဒါပေမယ့် တစ်ယောက်က ရုတ်တရက်ကြည့်လိုက်တာ အသက်ရှူနေတဲ့အနေအထားမျိုးတွေ့ရလို့ လိုအပ်တဲ့ဆေးဝါးစောင့်ရှောက်မှုတွေလုပ်ပေးရင်း တစ်ခါတည်းဆေးရုံခေါ်သွားတာ” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။ ကမြောကင်းလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားလေ့ရှိကာ လူသေဆုံးမှုဖြစ်လေ့ ရှိသည့်အတွက် သံဃာတော်များဖြင့် ပရိတ်ရွတ်ဖတ်ခဲ့ဖူးသည်။

ထားဝယ်မြို့ရှောင်လမ်း လာမည့်နှစ် စဖောက်မည်

diz_admin

May 25, 2020

ထားဝယ်မြို့ရှောင်လမ်းတစ်ဝက်ကို လာမည့်ဘဏ္ဍာနှစ်တွင် စဖောက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။ မြို့ရှောင်လမ်းကို ထားဝယ်မြို့အဝင်ဝရှိ Welcome to Dawei ဆိုင်းဘုတ်ရှိရာ သဗြေချောင်းရွာအနီးမှစကာ ပေါက်တိုင်းတံတားအလွန် ထားဝယ်-မြိတ်ကားလမ်းပေါ်သို့ ဖောက်မည်ဖြစ်သည်။ အဆိုပါလမ်းတွင် သဗြေချောင်းရွာအနီးမှ မေတ္တာလမ်းအထိကို တစ်ပိုင်း၊ ယင်းမှ ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတားအလွန်အထိကို တစ်ပိုင်းဟူ၍ လမ်းပိုင်းနှစ်ခု သတ်မှတ်ထားကြောင်း လမ်းဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။ “လာမယ့်နှစ်ဖောက်မယ့်အပိုင်းက မေတ္တာလမ်းဖြတ်မယ့်အပိုင်းနဲ့ ကျောက်ရပ်အကြားပေါ့”ဟု ဦးသက်ဇော်ဝင်းက ပြောသည်။ အဆိုပါလမ်းပိုင်းအတွက် ငွေကျပ်သိန်းပေါင်း သုံးထောင်နှစ်ရာ (၃ ဒဿမ ၂ ဘီလီယံ)ခန့် သုံးစွဲရန်လျာထားကြောင်း ၎င်းက ဆိုသည်။ အဆိုပါလမ်းပိုင်းကို ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာ(AC) ခင်းမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ လက်ရှိတွင် လမ်းဖောက်လုပ်ရန်အတွက် မြေပြင်ကွင်းဆင်းတိုင်းတာရေး […]

ပိတ်ထားသည့် စက်ရုံများ စစ်ဆေးပြီး ပြန်ဖွင့်

diz_admin

May 25, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်ထားရသည့် မွန်ပြည်နယ်အတွင်းရှိ စက်ရုံ အလုပ်များကိုစစ်ဆေးပြီး ပြန်လည်ဖွင့်ခွင့်ပေးနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပြည်နယ်အတွင်း၌ စက်ရုံ အလုပ်ရုံ စုစုပေါင်း ၂၇၂၇ ရုံ ရှိပြီး ယင်းစက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ဖွဲ့စည်းထားသည့် ဌာနပေါင်းစုံပါ စက်ရုံအလုပ်ရုံကြီးကြပ် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိသည်။ လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားသည့် စက်ရုံ အလုပ်ရုံ ၈၈ ရုံကို ပြန်လည်ဖွင့်ခွင့်ပြုပေးထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ “ကျန်တာတွေကတော့ စစ်နေဆဲပဲ စစ်နေတုန်းပဲ။ ဆက်ပြီးတော့ ဖွင့်လှစ်ပေးဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။ ပြန်လည်ဖွင့်ခွင့်ပြုပေးထားသည့် စက်ရုံ အလုပ်ရုံအများစုသည် အဓိကဆေးဝါးလုပ်ငန်းလုပ်သည့်စက်ရုံ၊ ဆန်စက်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံဖြစ်သည်ဟု ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။ […]

မွန်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉၇ ဦးရှိ၊ ၁ ဦး သေဆုံး

diz_admin

May 25, 2020

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၉ ရက်နေ့ထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေသည် လွန်ခဲ့သည့် ၂၀၁၉၊ ၂၀၁၈၊ ၂၀၁၇ ခုနှစ် ကာလတူများနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုနှုန်းနည်းသည်ဟု ပြည်နယ်ဦးစီးမှူးက ပြောသည်။“ပြီးခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ချက်အရပေါ့။ ဒီနှစ်က အနည်းဆုံးဖြစ်တယ်” ဟု ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ ၂၀၁၉ ခုနှစ်ကာလတူတွင် […]

မွန်တွင် မိုးစပါးစိုက်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးမည်

diz_admin

May 25, 2020

မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများအတွက် ယခုနှစ် ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးရန်လျာထားကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၈ ရက်မှစပြီး မြို့နယ်အလိုက် စတင်ထုတ်ချေးနေကြောင်း အထက်ပါဘဏ်မှ သိရသည်။ ချေးငွေ အတိုးနှုန်းကို လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ် ၁၉ ရောဂါ အကျပ်အတည်းကြောင့် တောင်သူများအဆင်ပြေစေရန်ရည်ရွယ်ကာ အတိုးနှုန်းကို ၅ ရာခိုင်နှုန်းသို့ လျှော့ချထားကြောင်း ဦးကျော်စွာလှိုင်က ဆက်ပြောသည်။ ယခင်က ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ရာခိုင်နှုန်း ဖြစ်သည်။ “လယ်သမားအများစုက ဘဏ်ချေးငွေကို အားကိုးကြပါတယ်။ ပေးတာ မများပေမယ့် မြေဩဇာဖိုး ကောက်စိုက်ဖိုးလောက်ကတော့ ကာမိတော့ […]