ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါသွေးလွန်တုပ်ကွေး သံသယရှိပါက နီးစပ်ရာကျေးလက်ကျန်းမာရေးဌာနများတွင် ချက်ချင်းအဖြေထုတ်ပေးနိုင်သည့် ကိရိယာဖြင့်သွားစစ်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရ.ပ.က.န)ထံမှ သိရသည်။ ယခုနှစ်တွင် တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄ ဦးရှိနေပြီဖြစ်ပြီး မိုးဦးရာသီတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူများလာလေ့ရှိသည်။ ထိုကြောင့် သွေးလွန်တုတ်ကွေးရှိ/ မရှိကို နာရီဝက်အတွင်းအဖြေသိနိုင်သည့် စစ်ဆေးရေးကိရိယာများကို ကျေးလက်ကျန်းမာရေးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း (ရပကန) အဖွဲ့ခေါင်းဆောင်ဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန္ဒဝင်းက ဆိုသည်။ ယခင်က သွေးလွန်တုပ်ကွေးသံသယရှိပါက ကျေးလက်ကျန်းမာရေးဌာနများတွင် သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်သာ စစ်ဆေးနေရာမှ ယခုနှစ်မှစတင်ကာ ချက်ချင်းစစ်ဆေးနိုင်မည့် ကိရိယာ (Test Kit) များဖြန့်ဝေထား ကြောင်း ၎င်းက ပြောသည်။ ယမန်နှစ်က ချက်ချင်းစစ်ဆေးနိုင်မည့်ကိရိယာဖြင့် စစ်ဆေးခြင်းကို မြို့နယ်ဆေးရုံများတွင်သာ စစ်ပေးနေရာမှ ယခုနှစ်တွင် ကျေးလက်ကျန်းမာရေးဌာနအဆင့်တွင် စစ်ဆေးပေးနိုင်ရန် […]
မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့်ဝင်ရောက်လာသည့် အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်နေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်စောင့်ကြပ်ထားကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ အဆိုပါ အမျိုးသားသည် မေလ ၁၂ ရက်က တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောသည်။ “ခိုးလမ်းကနေလာတာ။ တရားဝင် စစ်ဆေးမှု မလုပ်နိုင်ဘူး။ ခုတောင် သတင်းအရ စစ်ဆေးလို့ ပေါ်လာတာပါ” ဟု ၎င်းက ပြောသည်။ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့သည် မောတောင်နယ်စပ်ရှိ တရားမဝင်လမ်းကြောင်းမှ နေရပ်သို့ ပြန်လည်ဝင်ရောက်နေကြကြောင်း မောတောင်နယ်စပ်နေသူတချို့မှ သိရသည်။ မြင့်မိုရ်(မြိတ်)
ကော့သောင်းမြို့နယ်တွင် အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကော့သောင်းမြို့နယ်၊ ထုံပရိကျေးရွာအနီးရှိ အထက်ပါ အမျိုးသမီးနေထိုင်သည့်အိမ်ကို မေလ ၁၉ ရက်နေ့က မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ဝင်ရှာစဉ် အသက် ၅၃ နှစ်ရှိ အဆိုပါအိမ်ရှင်အမျိုးသမီးနှင့်အတူ ရွှေပြည်သာရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုအိမ်အားရှာဖွေရာ WY စိတ်ကြွဆေး ၃၁၇၂ ပြားနှင့် ဆေးရှူကိရိယာနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းနောက် အိမ်ရှင်အမျိုးသမီးအားစစ်ဆေးရာ မူးယစ်ဆေးများကို အထက်ပါ အမျိုးသားက ယူလာသည်ဟု ထွက်ဆိုသဖြင့် ယင်းအမျိုးသားကို ဆက်လက်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့စစ်ဆေးရာ မူးယစ်ဆေးများကို အမည်မသိအမျိုးသားတစ်ဦးထံမှ […]